တွေ့ဆုံမှု

821 72 0
                                    

ဒီနေ့ ဂျောင်ဝွန်းလေးတယောက် ဆောနူဟျောင်းကိုလေဆိပ်မှာကြိုဖို့ စိတ်လှုပ်ရှားနေတယ်လေ

ဆောနူဟျောင်းက ငယ်ငယ်တည်းကခင်ခဲ့တာ ဒါပေမယ့်နိုင်ငံခြားကိုပြောင်းသွားလို့ အဲ့တုန်းကတောင်ငိုခဲ့ရသေးတယ် မသွားပါနဲ့လို့တားပေမယ့် ဆောနူဟျောင်းက အစ်ကို့မိဘတွေဆူလိမ့်မယ်ဆိုလို့ မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးခဲ့ရတာ အခုထိမှတ်မိနေတုန်းပဲ

ဆောနူဟျောင်းက အဲ့ဒီတုန်းက ကျွန်တော်အရမ်းအရမ်းချစ်ရတဲ့ဟျောင်းလေးပေါ့ ချစ်ဖို့ကလည်းအရမ်းကောင်းတာပဲ အသားလေးကလည်းဖြူစွတ်နေတာပဲ ကျွန်တော့်ကိုလည်းအရမ်းအလိုလိုက်တယ် ဟျောင်းက အခု နည်းနည်းချမ်းသာနေပြီဆိုတော့ ရင့်ကျက်နေပြီလားမသိဘူး ဇာတ်လမ်းတွေထဲကလို

တွေးတာကိုခဏရပ်ပြီး ဂျောင်ဝွန်လည်း လေဆိပ်ကိုထွက်လာခဲ့လိုက်တယ် သူမသိတာက အဲ့ကစပြီးသူ့ဘ၀မှာအထူးခြားဆုံးဖြစ်ရပ်တွေဖြစ်လာတော့မှာဆိုတာကိုပင်။

ဆောနူဟျောင်းကိုစောင့်ရင်းနဲ့မုန့်လေးစားရင်းပေါ့

အဲ့အချိန်မှာတီဗီမှာသတင်းတပုဒ်တက်လာတယ် သူကတော့ဂရုမထားမိဘူးပေါ့ လူတွေကရုတ်ရုတ်သဲသဲအော်ဟစ်ပြီးငိုနေကြတယ် အဲ့တာနဲ့သူလည်းပတ်၀န်းကျင်ကိုသတိထားမိလာတယ် * ဟ ဘာဖြစ်ကြတာလဲ * ဆိုပြီး တီဗီကိုကြည့်လိုက်မိတယ်

တက်လာတဲ့သတင်းကြောင့် မုန့်ထုပ်‌ကအောက်ကိုပြုတ်ကျကုန်တယ် သူကိုယ်တိုင်လည်း အောက်ကိုထိုင်ချလိုက်မိတယ်

* ယနေ့မနက်စံတော်ချိန် ၉ နာရီတွင်ဆိုက်ရောက်မည့် လေယာဉ် အမှတ် **** သည် လမ်းတွင်မုန်တိုင်းမိ၍လေယာဉ်ပျက်ကျသွားကြောင်း လေယာဉ်ထဲရှိလေယာဉ်မှူးလေယာဉ်မယ်များနှင့်လိုက်ပါသူစုစုပေါင်း ၈၇ ယောက်လုံး‌သေဆုံးသွားကြောင်းသတင်းရရှိပါတယ် *

ဆောနူဟျောင်း......ဆောနူဟျောင်း ဂျောင်ဝွန်းစိတ်ထဲမှာဒါပဲရေရွတ်နေမိတယ် ဆောနူဟျောင်းကဒီနေ့ပြန်လာမှာ အဲ့တာဆောနူဟျောင်းစီးတဲ့လေယာဉ်မဟုတ်ဘူးလား မှားနေတာထင်တယ် ဟုတ်တယ် ဆိုပြီး လေယာဉ်အမှတ်ကို ဆောနူဟျောင်းပို့ထားတဲ့စာထဲမှာပြန်ရှာကြည့်လိုက်တယ်

hummm jay hyung again ????Where stories live. Discover now