2(uni)

381 15 1
                                    

#စုစည်းရွာစု#

- လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်က ဆုံးသွားသည့် ဖွားပုရဲ့အိမ်ခြံ
ဝင်းထဲရှိ မျက်နှာချင်းဆိုင်က ဤလူကိုမြင်ရသည့်နှင့် အိမ်မှာငိုကျန်
ခဲ့တဲ့ ပူစူးလေးရဲ့ အဖြစ်ကိုတွေးမိပြီး ဒေါသဖြစ်ရသည်။

- ဘာမဟုတ်တဲ့ မနေ့တနေ့ကမှ ရောက်လာတဲ့ကျောင်းဆရာက
ပူစူးကိုရိုက်သည်တဲ့လား။

- တောက်(ခ်)!

- ''ဖိုးကံ ပူစူးဘယ်နေရာမှာ အချိုးရာရှိတာလဲ''

-''ဟို..ဟို..မသိ''

- ဖိုးကံ မသိခြင်းမဟုတ်၊မသိချင်ယောင်ဆောင်ခြင်းပါ၊ရှေ့က ကျောင်းဆရာကို ဘာမှမဖြစ်စေလို၍ပြောလိုက်ခြင်းပါ၊ သို့သော်...
တစ်ဦးတည်းသော သွေးသားဖြစ်သူကို ထိသည်ကြောင့် ကံသာ
ဤမျှလောက်လက်လျှော့မည်မဟုတ်။

- ''တိုးစံ ဖြေ''

- ''တင်ပါးမှာပါ အကိုလေးကံသာ''

- တိုးစံ ရာ မသိဘူးငြင်းရောပေါ့၊  မျက်လုံးတစ်လုံးဆုံးရင်
မျက်လုံးတစ်လုံးပဲ ဆိုတဲ့ ကိုဒ ဥပဒေကို လက်ကိုင်ထားတဲ့ အကို
ကံသာ အကြောင်းသိရက်နဲ့ကွာ။

# ကျောင်းဆရာ#

''ဟို..ကျွန်တော် အကိုတို့ကိုမသိပါဘူး..ကျွန်တော့ကိုပြောစရာရှိ
ရင်လည်း အေးဆေးပြောပါလားဗျာ''

''ခုလိုကျွန်တော့်ကို မချုပ်ထားပါနဲ့ဗျ''

- အနည်းငယ် သဘောမကျဟန်ရှိသော်လည်း ဒေါသအလျင်းမရှိ
ဘဲ တောင်းဆိုသည့်အသံဖြင့်သာဆိုသည်၊ထိုသူအဖို့လည်းတောင်း
ဆိုသင့်ပါသည်၊ လက်နှစ်ဖက်ကို နောက်က လက်ခေါက်လက်ပြန်
အနေအထားဖြင့် ချုပ်ထားသည်က တိုးစံဖြစ်၏။

- ''တိုးစံ ဟိုကွပ်ပျစ်ပေါ် မှောက်နေခိုင်းထား''

- ကံသာ ပြောသည်နှင့် သွက်လက်တဲ့ တိုးစံ ဟာ ခေါင်းညိတ်ပြကာ
ချက်ချင်းပင် မလှမ်းမကမ်းက ကွပ်ပျစ်ဆီဦတည်နေသည်၊ ကျောင်းဆရာမှာကား တိုးစံ၏ အတင်းချုပ်ခေါ်ရာ ဘုမသိဘမသိ
ပါသွားရသည်။

#ခြံအပြင်#

- ''အကိုလေး..အကိုလေးကံ..''

- ဖိုးကံ တစ်ယောက် ခြံရှေ့က သစ်ကိုင်းကိုချိုးနေသည့် အကိုဆရာ
ကို ပျာသိပျာယာခေါ်နေမိသည်၊ သူအနေဖြင့် တားမရဲသလို တာရမည်လည်းမဟုတ်ပါချေ၊ အကိုဆရာ ဘာလုပ်မည်ကိုတော့
ကောင်းကောင်းသိပါသည်။

စုစည်းရွာ၌ စုံစည်းခိုက် ( on going)Donde viven las historias. Descúbrelo ahora