Ep-1

940 34 0
                                    

          တိတ်ဆိ‌တ်ပြီး တစ်လောကလုံးအနက်ရောင် ကြီးစိုးနေတဲ့အချိန် ကောင်းကင်ပေါ်မှာ တိမ်တွေကင်းစင်နေကာ လနဲ့ကြယ်တွေ ပြည့်နှက်လို့နေတယ်။

ညဆိုတာ တချို့လူတွေအတွက်တော့ အနားယူချိန် တချို့တွေအတွက်တော့ မိသားစုနဲ့ပျော်စရာအချိန်လေးပေါ့။

ကိုယ့်အတွက်ကတော့ ညဆိုတာ အတွေးတွေက သတ်တဲ့အချိန် ဝမ်းနည်းဖို့ကောင်းတဲ့အချိန် အထီးကျန်တဲ့အချိန်တွေပဲ။

အရောင်စုံတဲ့ ညပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးပြီ။ရှေ့ဆက်ပြီးတော့ရော ဘယ်လိုညမျိုးတွေကို ဖြတ်သန်းရမလဲဆိုတာ မသိဘူး။

ဘဝမှာ နေ့စဉ် ပုံမှန်လုပ်နေကျ အလုပ်တွေ လုပ်ရင်းဘဝဟာ ငြီးငွေ့ဖွယ်ကောင်းလာတယ်။ ဒါပေမဲ့ ဒီလိုနေလို့လဲ နောင်တမရပါဘူး။ဒီလိုဘဝမျိုးနေရဖို့ကို ကိုယ်ကိုယ်တိုင်ရွေးချယ်ခဲ့တာမို့လေ။

Introvert တစ်ယောက်ရဲ့ဘဝက ဘာတွေများ စိတ်လှုပ်ရှားဖွယ်ရှိမှာမို့လဲ။ တစ်ခါတစ်လေကျပြန်တော့လည်း လူတွေနဲ့ နီးနီးကပ်ကပ်‌၊ရင်းရင်းနှီးနှီး နေကြည့်ချင်တယ်။

ပျော်ရွှင်မှု ကိုခံစားရမလားလို့။
ခုနောက်ပိုင်း ပျော်ရွှင်မှုဆိုတာ ဘာမှန်း
မသိတာတောင်ကြာပြီပဲ။ ကိုယ်ဘာလုပ်ရင် ပျော်မှန်းတောင် မသိတော့ဘူး။

ငယ်ငယ်တုန်းကတော့ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်ဆိုပြီး ရှိခဲ့တယ်။ကြီးလာတော့ ဘာကိုမှ စိတ်မဝင်စားတော့ဘူး။

မေမေတို့ကလဲ ဘွဲ့ရရင်ပြီးရောဆိုတော့ သားသမီး ဝတ္တရားအရ ဘွဲ့တစ်ခုရအောင် ယူပေးပြီးတော့ စာအုပ်ဆိုင်ဖွင့်ထားဖြစ်တယ်။၊ဖေဖေကတော့ သူ့companyမှာ ဝင်လုပ်ဖို့ပြောပေမဲ့ စိတ်မဝင်စားဘူးလို့သာ ငြင်းထားတယ်။

29နှစ်အရွယ် မိန်းကလေးတစ်ယောက်အနေနဲ့ ဘာကိုမှစွဲစွဲမြဲမြဲမရှိပေမဲ့ စာဖတ်ရတာကိုတော့ နှစ်သက်မိတယ်။ ခုခေတ်က လိုင်းပေါ်ကနေ ဖတ်လို့ရပေမဲ့ စာအုပ်နဲ့ဖတ်ရတာကို ပိုနှစ်သက်တယ်။ စာအုပ်ကရတဲ့ ရနံ့လေးတွေကြောင့်လဲ ပါမှာပေါ့။

