Ep-9

175 24 2
                                    

       
          Jen တို့တွေ တစ်ပတ်‌လောက်နေပြီးရင်
ပြန်ကြတော့မှာမလို့ Jen သိမ်းစရာရှိတာတွေ ကြိုသိမ်းထားလိုက်တယ်။

" Soo လူနာတွေရော အခြေအနေကောင်းရဲ့လား "

" ကောင်းပါတယ် ဒါပေမဲ့ တချို့လူတွေက
ကျန်းမာရေးဗဟုသုတနည်းတော့
နေမကောင်းဖြစ်ရင် ဆေးခန်းမသွားကြဘူး တွေ့ရာဆေးပဲ မှီဝဲနေကြတယ် "

Soo တစ်ယောက် သက်ပြင်းချပြီး

" ဆေးခန်းသွားမဲ့အစား အသေခံလိုက်မယ်ဆိုတဲ့လူတွေက ရှိသေး
ဒီရွာလေးက နည်းနည်းခေါင်တော့ လူတွေက ဖျားနာပြီဆို ဆေးဖက်ဝင်တဲ့အရွက်အဖတ်တွေကိုပဲ အားကိုးတာ များတယ်
ဆေးခန်းတွေကလဲ ရှားတာကို

လမ်းပန်းဆက်သွယ်ရေးကလဲ ခက်ခဲတော့
သူတို့တွေအနေနဲ့ မြို့တက်ပြီး ဆေးခန်းပြဖို့ကျ စရိတ်ကြီးလွန်းတယ်လေ

တချို့ဆို ရောဂါဖြစ်နေတာတောင်
မကုဘဲ သေဖို့စောင့်နေကြတာတွေလဲ
ဒုနဲ့ဒေးပဲ Jen ရေ
Soo ဖြင့် ရင်နာလိုက်တာ "

Soo ပြောမှ  သူတို့ ဘဝတွေကို
စာနာမိသွားပြန်တယ်
Jenတို့ထက်ဆိုးတဲ့ဘဝတွေပေါ့
Jenလဲ စိတ်မကောင်းပေးရုံမှ မတတ်နိုင်ပေမဲ့
ရှိသလောက်လေးတော့ လှူခဲ့လိုက်ပါတယ်

Soo တို့က သူတို့ ဆရာဝန်တွေစုပြီး ပရဟိတကွင်းဆင်းတာတွေ လုပ်လေ့ရှိတယ်
Jenလဲ အား‌ဖြည့်ပေးချင်တာနဲ့ လုပ်အားပေး အဖွဲ့ဝင်ထားလိုက်တယ်။

" Soo ရေ ငါ ကုန်းစောင်းမှာ စာသွားရေးလိုက်အုံးမယ်နော်  "

" အေးပါ ဂရုစိုက်အုံးနော် Jen တစ်ခုခုဆို ဖုန်းဆက်လိုက် ဖုန်းလိုင်းမမိတဲ့နေရာတွေတော့ မသွားနဲ့နော် Jen "

" ဟုတ်ပါပီ မာမီရယ် "

Soo က အဲ့လိုပဲ အမြဲ တဖျစ်တောက်တောက်
မှာနေတာ Jen ဟိုကိစ္စဖြစ်သွားပြီးတည်းကဆိုပါတော့။ အမြဲရွတ်နောက်နောက်
နေတတ်ပေမဲ့ အရမ်းဂရုစိုက်တတ်တဲ့ Soo ။ 

တစ်ခါတစ်လေကျရင်လေ Jen
Soo ကို အားနာမိတယ် အမြဲစိတ်ပူအောင်လုပ်နေမိလို့။ ကျေးဇူးလည်းတင်မိတယ်
အမြဲအနားမှာရှိပေးလို့ ။





ဒီနေ့တော့ chae အရင်ရောက်နေတာ
သူမရောက်သေးဘူး
လာချင်လို့လာတာ မဟုတ်ပါဘူး
လမ်းလျောက်ရင်း ‌ရှုခင်းတွေကြည့်ချင်လို့
ယုံတယ်မလား။

ဟော လာပါပီ စာအုပ်တွေ တစ်ပွေ့ကြီးနဲ့
Chae မသိချင်ယောင်ဆောင်ပြီး သီချင်းနားထောင်နေလိုက်တယ်
သူ့ကို မကျေနပ်သေးဘူး ဟိုတစ်နေ့က
မေးတဲ့မေးခွန်းကို ‌မဖြေသွားဘူး။
Unnie Soo က ဖုန်းဆက်ခေါ်လာလို့ ဆိုပြီး ပြန်သွားတာ။

" ဒီမှာ ဒီမှာ "

သူခေါ်လာတယ်

" Chae " လို့ပြောလိုက်တော့ သူကြောင်ကြည့်နေတယ်

" Chae လို့ နာမည်က ဒီမှာ ဒီမှာ မဟုတ်ဘူး  "

သူမျက်မှောင်ကြီးကြုတ်ပြီး

" ထားပါ ဒီစာအုပ်တွေ ခနကိုင်ပေးလို့ရမလား "

Chae မျက်ခုံးတစ်ဖက်ပင့်ပြလိုက်တော့

သူ သစ်ပင်ပေါ်လက်ညှိုးထိုးပြပြီး

" ဟိုမှာ ကြောင်လေး မဆင်းတက်ဘူး
ဖြစ်နေတာ
သွားချပေးမို့ "

Chae လဲ သူ့စာအုပ်တွေ ကိုင်ပေးလိုက်ပြီး
သူသွားခဲ့တာကို ကြည့်နေလိုက်တယ်
တကယ့်ဟာလေ သူလဲမမှီဘဲ ကြောင်လေးကို ကယ်ချင်သေး ။

Chae သိသားပဲ chae့ ကို 
ကြောင်လေးချပေးလို့ ပြောရင်
သူ့ကို စမှာစိုးတာကို
ဟိုတစ်လောက သူ မမှီမကမ်း ယူနေတဲ့
ဆေးဗူးကို chae ယူပေးပြီး သူ့ကို စကတည်းက Chae့ကို မကျေမနပ်နဲ့
အဲ့ကတည်းက အကူအညီမတောင်းတော့တာ

ခုလဲ ကြည့်အုံး မာနခဲလေး မမှီမကမ်း လှမ်းခေါ်နေတာ ကြောင်လေးကို ။

" ကဲကဲကဲ ဖယ်ပါ မှီတာလဲ မဟုတ်ဘဲ "

" မှီပါတယ် ကြည့်လေ ‌"

တကယ့်ဟာလေး chae ကပဲ
ကြောင်လေးကို ယူပေးပြီး သူ့ကိုပေးလိုက်တော့ တယုတယချီပြီး
မကျေမနပ်နဲ့ကြည့်လာသေး။
ကြောင်တော့ချစ်ရှာသားပဲ။
Chae တော့ ကြောင်ပဲဖြစ်လိုက်ချင်တော့တယ်။

☕☕☕

22.10.2022
661 words

Her brown eyes Where stories live. Discover now