upsidedown-4

364 67 3
                                    

Mario အိမ်ထဲပြန်ရောက်တော့ Noona က

"ငါ့အဲ့ကားကိုရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပဲ"

Noona စကားကြားတော့သူရယ်မိသည်။
Jane သာဒီစကားကြားလျှင်ဆွေ့ဆွေ့ခုန်
မလားမသိချေ။

"ဒါနဲ့ကောင်မလေးကဘယ်ကလဲ..တော်ရုံအသိုင်းဝန်း
ထဲကတော့မဟုတ်လောက်ဘူး"

"ကောင်မလေးမဟုတ်ပါဘူးဆို"

"ထားပါတော့..သူ့အဖေကဘာလုပ်လဲ"

Mario ဆိုဖာပေါ်ခြေပစ်လက်ပစ်လှဲချလိုက်ရင်း
အစ်မဖြစ်သူကိုတစ်ချက်စွေကြည့်ကာသက်ပျင်း
ချလိုက်သည်။
မဖြေပြန်ရင်လဲမသိရမချင်းမေးနေတော့မည်

"သူ့အဖေကကိုရီးယားလူမျိုး
ဒါပေမယ့်အမေရိကန်နိုင်ငံသား
Lasvegas နဲ့ မကာအိုမှာကာစီနိုရုံတွေပိုင်
တယ်
ရေနဲ့လုပ်ငန်းတွေမှာလဲ
တွေလဲရှယ်ယာဝင်ထားသေးတယ်
ပုဂ္ဂလိကဆေးရုံတွေလဲပိုင်တယ်
သူ့အမေကတော့ဒီမှာဖျော်ဖြေရေးအေဂျင်စီ
တွေရဲ့ဒါရိုက်တာ "

"Daebak...ဒီလိုကောင်မလေးမျိုးရထားတာ
မိုက်သားပဲ..ဒါပေမယ့်သူ့ပုံကနှိမ်ချတတ်တဲ့ပုံပါ
ပဲ"

"ကောင်မလေးမဟုတ်ပါဘူးဆိုဗျာ Noona
ကလဲ"

"အေးပါ...သူငယ်ချင်း...ပဲထားပါတော့"

သူပြောသည့်ကောင်မလေးမဟုတ်ဘူးဆိုတာက
Jane ကကောင်လေးတစ်ယောက်ဖြစ်ပြီး
Noona နားလည်သည့်ကောင်မလေးမဟုတ်ဘူး
ဆိုတာက ချစ်သူကောင်မလေးမဟုတ်ပဲ ရိုးရိုး
သူငယ်ချင်း မိန်းကလေးဆိုတာသာဖြစ်သည်၊

ဆက်ရှင်းပြနေရင်ဆံပင်တုကိစ္စကပါလာတော့
မည်
ထို့ကြောင့်

"ကျွန်တော့်ကိစ္စတွေပဲစိတ်ဝင်စားမနေနဲ့
Noona ကောစိတ်ဝင်စားရမယ့်လူမတွေ့သေး
ဘူးလား"

"ငါ့ကိုမပူစမ်းပါနဲ့
ငါ့မှာခါတောင်ချနေရတယ်"

"ချွေးတွေလား"

Mario သူမကိုစပြီးဝေးဝေးသို့ပြေးတော့သည်
မဟုတ်လျှင်သူမရဲ့လက်ချက်နှင့်ကြမ်းပြင်ပေါ်
ပြားပြားဝပ်နေရလိမ့်မည်

ထိုနေ့ကမာမီနှင့် Noona ပြန်သွားတော့
Somi ထံသို့အရေးပေါ်ဖုန်းခေါ်ရတော့သည်။
မခေါ်လို့လဲမရ Jane ကပြဿနာရှာသွားသည်မ
ဟုတ်လား။

UpsidedownWhere stories live. Discover now