Jungwon ကြောင်သွားတယ် ဟျောင်းကသေသွားပြီလေ သူကဘယ်လိုပြန်ရှင်အောင်လုပ်ပေးမှာလဲ ဆရာ၀န်မို့လို့လား မဖြစ်နိုင် အဲ့လိုကျောချမ်းစရာကောင်းအောင်ချောတဲ့လူကဆရာ၀န်ဆိုရင် လူနာတွေအကုန်မေ့လဲကုန်မှာပေါ့
Jungwon : ခင်များကဆရာ၀န်မလို့အဲ့လိုပြောနေတာလား ဆရာ၀န်တောင်မကယ်နိုင်ဘူး ဟျောင်းကသေသွားပြီ
သေသွားပြီလို့ပြောတဲ့နေရာမှာ jungwon အသံလေးတိမ်သွားတယ် အဲ့တာကိုလုံး၀လက်မခံနိုင်သေးဘူး ဟူး
......... : အဲ့ထက်ပိုမြင့်တယ်ရာထူး
Jungwon : အော် ဆေးရုံအုပ်လား
......... : No ကလေး ကိုယ်ထပ်မေးမယ် အသက်ပြန်ရှင်စေချင်လား ဒါပဲဖြေ
Jungwon : အင်းပြန်ရှင်စေချင်တယ်
လို့မဆိုင်းမတွပဲဖြေလိုက်တယ်
................ : Ok jay ကိုယ့်နာမည်ကအခုမသိလည်းရပါသေးတယ် နောက်ကျရင်သိမှာပဲ တခုပဲကတိပေး ကလေး သူ့ကိုဖွင့်ပြောလို့မရဘူး ဖွင့်ပြောတာနဲ့ တခါတည်းသူကပြန်သေသွားလိမ့်မယ်
Jungwon တော်တော်လေး စိတ်ရှုပ်တာအမှန် ဘာတွေလဲ သူလည်းခေါင်းပဲညိတ်ပြလိုက်တယ် အဲ့လူထပ်ပြုံးပြတယ် အော် ဂျေးပေါ့ သူမသိချင် အခုလက်ရှိဖြစ်နေတာကိုတောင်သူနားမလည်
အဲ့အချိန်မှာသူအရမ်းအိပ်ချင်လာတယ် တော်တော်ဆိုးဆိုးကိုအိပ်ချင်လာတယ်
ဂျေးဆိုတဲ့လူကသူ့အိပ်ရာမှာအိပ်ခိုင်းတယ် ပုံမှန်ဆို ငြင်းမှာမှန်ပေမယ့် အခုအရမ်းကိုအိပ်ချင်လာတယ် မငြင်းနိုင်တော့ပဲအိပ်လိုက်မိတော့တယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝါးးးးးးးးး
သူနိုးလာတယ် နေရောင်ခြည်ကသူ့မျက်နှာပေါ်ကိုကျလာတယ် သာယာလိုက်တဲ့နေ့လေးပဲ ဂျောင်ဝွန်ပြုံးလိုက်တယ် ထူးဆန်းတဲ့အိမ်မက်ပဲ
ဆောနူဟျောင်း.....တွေးမိတာနဲ့မျက်ရည်ကထပ်ကျလာပြန်ပြီ တကယ်ပါပဲ ကျစ်*
နိုတီတက်လာတဲ့ဖုန်းကြောင့်လန့်သွားတယ် သူ့ကိုစာပို့မယ့်လူမရှိပါဘူး ဘယ်သူများလဲ