မေ့လို့လည်းမရ ၊ ရအောင်လည်းမမေ့

416 56 3
                                    

5 နှစ်ကြာသော်.....

Jungwon တယောက် အုတ်ဂူဖြူဖြူလေးတခုရှေ့မှာ‌ရပ်နေခဲ့တယ်

အဲ့အုတ်ဂူလေးရဲ့ရှေ့မှာပန်းစည်းလေးကိုချပြီး ဆွေးဆွေးမြည့်မြည့် ကြည့်နေမိတယ်

လေအေး‌ေလးတွေတောင်သူ့ကိုပျော်ရွှင်လာအောင်လုပ်နိုင်မယ်မထင်

Jungwon ဟာ ဘယ်လောက်မှမကြာလိုက်ပဲ သူငိုတယ် ငိုတယ် အချိန်တော်တော်ကြာတဲ့အထိကိုပေါ့

သူ့အဖြစ်က " မေ့လို့လည်းမရ ၊ ရအောင်လည်းမမေ့" ဖြစ်နေခဲ့တာလေ

အဲ့အချိန်မှာ သူ့ပခံုးပေါ်ကိုလက်ခပ်နွေးနွေးတစုံကျရောက်လာတာကိုခံစားမိလို့ အပေါ်ကိုမော့ကြည့်မိတယ်

အနှီထိုလူသားဟာသူ့ကိုခပ်ရေးရေးလေးပြန်ပြုံးပြတယ်

လွန်ခဲ့တဲ့ 5 နှစ်ခန့်က ...

အချိန်တွေဟာကုန်တာနှေးလွန်းတယ်

ဂျောင်ဝွန်ပဲအဲ့လိုထင်နေတာပါ လောကကြီးကလူတွေကတော့အချိန်ကုန်တာအရမ်းမြန်လွန်းတယ်တဲ့ အင်း ချစ်ရတဲ့သူတွေနဲ့ရှိနေတာကိုးး

ဂျောင်ဝွန်အခုထိမမေ့သေး ကျောပြင်ငယ်လေးရယ် နေမင်းထက်တောက်ပတဲ့အပြုံးလေးရယ် လေယာဉ်ပေါ်ကနေဆင်းလာတဲ့ခဏ သူ့ကိုကြောင်တောင်တောင်ကြည့်နေခဲ့တဲ့မျက်လုံးလှလှလေးတစ်စုံရယ် အမြဲတမ်း မြိုသိပ်ထားခဲ့ရတဲ့ နမ်းချင်မိတဲ့နှုတ်ခမ်းလေးရယ်

သူငိုမိပြန်ပါတယ် အမှတ်မရှိငိုနေတုန်းပါပဲလား.......... ဘယ်သွားသွား သူ့ကိုပဲမြင်ယောင်မိနေတာတော့ခက်သားဗျာ ဖွင့်ပြောဖို့စီထားခဲ့တဲ့ကဗျာလေးတွေစာလေးတွေ လည်း အကုန်ဟောင်းနွမ်းကုန်ပြီ ဟူး

ဂျောင်ဝွန် အရက်ကိုမော့ချလိုက်တယ် ပူတယ် ဒါပေမယ့် ဟျောင်းမရှိတော့ဘူးဆိုတဲ့အသိကပိုပူလောင်တယ်

ဟျောင်းရေ အခုကျွန်တော်ဟျောင်းမကြိုက်တာတွေလုပ်နေတယ် လာတားပါတော့လားဗျာ

တော်တော်ကြာလာတော့ သူမူးလာတယ်

အရာအားလုံးကိုခပ်ဝါးဝါးပဲမြင်ရတော့တဲ့အချိန် လူတယောက်ကသူ့ကို အဆင်ပြေလား ဆိုပြီးစိုးရိမ်တကြီးလာမေးတယ်

hummm jay hyung again ????Where stories live. Discover now