Ep-13

2.2K 85 0
                                    

နှောင်ကြိုးဖွဲ့ဧည့်သည်

         %~%~Ep-13~%~%

တရုတ်စံတော်ချိန် ည 12နာရီ ကျော်ကျော်၌

"ဒုန်း.!!!...ဒုန်း..!!!....တံခါးဖွင့်ပါ။ အဟင့်.....တံခါးဖွင့်လို့!!ဒုန်း!! ဒုန်း!!ဒုန်း!!!"

ရိပေါ် အိပ်ပျော်နေတုန်း အခန်းတံခါးကို တဒုန်ဒုးန်းထုကာ ဖွင့်ခိုင်းနေသော ကျန့်ရဲ့အသံကိုကြားရသည်။

အိပ်ရာပေါ်က လူးလဲထလို့ တံခါးဖွင့်ပေးလိုက်တော့

"ရိပေါ်......လုပ်ပါအုံး....သမီးလေး....သမီးလေး..ဟင့်"

"ကျန့် သမီးလေးက ဘာဖြစ်လို့လဲ ဟမ်"

"အ...အပူကြီးပြီး...သ..သ"

ငိုရေရင်း ပြတ်တောင်းပြတ်တောင်း ပြောလာတဲ့ စကားလုံးများကြောင့် ရိပေါ် စိုးရိမ်သွားသည်။

ကျန့်ရဲ့ လက်ကိုဆွဲလို့ အပေါ်ထပ်အိပ်ခန်းဆီသို့ ပြေးတက်လာခဲ့တယ်။

ကုတင်ပေါ်ရှိစောင်ပုံထဲ၌

လုံးထွေးကာ ငြိမ်သက်နေသော သမီးလေး ၊

အနားကပ်ကြည့်ကာ ရိပေါ် ဆွေ့ကနဲ ကောက်ပွေ့လိုက်မိသည်။

"ရိပေါ်...မင်းဘာလုပ်တာလဲ။ ငါ့သမီးလေးကို ခုပြန်ချ"

"ကျန့် ...မင်းရူးနေလား။ ကလေးက အပူကြီးပြီး ဒီလောက်သတိလစ်နေတာကို အိမ်မှာထားရင်  သေသွားမှာပေါ့"

"အာ့ဆို ဘယ်ကိုခေါ်သွားမလို့လဲ။ ငါ   ခေါ်မယ် ပေး"

"မရစ်ပါနဲ့ ကျန့်ရာ။ အယ့်လောက် တုန်ရင်ဖြစ်နေတာ ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ....လာမြန်မြန်"

"ဘယ်ကိုလဲ"

"ကျစ် ..ဆေးရုံကိုပေါ့။ ကလေး ဒီလောက်လေးဖြစ်တာတောင် အရူးလိုဖြစ်ပျက်နေတယ်။"

အရူးမီးဝိုင်းဆိုတဲ့စကားလို

ခပ်လွတ်လွတ်ဖြစ်နေသော ကျန့်ကို ထားခဲ့ကာ ကားဆီသို့ ရိပေါ်အမြန်ဆင်းလာခဲ့သည်။

ကားနားရောက်ခါမှ ကျန့်က ပြေးဆင်းလာ၍ သမီးလေးကို ချီကာ ကားထဲဝင်ထိုင်သည်။

"ရိပေါ်...မင်းမောင်း....ငါ မမောင်းနိုင်ဘူး"

"မင်းကိုလဲ ဘယ်သူမှမမောင်းခိုင်းပါဘူး"

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now