Thinking all love ever does

1.1K 72 4
                                    

Unicode

• Beauty - a thing seldom seen. it can be only found if someone is sharing your soul with you.

"အလှတရားတစ်ခုကို ဖန်တီးဖို့အချိန်အကြာကြီးကြိုးစားယူရတယ် ပတ်ခ်ဆောင်ဟွန်း"

အဲ့ဒီအချိန်တုန်းကသာ ပတ်ခ်ဆောင်ဟွန်းဆိုတဲ့သူက ပျိုးခင်းတွေကြားထဲမှာ စိတ်ရှည်ရှည်နဲ့အလုပ်လုပ်နေရင်း စကားပြောနေတဲ့ အမေ့ရဲ့စကားတွေကို သေသေချာချာနားထောင်နေခဲ့ရင် ကောင်းသားနော်။

ဒါပေမဲ့လည်း သူ့အပြစ်မဟုတ်ပါဘူးလို့ပဲ ပြောရမှာပေါ့။ သူအဲ့ဒီအချိန်တွေတုန်းက နားလည်တတ်တဲ့အရွယ်မှ မဟုတ်ခဲ့သေးတာပဲကို။ သူနားလည်တတ်တဲ့အရွယ်မှာလည်း သူ့ကိုနားလည်အောင်ပြောပြပေးတဲ့သူ မရှိခဲ့ဘူး။ အဲ့ဒီတော့ အသက်နှစ်ဆယ်အရွယ်ကောင်လေးတစ်ယောက်ကို ဘဝသင်ခန်းစာတစ်ခုအကြောင်းနားလည်သွားအောင် ကံကြမ္မာကိုယ်တိုင်ကပဲ အမှတ်တရလက်ဆောင်တစ်ခုပေးရင်း ပြောပြပေးခဲ့တယ်။

အချိန်အကြာကြီး အမေ့ကိုစကားပြောပြီးတဲ့အခါ နောက်ဆုံးအခေါက်နှုတ်ဆက်ရင်း အမေ့အတွက်ယူလာတဲ့ မာရီဂိုးပန်းစည်းလေးကိုပေးခဲ့ပြီး အမှန်တရားတွေဆီကနေထွက်ပြေးလာခဲ့မိပြန်တယ်။

ကြည်လင်နေတဲ့မိုးကောင်းကင်မှာ အနီရောင်ကြယ်တစ်လုံးတည်းကသာမင်းမူထားပြီး အလင်းဓာတ်၊ အနွေးဓာတ်ဖြန့်ကျက်ရင်း နွေရာသီကိုအစွမ်းကုန်ပုံဖော်နေခဲ့တယ်။ ဒါပေမဲ့ သူ့ဘဝရဲ့နွေရာသီကတော့ဖြင့် ပူဆွေးမှုတွေကိုပဲ အသားပေးပြီးခြယ်သထားတဲ့ပန်းချီကားတစ်ချပ်လိုပဲ။ သူမလိုချင်ဘဲရခဲ့တဲ့ အကျည်းတန်အမှတ်တရတစ်ခု။ ဒါပေမဲ့ သူနားလည်သင့်သလောက်တော့ နားလည်ခဲ့ပါတယ်။ လူ့ဘုံအကြောင်းအပြည့်အဝနားလည်သွားခဲ့ရင်တောင် အမေကသူ့ကိုအဲ့ဒီအကြောင်းတွေ ပြောပြပေးလို့မှမရတော့တာပဲ။

°•°•°•°•°•°

အလင်းရောင်ကျတဲ့နေရာမှာ သန့်သန့်ပြန့်ပြန့်လေးထားပေးထားတယ်။ ရေလည်းသတိတရနဲ့ဖြေးဖြေးချင်းစီလောင်းပေးနေတာပဲ။ ဘာကြောင့် ဒီအသက်ရှင်မှုလေးတစ်ခုဖြစ်မြောက်အောင်တောင် သူမလုပ်တတ်ရတာလဲ။ ညှိုးနွမ်းနေတဲ့ အပင်ပေါက်လေးအတိုင်း ပတ်ခ်ဆောင်ဟွန်းရဲ့မျက်နှာက အပင်ပေါက်လေးကိုကြည့်ရင်းဝမ်းနည်းနေတယ်။

𝘉𝘦𝘨𝘪𝘯 𝘈𝘨𝘢𝘪𝘯 (𝘑𝘢𝘬𝘦𝘩𝘰𝘰𝘯)Where stories live. Discover now