4(uni)

304 15 0
                                    


#စုစည်းရွာစု#

- မိနစ်အနည်းငယ်ကြာတဲ့ထိ ပေါ်မလာသေးသော ညီဖြစ်သူကို ကံသာ တဲနှစ်ခုကြား ခုံတွေ ထိုင်ကာ စောင့်နေမိသည်။

- ဘာကြောင့်ရယ်လို့မဟုတ် ကျောင်းဆရာနဲ့ပူစူး ကိစ္စကိုသိချင်လှ
ပီ၊ လက်တုံ့ပြန်ပီးသော်လည်း စိတ်ထဲ အစိုးမရ၊ တစ်ခုခုကိုလည်း
ဘဝင်မကျ။

- သည်ကိစ္စကိုတွေးရင်း မကြာသေးခင်က လက်တုံ့ပြန်ခဲ့မိတဲ့ ကျောင်းဆရာကို တန်းမြင်ယောင်လာမိတယ်။

- ပကတိဖြူစင်ပီးအေးချမ်းနေတဲ့ မျက်ဝန်းတစုံ၊
- ​အတင်းအဓမ္မချုပ်နှောင်သော်လည်း ဆဲဆိုမပြောဘဲ တောင်းဆို
နေသော နူတ်ခမ်းလွှာ၊
- ဝတ်ထားသည့် မိုးပြာရောင်တီရှပ် နဲ့လိုက်အောင် ဝင်းဝါနေတဲ့
အသားရေ၊
- နောက်ဆုံးအနေနဲ့ မြင်ယောင်လာတာက မှောက်နေစဥ် ထင်းနေတဲ့ တင်းပါးလေးတွေ၊

- ''ဟာ..ထွက်ထွက် အဲ့တာတွေ!''

- တကယ်ထွက်ပါတော့၊ ဘယ်တော့မှပြန်မမြင်ယောင်မိအောင်၊
အတွေးထဲက ပြန်မြင်ယောင်တာမှန်သော်လည်း အခုဟာက
တကယ်ကိုပြုစားထားသလားဘဲ၊ စိတ်ထဲမှာ လုံးဝနေမထိထိုင်မ
သာ။

- ''လူလေး ကံသာ ပူစူးလာတော့မှာပါ''

- ကံသာ့ရဲ့ ခပ်ထန်ထန်အသံ ကိုကြားရင်ဖြင့် ကြီးညို တစ်ယောက်ဟာ ပူစူး
ကြောင့်ဟု ထင်မှာမလွဲ၊သို့သော်...အဲ့လိုမဟုတ်နေ..ဒါကိုလည်း
ကာယကံရှင် တစ်ယောက်သာသိ၏။

- ''ဟုတ် ကြီးညို''

- ကံသာလည်း သူ့ကို ချက်ပြုတ်နေရင်းလှမ်းပြောပေးသည့် ကြီး
ညိုအား ခေါင်းညိတ်ကာပင် ဆိုလိုက်သည်၊ သို့သော်..စိတ်ထဲတွင်
တော့ မလုံမလဲ။

#တအောင့်အကြာ#

~~စာဥရယ် ရွာအရောက်ပြန်ခဲ့ပါ~~

~~ပိုးဥရယ် ရွာအရောက်ပြန်ခဲ့ပါ~~

~~ ဒါဒါ့.ဒါ...ဒါဒါ့... ဒန်ဒန့်ဒန်...~~

- လာပါပီ၊ ပူစူးတို့ လူတော့မဟုတ်ဘူး၊ အသံကအရင်လာတယ်၊
လက်ထဲမှာလည်း တုတ်တစ်ချောင်းကို ဟိုယမ်း၊ဒီယမ်း၊လက်တွေ
မက လူလည်းအငြိမ်မနေ ဟိုဘက်ပြေးလိုက်၊ဒီဘက်ပြေးလိုက်၊
သူ့ဟာသူနေတဲ့ မြေနီလမ်းလေးဟာ ဓါးစာခံ ​ဖြ​စ်ရရှာတယ်။

- '' ချော်လဲတော့မှာပဲကွာ!''

- ကံသာ မြေနီလမ်းပေါ်မှာအငြိမ်မလှမ်းဘဲ အိမ်ဝိုင်းထဲလာနေသည့်
ပေါက်စ ကို သတိပေးစကားထန် ဆိုရတော့သည်။

- ''ဟာ! ကိုကြီး''

- အကိုဖြစ်သူကိုမြင်တော့ တဲနှစ်ခုကြား အကိုရှိရာသို့ ပူစူး အပြေး
တပိုင်း သွားတော့သည်။

- အပြေးတပိုင်းလာသည်မို့ ပူစူးက ဟောလိုက်၊ဟဲလိုက်နဲ့ မောနေ
လေရဲ့၊ ကံသာကတော့ သူ့ရှေ့က အုတ်မုတ်ခွက်ကေကိုမှ အပေါ်က
နေ အုန်းပင်သဏ္ဍန် ကြက်တောင်စီးထားသည့် ဤချစ်စဖွယ်ပေါက်
စ အားကြည့်နေလေသည်။

- '' အမောဖြေပီးရင်ပြော''

- ''ပီးပါပီ..ခဗျ''​

- ကံသာ့ အမေးကို မချိုမချဥ်ရုပ်ကလေးနဲ့ ပြန်ဖြစ်လာသည့်ပေါက်
စ''

- '' ဘယ်ကပြန်လာတာလဲ''

- ကံသာအမေး ကြောင့် ပူစူးငူငူငိုင်ငိုင်လေးဖြစ်သွားသည်၊ ပီးကာမှ
စိုးရိမ်ကာ ဝမ်းနည်းနေသည့်ပုံစံလေးဖြင့် ဖြေလေသည်။

- '' ဆရာ....သားရဲ့ဆရာလေ နေမ​ကောင်း လို့..အဲ့တာ...သားသွား...''

-'' ဘယ်လို!''

- ပူစူး သားသွားတာ ပါလို့တောင် အပြောမဆုံးလိုက် ကံသာ ခပ်ထန်ထန်စကား ကျလာသည်၊ ဤစကားအရ ဘေးက ချက်ပြုတ်
နေတဲ့ ကြီးညို စဥ်းစားရခက်သွားသည်။

- ဤစကားအသွားအလာအရ ညီဖြစ်သူတစ်ယောက်တည်းသွားလို့
စိုးရိမ်ကာ ဒေါသဖြစ်ရခြင်းလား၊ ဒါမှမဟုတ် မဖြစ်နိုင်ပါဘူးလေ၊
ပူစူးလေးကြောင့်ပဲနေမှာပါ။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::ကြိုးစားလျက်:::::::::::::::::::::::::::::::::::::::::;:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

                                                      တခေတ်//✍

စုစည်းရွာ၌ စုံစည်းခိုက် ( on going)Where stories live. Discover now