ပါဝင်ပေးသူ၊ ထည့်ဝင်ပေးသူ အားလုံး ဖြစ်လေရာဘဝမှာ ဖြစ်ချင်တဲ့သူနဲ့ ဖြစ်ချင်တိုင်း ဖြစ်နိုင်ကြပါစေ။ (ရိကျန့်အတွဲတော့ မပါပါ 🙂)
စကားလေးနည်းနည်း ပြောဦးမယ်။
အမှန်တိုင်း ပြောရရင် ဒီလောက်ထိ ရမယ် ထင်မထားဘူးရှင်။ အလွန်ဆုံးရ ၅၀၀၀၀ ပေါ့လို့ သတ်မှတ်ထားတာ ၂ သိန်းကျော်သွားတော့ တကယ် Emotional ဖြစ်တဲ့အထိ ဝမ်းသာရပါတယ်။
Starry က လူမုန်းများပါတယ်။ ချစ်အောင် မနေတတ်တဲ့အခါ နာမည်ဖျက်ခံရတာတွေအမျိုးမျိုးနဲ့ ခဏခဏလည်း ရန်ဖြစ်ရတာတွေရှိပါတယ် (ခုတော့ မဖြစ်တော့ဘူး၊ အိုင် လိမ္မာနေပါပြီ 🥲)။ ဒါပေမဲ့ ကိုယ်က ဒီနှစ်ယောက်အပေါ်မှာ လိပ်ပြာလုံတဲ့သူမို့ တခါမှ မှားတယ်မထင်ဘူးရှင်။
ပြောချင်တာက ကျနော်က ခင်တဲ့သူရှားပါတယ်။ စိတ်ရင်းနဲ့ပေါင်းသူ ရှားပါတယ်။ အဲ့တော့ ကျနော်က ကျနော့်စာ ဖတ်သူလက်တဆုပ်စာကို တကယ်တန်ဖိုးထားပါတယ်။ တချို့ဆို မျက်မှန်းတောင် တန်းမိနေတဲ့အထိ။
တခါတလေမှာ ဟိုးအရင်ကတည်းက ဖတ်လာတဲ့လူဟောင်းတွေရဲ့ vote တွေ မြင်ရရင် တကယ်ပြောမပြတတ်အောင် ဝမ်းသာရတယ်။ မိတ်ဆွေဟောင်းကို ပြန်တွေ့ရသလို ခံစားချက်မျိုးလေ။
ဒီလောက် စကားအပြောမတတ်တဲ့ကျနော့်လိုလူရဲ့ စာတွေကို ခုထိ ဖတ်ပေးနေသူတွေကို ကျနော်က တကယ်ကျေးဇူးပါ။ အပြောအဆိုမတတ်တဲ့ ကျနော့်ရဲ့စာတွေကို ဆက်ဖတ်ပေးပါဦး။
စိတ်ဓါတ်ရေးရာ ခက်ခဲနေချိန် အတူရှိနေပေးသူတွေလို သဘောထားတာမို့ မိတ်ဆွေကောင်းတွေလို တန်ဖိုးထားပါတယ်။
ကျန့်ကျန့်ရဲ့ မွေးနေ့မှာ ယုံယုံကြည်ကြည်နဲ့ မထင်မှတ်ထားတဲ့ပမာဏထိ ပါဝင်ပေးသူ၊ ခုထိ Starry ရဲ့စာတွေ ဖတ်နေပေးသူ၊ နာမည်ဖျက်ခံရချိန်တိုင်း အနားမှာရှိနေပေးသူ မိတ်ဆွေကောင်းတွေ အကုန်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံလို့ တောင်းတဲ့ဆုတွေ တကယ်ပဲ ပြည့်ဝကြပါစေ ညီအစ်မတို့ရေ။
🍀🍀🍀🍀🍀
YOU ARE READING
Cotton Thread ||One Shot||
FanfictionLife is like a cotton thread, either you cut it or just sew it. နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါသည်။