အလုပ်က အပြန်အမြန်လာခဲ့ပေမဲ့
ငါးမိနစ်လောက်တော့ နောက်ကျသွားခဲ့သေးတယ်။ခပ်လှမ်းလှမ်းမှာ ရှိနေသေးတဲ့
အရိပ်ကြောင့် သက်မချပြီး
လက်ပံပင်အောက်က ခုံတန်းလျားဆီ
အရောက်သွားလိုက်သည်။သူ့ကို စောင့်နေသလား၊
မစောင့်နေတာလား။ မသေချာစေတဲ့
ပုံရိပ်က ထီးတစ်ချောင်းကို
ခုံတန်းလျားရဲ့ အမှီမှာ ချိတ်လို့
လူကတော့ လှဲမနေရုံတမည်
ပစ်မှီလို့ စာအုပ်တစ်အုပ်ကို
မျက်နှာပေါ် အုပ်ထားခဲ့တာပဲ။သူအစက ဘာမှ မတွေးမိသေးပေမဲ့
အပြာနုရောင် စာအုပ်အဖုံးပေါ်က
စာတချို့ကို ဖတ်မိတဲ့အခါမှာတော့
ခြေကုန်လက်ပန်းကျနေပုံရတဲ့
Buiဘေးဝင်ထိုင်လိုက်မိတယ်။စာအုပ်နာမည်က Nancy Colierရဲ့
'Can't Stop Thinking'ဆိုပါလား။အပူအပင်နဲ့တောင် တွဲမတွေ့ဖူးတဲ့
Buiတစ်ယောက် ဘာတွေ စိတ်ဖိစီးနေလဲ
Bibleသိချင်သွားမိတယ်။"Buiငါးမိနစ်လောက်
စောရောက်သွားတာထင်တယ်"လေးစားသမှုနဲ့ စာအုပ်ကိုဖယ်ပြီး
မျက်နှာပြလာတဲ့ ကောင်လေးကို
သူခေါင်းခါပြလိုက်တော့ ခေါင်းအသာ
ညိတ်ပြသည်။ Buildကလား။ဘယ်တုန်းကမှ﹒﹒နောက်ကျလို့ဆိုပြီး
အပြစ်မပြောဖူးဘူး။ အကြောင်းရှိမှာပေါ့တဲ့။ဆင်ခြေတွေလည်း ဖြစ်နိုင်ကောင်းပေမဲ့
Buiကတော့ ဆင်ခြေတွေကို
နားမထောင်ချင်ဘူးတဲ့။နောက်ကျသွားလည်း
အပြစ်ရှိရင် နောက်ပြင်လိုက်ပေါ့
ဆိုတဲ့အထာကလေး﹒﹒"ကိုယ်အချိန်ကို သေချာ
မကြည့်ထားမိလို့﹒﹒နောက်
ကိုယ်အချိန်ကြည့်ပြီးမှ စာသင်တော့မယ်""အဟက်!တပည့်တွေကိုလည်း
နာရီကြည့်ခွင့်ပေးမှပေါ့Bleရယ်﹒﹒"Buiစကားကြောင့် သူပါရယ်မိသွားသည်။
Buiပြောမှ သူ့ကိုယ်သူ
ပြောင်းပြန်တွေ လုပ်နေမိမှန်း
သိတော့တယ်။ ဘယ်တတ်နိုင်မလဲ။
ဆရာလုပ်သူမှာလည်း အချိန်စာရင်းနဲ့လေ။ဘာပြီးရင်တော့ ဘယ်သူနဲ့
တွေ့ရမှာပဲဆိုတာ ရှိပြီးသား။
အထူးသဖြင့် Buiနဲ့ တွေ့ပြီးနောက်မှာ
အထူးတလည်ဘာမှ မရှိဘဲ ဒီခုံတန်းလျားလေးမှာ
ဆုံဖြစ်ကြပြီး တစ်နေ့တာ ဖြစ်ခဲ့သမျှကို
ပြောဖြစ်ကြသည်။ ဆိုပေမဲ့ သူတို့ကြားမှာ
ဒီ့ထက် ကျော်လွန်ပြီး စည်းမဖောက်ခဲ့ကြဘူး။
YOU ARE READING
Cₒffₑₑ ₜₐₗₖ
Fanfictionညနေခင်းတစ်ခုရဲ့ ကော်ဖီတစ်ခွက်စာ စကားဝိုင်းကလေးတွေ။ S.O˙˙6102022˙˙ E.O˙˙13102022˙˙ ပြင်ပပုဂ္ဂိုလ်များနှင့် သက်ဆိုင်ခြင်းမရှိ၊ စိတ်ကူးယဉ်ဖန်တီးမှုမျှသာ ဖြစ်ပါသည်˙˙