DTH

264 3 0
                                    

အပိုင်း တစ်

သင်တန်းတခုထဲတွင်ဖြစ်သည်။
သက်ဆိုင်ရာဆရာမှ သင်ကြား​သောအရာများကိုပို့ချ​နေစဥ် သင်တန်းတံခါး၀ ပွင့်လာကာ
​ကောင်မ​လေးတ​ယောက် ​​​ခြေဖွပီး၀င်လာသည်။

"ဒုန်း...."

"အ..."

မသိ​အောင်တိုးတိုးတိတ်တိတ် ၀င်လာကာမှ ခုံ​စောင်း
နှင့်တိုက်မိကာ...တခန်းလုံးသိသွားရသည့်အဖြစ်။
​မေချယ် ပြုံးတုံတုံ​လေးလုပ်ကာ အနီးနားရှိ
စားပွဲတွင်သာ ၀င်ထိုင်လိုက်သည်။
ပီးမှ ဘာစာအုပ်ထုတ်ရမှန်းမသိ​သော​ကြောင့်..
​ဘေးကလူကို ​မေးရန်ဟန်ပြင်လိုက်သည်။

​ဘေးကလူကခပ်တည်တည်ကြီးနှင့်သူ့ကိုလဲမကြည့်
စကားစဖို့​​ဝေလာ​ဝေး။
​မေချယ်တိုးတိုး​လေးကပ်ကာ.....

"ဘာစာအုပ်ထုတ်ရမှာလဲဟင်..."

ဟုတိုးတိုး​လေးကပ်​ပြောကြည့်လိုက်သည်။
ထိုလူက မျက်လုံးစိမ်းများနှင့်လှည့်ကာကြည့်လိုက်​သော​ကြောင့် ​မေချယ် လန့်သွားကာ....

"ဟုတ်ကဲ့ရပါတယ်...​"

ဟု​ခေါင်းညိတ်ပြကာ ဆရာ​ပြောသမျှကိုသာအာရုံ
စိုက်လိုက်​လေသည်။
​မေချယ်​ရောက်ပီး ငါးမိနစ် ဆယ်မိနစ်​လောက်​နေ​တော့ သူမ ဘာသင်ကြား​နေရတာဆိုတာကို
​ကောင်း​ကောင်းနားလည်သွား​လေသည်။
သို့နှင့် တနာရီခွဲ​​ကျော်ကြာ​သော သင်တန်းအား
စိတ်ပါဝင်စားစွာ ​လေ့လာသင်ယူ​နေ​တော့သည်။

-----------------------------

​frick ဖရစ် ဒီ​နေ့ အတန်းလာစတက်​သော
​ကောင်မ​လေးအား ကြည့်ကာ ရယ်ချင်​ပေမယ့်
​အောင့်ထားရသည်။
အရပ်ပုပု မျက်မှန်​လေးနှင့် ပုံစံ​လေးက​အူ​ကြောင်​ကြောင်​လေးနှင့်ချစ်ဖို့​ကောင်းသည်ဟု မြင်မိ​လေသည်။
သူမလာထိုင်ပီး ဘာစာကြည့်ရမှန်းမသိပဲ သူ့ကိုလာ​မေးတုန်းကလဲ ပြန်​ဖြေဖို့လှည့်ကြည့်​ပေမယ့်
သူ့ဘာသူ  ...ရပါတယ် ဆိုပီး ပြန်လှည့်သွားတာ​လေးကလဲအူ​ကြောင်​ကြောင် နိုင်ပီး ချစ်ဖို့​​ကောင်းလှ​လေသည်။
ဖရစ် ...​ကောင်မ​လေးအ​ကြောင်း​တွေး​နေစဥ် သူမ အခန်းထဲက ထွက်လာတာကိုလှမ်း မြင်လိုက်သည်။

 Dont Touch HerWhere stories live. Discover now