ခုလဲ ကောင်တာမှာထိုင်ပြီး ဖတ်နေဆဲဖြစ်တဲ့
ဆရာမထက်ထက်ထွန်းရဲ့ "စိတ်ရဲ့ငြိမ်သက်ခြင်း" ဆိုတဲ့စာအုပ်‌ကို ဖတ်နေတယ်။
ဒီစာအုပ်ကို တော်တော်လေး နှစ်သက်မိတယ်။ ဒီတစ်ခေါက်နဲ့ဆို လေးခါမြောက်လားပဲ ဖတ်ဖြစ်တာ။

☕☕☕

          ဘဝမှာ ဘာကိုအရေးထားပြီး ဘယ်လိုနေထိုင်ကြမလဲ။ chae အတွက်တော့ လူနာတွေပြီးရင် သီချင်းလေးတွေက အရေးပါဆုံးပဲ။ဘဝမှာ ပထမဆုံး သဘောကျမိတာကတော့ သီချင်းလေးတွေပေါ့။

ဘဝကို ပိုပြီး လှပအောင် ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ သီချင်းမရှိတဲ့ လောကကြီးကိုတော့မတွေးရဲစရာပဲ။ဘယ်လောက်များ ခြောက်ကပ်ပြီး ငြီးငွေ့ဖို့ကောင်းနေလိုက်မလဲ။

နောက်ပြီး chae ငယ်ငယ်တုန်းက နေမကောင်းတဲ့လူတွေ ရောဂါကြောင့် ချူချာနေသူတွေကို ကြည့်ပြီး သနားမိတယ်။ဒါကြောင့်ပဲ ဆရာဝန်လုပ်ဖို့ရွေးချယ်ခဲ့တယ်။

ဒီတော့ chae ဘဝဟာ လူနာတွေနဲ့ သီချင်းလေးတွေကြားမှာ ဟိုပြေးဒီပြေးပေါ့။ဒါပေမဲ့ ဒီဘဝလေးကို မြတ်နိုးမိပါတယ်။ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမိတယ်။ပါးနဲ့မားကတော့ ပိုပြီး ဂုဏ်ယူလို့မဆုံးပေါ့။

ဒီနေ့ night duty မရှိဘူး။ ဒီတော့ အိမ်ပြန်ပြီး သီချင်းအေးအေးလေးနဲ့ အနားယူရမယ်။အိမ်ရောက်တော့ Westlife ရဲ့ my love သီချင်းလေး ဖွင့်လိုက်တယ်။လုပ်စရာရှိတာတွေလုပ်ပြီး သီချင်းကိုပဲ အာရုံစိုက်နားထောင်နေလိုက်တော့တယ်။

ဒီအရွယ်ထိ သီချင်းလေးတွေက အဖော်ပြုပေးလာတာ။ ခုဆို မိဘ ရင်ခွင်က ထွက်လာပြီး တစ်ယောက်တည်းနေလာတာ 3နှစ်ရှိပြီ။
အလုပ်စဆင်းတည်းကဆိုပါတော့။

ခွဲစိတ်ခန်းဝင်တုန်းက missed callဝင်ထားတာကိုပြန်ကြည့်လိုက်တော့ မားဆက်ထားတာပဲ။ အော် နက်ဖန် chae 26နှစ်ပြည့်မွေးနေ့ပဲ ခုမှသတိရတယ်။မားကိုဖုန်းပြန်ဆက်လိုက်တော့ နက်ဖြန် dinner စားဖို့ မားက booking ယူထားတယ်ပြောတယ်။

ဒီတော့ မွေးနေ့ကို မိသားစုနဲ့ ညမှ dinner စားပြီး ဖြတ်သန်းလိုက်တော့မယ်။နေ့ခင်းပိုင်းကိုတော့ Lisa တို့ကို dutyပြီးရင် မုန့်လိုက်ကျွေးလိုက်မယ်။

☕☕☕

6.10.2022
708 words

Her brown eyes Where stories live. Discover now