သူမကလုံးဝသေချာမှတ်မိနေဟန်ဖြင့်ပြောသော
ကြောင့် Jane ထိတ်လန့်သွားသည်။"ဟို.....ကျွန်တော်....ဒီကအစ်မကိုတစ်ခုခုများ
ပြဿနာရှာထားမိလားဟင်
အဲ့ဒီလိုဖြစ်ခဲ့ရင်ကျွန်တော်တောင်းပန်ပါတယ်နော်
ကျွန်တော်ကမူးရင်သွေးဆိုးတတ်လို့ပါ"သူ့ရဲ့တောင်းပန်စကားကြောင့် သူမကခေါင်းညိတ်
၍ထွက်သွားသည်။
ထွက်သွားသည့်သူမနောက်ကျောကိုကြည့်ကာ
Jane သက်ပြင်းချလိုက်သည်။
တော်ပါသေးရဲ့ မဟုတ်လို့ကတော့ ပြဿနာအရှာ
ခံရမှာကျိန်းသေပင်။
မိန်းမလှလေးတွေကတကယ့်ကိုအန္တရာယ်များတာပဲ
Mario အစ်မကဒီလောက်ထိလှလိမ့်မည်ဟုသူ
ထင်မထားပေ။
အနီးကပ်ကြည့်လိုက်မှ အပြစ်ပြောစရာတကွက်မ
ရှိအောင်လှမှန်းသိရတော့သည်။"ဟဲ့ကောင်ရ....ငမ်းလှချည်လားကွ
မင်းတို့ဘာတွေပြောနေကြတာလဲ
Mario အစ်မကတော်တော်မိုက်တယ်ဆိုတာ
မင်းလက်ခံပြီမဟုတ်လား"Mino က Jane ကဂုတ်ကနေဆွဲခေါ်၍မေးသည်။
Jane ဘာမှပြန်မပြောပဲ ပြုံး၍သာထွက်လာခဲ့
သည်။.......
"LiLi ဆိုတာကနာမည်အရင်းလား"
Roseanne ကရုတ်တရပ်မေးတော့ သူဘာပြန်
ဖြေရမှန်းမသိဖြစ်သွားကာဟိုကြည့်ဒီကြည့်ဖြင့်
နံရံပေါ်ကပန်းချီကားဆီအကြည့်ရောက်သွားကာ"Lisa....နာမည်အရင်းက Lisa "
"ဪ..လှသားပဲ"
"Omo...Chaeng....ဘယ်တုန်းကပြန်ရောက်
နေတာလဲ""unnie..."
စကားပြောနေချိန်သူတို့နားဗြုန်းဆိုရောက်လာ
သည့်အမျိုးသမီးကြောင့် Mario ထိတ်ထိတ်လန့်
လန့်ဖြစ်သွားကာခေါင်းကိုငုံ့ထားလိုက်သည်။Noona က Roseanne နဲ့ဘယ်တုန်းကသိ
သွားတာလဲ။
စကားပြောနေပုံတွေကရင်းရင်းနှီးနှီးရှိလှသည်။
ပြီးတော့ Noona ခေါ်လိုက်သည့်နာမည်က
တမျိုးဖြစ်သည်။
မိန်းကလေးနှစ်ယောက်ကဖက်၍နှုတ်ဆက်ကြ
ပြီးနောက်"unnie...သူက Lisa တဲ့ Chae ရဲ့မိတ်ဆွေ"
"ဪ...တွေ့ရတာဝမ်းသာပါတယ်..
Jisoo ပါ""Nae...တွေ့ရတာဝမ်းသာပါတယ်"
Mario ခေါင်းငုံ့ထားရင်းမှပင်သူမကိုပြန်နှုတ်
ဆက်လိုက်သည်။
Jisoo ကထူးဆန်းသည့်မိန်းကလေးကိုတစ်ချက်
ကြည့်ကာ Chaeyoung ကိုပြုံးပြလိုက်သည်။
YOU ARE READING
Upsidedown
Fanfictionchaelisa jensoo မိန်းကလေးတစ်ယောက်ကိုချစ်မိတဲ့အချိန်ကစလို့ ကျွန်တော်တို့ဘဝတွေဟာဇောက်ထိုးမိုးမျှော်ဖြစ် ကုန်တော့တာပဲ မိန်းကလေးတစ်ယောက်ကိုချစ်မိတဲ့အချိန်ကစလို့ ကျွန်တော်တို့ဘဝတွေဟာဇောက်ထိုးမိုးမျှော်ဖြစ် ကုန်တော့တာပဲ