Ep-11

159 24 0
                                    

Sadness

ရုတ်တရက်နေနေရင်းနဲ့
ဝမ်းနည်းနိုင်သလား
ဝမ်းနည်းမှုကို အလူးအလဲခံစားနေရတယ်။

စိတ်ပျက်မှု၊ အားငယ်မှု၊ အထီးကျန်မှုတွေက
ငါ့ကိုသတ်နေတယ်
ငါက အရမ်းအတ္တကြီးတာပဲ
လူတွေကို ငါ့ရဲ့သန်မာတဲ့ပုံစံကိုပဲ
မြင်စေချင်တယ်

ငါပြိုလဲနေတာကို မမြင်စေချင်ဘူး
တကယ်တမ်းတော့ ငါဟာ
ဘာမှမဟုတ်ပါဘူး
လောကကြီးထဲရှင်သန်ရမှာကို
ကြောက်ရွံ့နေတဲ့
အထီးကျန်လူသားတစ်ယောက်ပါ။

J.K

Chae သူဒီနေ့တင်တဲ့ စာကိုဖတ်ပြီးတော့
Ed Sheeran ရဲ့ supermarket flowers ဆိုတဲ့ သီချင်းလေးထဲက

Dad always told me
Don't you cry when you're down
But Mom There's a tear every time that I blink

ဆိုတဲ့ စာသားလေးကို သတိရမိသွားတယ်
Edက ကွယ်လွန်သွားတဲ့ သူ့ရဲ့အဖွားအတွက် ကြေကွဲလွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားတဲ့ သီချင်းပေါ့။

အဲ့သီချင်းထဲမှာ သူက သူ့အဖွားကို
"You were an angel in the shape of my mum "
ဆိုပြီးတင်စားထားတယ်။
ဒီနေ့အတွက်‌ေတာ့သီချင်းကို supermarket flowers ကိုဖွင့်လိုက်တယ်။
Ed ကတော့ ကွယ်လွန်သွားတဲ့ သူ့အဖွားကိုရည်ရွယ်ပြီး ဆိုထားပေမဲ့
Chae ကတော့ ခုချိန်မှာ ပြိုလဲနေမဲ့ ကောင်မလေးတစ်ယောက်ကို တွေးပြီး နားထောင်နေလိုက်တယ်။

ပြောပါတယ် သူ့လိုအဖိုးတန်တဲ့ အမျိုးသမီးလေးက စိတ်ဒဏ်ရာတွေနဲ့ ဘယ်လိုမှ မအပ်စပ်လှဘူးလို့။

သူ chae့ ကို ရှောင်နေတာ ဟိုနေ့ကတည်းက။
Chae့ကိုတွေ့တိုင်း ထွက်ပြေးနေတဲ့ အမျိုးသမီးလေးကို ပြောချင်ပါဘိ။

သူ့စာတွေက ဘယ်လောက်ထိ ဝမ်းနည်းဖွယ်ကောင်းကြောင်း၊သူ့ကြောင့် သီချင်းလေးတွေကို သတိရနေကြောင်း၊ သူဘယ်လောက်ထိအဖိုးတန်ကြောင်းတွေပေါ့ ။


Jen ဟို doctor ကိုရှောင်နေမိတယ်။ သူနဲ့မ‌တွေ့ချင်ဘူး။ဟင့်အင် မ‌တွေ့နိုင်ဘူး။ Jen လျှို့ဝှက်ချက်ကို သိသွားတဲ့သူနဲ့ ။

Jen စာရေးနေတာတွေသာ ဖေဖေသိသွားရင် ဖေဖေက သူပေးထားတဲ့ကတိကို ပြန်ဖျက်ပြီး Jen့ကို သူ့အလိုကျခြယ်လှယ်တော့မှာ။

Jen ဟိုကုန်းစောင်းကိုမသွားတာ ကြာပြီ။ ဒီနေ့တော့ ရွာသားတွေကိုလည်းဆေးဝေပေးပြီးသွားပြီဆိုတော့ သွားရမယ်။

Jen ရောက်တော့ သူထိုင်နေတာကိုတွေ့တယ်။ Jen လှည့်ပြန်မယ်အလုပ်မှာ သူက Jen့ ဘယ်ဘက်လက်ကောက်ဝတ်ကို လှမ်းကိုင်ပြီး တားလိုက်တယ်။

" ဘာလို့ ရှောင်နေတာလဲ ပြောစမ်းပါအုံး "
သူပြောလာတယ်

Jen သူ့လက်တွေဆီကနေ ရုန်းရင်း

" မရှောင်ပါဘူး ဘာကိစ္စ ရှင့်ကိုရှောင်ရမှာလည်း "

သူဘာမှမပြောဘဲ Jen့ကို သေချာစိုက်ကြည့်ပြီး ဖက်လိုက်တယ်။
Jen ခနကြောင်သွားတယ်။ Jen ရုန်းတော့ သူပြန်လွှတ်ပေးပြီး

" လွမ်းနေခဲ့တာ "

ဟင် သူငိုနေတယ်။
မျက်ရည်တွေ ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ Jen့ကို သေချာစိုက်ကြည့်လာတယ်။

Jen သူ့မျက်ရည်တွေကိုကြည့်ပြီး ဝမ်းနည်းလာသလိုခံစားရတယ်။ ဟင် ငါဘာဖြစ်နေတာလဲ ။
သူငိုနေတာကိုကြည့်ပြီး ဘာလို့ငါက နာကျင်နေရတာလဲ။ဒါဘယ်လိုခံစားချက်ကြီးလဲ။

နောက်တော့ သူအိမ်ပြန်လိုက်ပို့တယ်။
အိမ်နားရောက်တော့ Jenလဲ မဝင်သေးသလို သူလဲမသွားသေးဘူး။

သူ့ဘက်ကနေ

" Jen ဘာလုပ်လုပ် chae အားပေးနေမယ်
အဲ့တာကို သိလား jen က ဘယ်လောက်ထိအဖိုးတန်တဲ့ မိန်းကလေးလဲဆိုတာ "

"Jen ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ Jen လုပ်နေတာတွေကို သတ္တိရှိရှိ ဆက်လုပ်ပါ "

သူ တည်တည်ကြည်ကြည်ပြောပြီး Jen နဖူးကိုနမ်းပြီး သွားခဲ့တယ်။

Jen ကြောင်ပြီးသူ့ကိုကြည့်နေမိတယ်။jen သတိဝင်လာတော့ သူမရှိတော့ဘူး။ ဘာတွေဖြစ်နေတာလဲ။ ခုလေးတင် ဘာတွေ ဖြစ်သွားတာလဲ။

Jen ဘာလို့စိတ်လှုပ်ရှားနေရတာလဲ။

☕☕☕

1.11.2022
651 words

Her brown eyes Where stories live. Discover now