Ep-16

2.1K 81 2
                                    

💒နှောင်ကြိုးဖွဲ့ ဧည့်သည်💒

          %~%~🎈Ep-16🎈~%~%

နေ့လည်တုန်းကလဲ သမီးလေးဆီ ပြန်မလာ။

ခုလဲ ညနေ 6နာရီ ထိုးနေပြီ ပြန်မလာသေး။

မျှော်တာမဟုတ်ပေမဲ့ ဧည့်ခန်းထဲ ထိုင်လို့ လည်ဆန့်ကြည့်မိတယ်။

စိတ်ပူတာမဟုတ်ပေမဲ့ အလုပ်အရမ်းများနေလို့လားလို့ တွေးမိတယ်။

ည 7နာရီ  ရှောင်းကျန့်လည်ပင်း အတော်ရှည်နေပြီ။

အရင်ကဆို အိမ်ကိုပင်ပြန်မလာတတ်တဲ့ရိပေါ်က

ခုနောက်ပိုင်း 5 နာရီမကျော်စေရ။

အချိန်မှန်ပြန်လာတတ်သည်လေ။

ဒီနေ့မှ ထူးထူးခြားခြား ပြန်မလာသေးတာ ခုဆိုရင် 8နာရီပင် ထိုးတော့မည်။

ရှောင်းကျန့်စိတ်ပူလွန်းလို့ ရိပေါ်ကို ဖုန်းဆက်ချင်နေပြီ။

ဖုန်းလေး ကောက်ကိုင်လိုက်၊ ပြန်ချထားလိုက်ဖြင့် ဗျာများနေသည်။

နောက်ဆုံး စိတ်ကိုပိုင်းဖြတ်၍ ရိပေါ်ဆီဖုန်းဆက်မည်အလုပ်

ရိပေါ်ဆီမှ ဖုန်းဝင်လာသည်။

"ဟယ်လို....ရိပေါ်"

"ကျန့်......"

ကျန့်ဟု ခေါ်ကာ ဘာမှ ဆက်မပြော၍ ရှောင်းကျန့်က "အင်း"ဟုထောက်ပေးလိုက်သည်။

"ကျန့်....ကိုယ်တို့ကွာရှင်းရအောင်"

အေးစက်တည်ငြိမ်စွာ ဖုန်းဆက်ပြောလာသော ရိပေါ်ကြောင့် ရှောင်းကျန့် ရင်ထဲ ဆို့နင့်စွာ မျက်ရည်များဝဲတက်လာသည်။

သူ့ဘက်က ရိပေါ်စိတ်ဆင်းရဲမှာစိုးလို့ ကွာရှင်းပေးမယ်ဟု အကြိမ်ကြိမ်ပြောခဲ့သော်လဲ

ရိပေါ်ဘက်က အတည်ကြီး ပြောလာတော့

သူ့ရင်ထဲ မချိစွာ။

ထိုခဏတာအဖို့ သူ့ဘက်က ဘာစကားမှ မပြောနိုင်အောင် စွန့်အသွားခဲ့ရသည်။

ရိပေါ်ကလဲ သူ့ဆီက တုန့်ပြန်သံကို နားစွင့်နေဟန် ။ဘာစကားမှ ဆက်ပြောမလာ။

တစ်ဂွမ်ဂွမ်မြည်လာသော အိမ်ဖုန်းသံကြောင့် ရှောင်းကျန့်သတိပြန်ဝင်ကာ

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now