ₕₒₗdᵢₙg ₕₐₙd

256 36 16
                                    

လေပြည်တွေ တိုးဝေ့လာတဲ့
ပြတင်းပေါက်ရှိရာကို မျက်လွှာပင့်လို့
တစ်ချက်လှမ်းကြည့်လိုက်သည်။

ရေဆေးပြီးသား စပျစ်သီးတွေကို
လက်တစ်ဖက်တည်းနဲ့ အခွံခွာဖို့ရာ
အချိန်အတော်ပေးနေရမှန်း ပြောင်းလဲသွားတဲ့
ညနေခင်း နေရောင်က ဖော်ပြနေပေမဲ့
Bibleလျစ်လျူရှုထားမိတယ်။

Buiနိုးလာရင် အသင့်ဖြစ်နေဖို့အတွက်
ထပ်မံအာရုံပို့လိုက်သည့်တိုင်
တံတောင်ဆစ်ထိ ခေါက်တင်ထားတဲ့
အင်္ကျီလက်နားကို တွားသွားနေတဲ့
စေးကပ်ကပ် စပျစ်ရည်တွေက
အနည်းငယ်တော့ စိတ်ရှုပ်စရာကောင်းတယ်။

Buiသာ ဒီလို ဖြစ်နေတဲ့
သူ့ကိုမြင်ရင် ဘာပြောမလဲ။

မသေချာပေမဲ့ ဆေးရှိန်နဲ့
အိပ်မောကျနေတဲ့ Buiကို
သူအကြည့်တစ်ချက်ပို့မိသေးတယ်။

တစ်ပတ်မှာ ငါးရက်လောက်
ပျင်းနေတတ်တဲ့ Buiကြောင့်
စားချိန်မမှန်၊ လှုပ်ရှားချိန်မကိုက်နဲ့
ဘယ်အချိန် ပြဿနာဖြစ်လာမလဲ
တွေးမိပါတယ်။ အခုတော့
လက်တွေ့ပဲ။

အစာအိမ်နာတဲ့အထိ သူအပြင်မှာ ရှိနေတုန်း
ဘယ်လိုနေနေခဲ့လဲ မေးစရာမလိုအောင်
Buiက အစားအသောက် အထက်အောက်
ပြောင်းပြန်လှန်ထားတဲ့ ပြောင်းပြန်ဝါဒီ။

သိသိချင်းအချိန်ဆိုတာ
ဆေးရုံရောက်ရောက်ချင်းပဲ။
အဲ့လောက်ထိ အသိပေးမြန်တဲ့
Buiကြောင့် ကြားကြားချင်း
သူ့မှာ စိုးရိမ်ဖို့တောင် မေ့သွားသည်။
သူပျားပန်းခတ်သွားရင်လည်း
လှောင်ရယ်ဦးမှာ အသေအချာ။

ဖုန်းဆက်တာတောင်
Buiက အကြောနဲ့﹒﹒
ဆေးရုံတက်တာတောင်
Picnicထွက်သလို။

"Buiဆေးရုံတက်ရမှာလေ﹒﹒
အပြန်ကျရင် မုန့်ဝယ်ခဲ့ပေးလို့
ရမယ်ထင်တယ်﹒﹒ခုမလာနဲ့နော်"

ဒီလို ပိတ်ပြောတော့ သူ့မှာ
အကဲပိုပြီး ထလိုက်သွားစရာလည်း
မရှိတော့။ စိတ်ပူခွင့်တောင်
ပေးထားပုံမရတော့ ကြားကြားချင်း
နားတွေအူထွက်သွားတဲ့ သူ့ခမျာ
မျက်နှာပူပူနဲ့ပဲ စာဆက်သင်နေရသေးတာ။

စိတ်ကတော့ ဆေးရုံခုတင်ပေါ်
လူနာက လူနာလိုမနေဘဲ
ထော်လော်ကန့်လန့်တွေ
လုပ်နေလောက်တဲ့ Buiဆီပဲ
ရောက်နေတော့ သူ့တပည့်တွေကတောင်
ပြောကြသည်။

Cₒffₑₑ ₜₐₗₖWhere stories live. Discover now