Zawgyi
နေ့သစ်တစ်ခုမှာတော့ရှောင်းကျန့်တစ်ယောက်အစောကြီးထကာရိပေါ်အတွက်မနက်စာပြင်ပေးလို့နေပြီးရိပေါ်သည်လဲမျက်နှာသစ်ရေမိုးချိုးပြီးဖီးလိမ်းကာရှောင်းကျန့်၏မနက်စာကိုစောင့်လို့နေသည်ဒီအကျင့်ကိုရှောင်းကျန့်တစ်ယောက်ကျင့်သားရလို့နေပါပြီရိပေါ်ဟာမနက်စောစောထပြီးသူပြင်ပေးသည့်မနက်စာကိုပဲစားပြီးညစာကိုလဲရှောင်းကျန့်ပြင်ပေးမည်ကိုစောင့်လေ့ရှိသည်တစ်ခါတလေအလုပ်အရမ်းရှုပ်ရင်တော့အပြင်
မှာစားဖြစ်ပေမဲ့မနက်စာကိုတော့ရှောင်းကျန့်ပြင်ပေးသည်ကိုသာစောင့်ဆိုင်းနေဆဲပင်ယနေ့ညဟာရှောင်းကျန့်၏တရားဝင်ပွဲဦးထွက်showပွဲရှိသည်လွန်ခဲ့တဲ့တစ်ရက်နှစ်ရက်လောက်မှာပဲရှောင်းကျန့်ရဲ့သီချင်းများဟာအခွေထွက်ရန်အဆင်သင့်ဖြစ်လို့သွားခဲ့ပြီးအင်တာနက်တွေပေါ်တွင်ပင်videoအတိုလေးများကိုတင်ခဲ့ပွီးပရိသတ်များအကြားရေပန်းစားလို့သွားပြီးသီချင်းအပြည့်အစုံဘယ်သောအခါထွက်မလဲနှင့်သီချင်းခွေကိုဘယ်နေရာများတွင်ဝယ်ယူရနိုင်ကြောင်းကိုမေးမြန်းလာကြပြီးအင်တာနက်ပေါ်တွင်
လဲကြည့်ရှု့သူသိန်းကျော်လို့သွားသည်ဒါကြောင့်ဒီနေ့တစ်နေကုန်သီချင်းများလေ့ကျင့်ခြင်းတွင်သာအလုပ်ရှုပ်နေမှာဖြစ်ပြီးမိတ်ကပ်ဆရာချန်နဲ့ရှောင်ချင်းကလဲဒီညဝတ်မည့်ဝတ်စုံအားပြင်ဆင်လို့နေပြီးပိုင်ရိချန်လဲယနေ့ညအတွက်အလုပ်တွေအရမ်းရှုပ်လို့နေပြီးအဓိကဇာတ်ကောင်ဖြစ်သည့်ရှောင်းကျန့်ကတော့အိမ်တွင်ယောင်္ကျားဖြစ်သူကမနက်စာပြင်ဆင်ပေးလို့နေသည်"ဒီနေ့ကိုယ်အလုပ်တွေပြီးရင်မင်းရဲ့ပွဲကိုလာခဲ့မယ်.. "
"ရပါတယ်..ခများရဲ့အလုပ်ကပိုအရေးကြီးပါတယ် "
"ကိုယ့်အတွက်ကတော့မင်းလောက်ဘယ်အရာကမှအရေးမကြီးဘူးလို့ထင်တယ် "
"ကောင်းပါပြီ...ကျွန်တော့်အစ်ကိုကြီးကရောပြန်ရောက်ပြီလာ "
"မင်းအစ်ကိုကြီးကို..ဟောက်ရွမ်းလေဆိပ်မှာသွားကြိုလိမ့်မယ်မင်း
လေးကဒီမှာပဲနေပြီးလုပ်စရာရှိတာလုပ်ပါ...ပြီးတော့ကိုယ့်ကိုယ်ကို
လဲအရမ်းအပင်ပန်းမခံနဲ့ "