Chapter-1

194 9 3
                                    

Unicode

"အစ်မမိုးနွယ် ဒီလက်ဆောင်လေးကို လက်ခံပေးပါ"

မိုးတို့ စာသင်ခန်းထဲကနေထွက်တာနဲ့ အပေါက်ဝ မှာ လက်ဆောင်ဘူးလေးကို ကိုင်ကာ လူကိုတည့်တည့်ကြည့်ပြီး ပြောနေတဲ့ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ပိုးဟပ်ဖြူလို ကောင်မလေးတစ်‌ယောက်။

အတန်းဆင်းချိန်ဆိုတော့ လူရှင်းနေပေမယ့် မေဂျာမတူတဲ့ IT က သူငယ်ချင်းနှစ်ယောက်ကပါ မိုးတို့ Civil အခန်းထဲ‌‌ရောက်နေတာမို့လို့ တစ်ဖွဲ့လုံး လူစုံတတ်စုံရှိနေတဲ့အချိန်ဖြစ်‌နေချိန်မှာ မိုးရဲ့အနောက်ကနေ ခေါင်းတွေထွက်ပြီး အလိုက်မသိစွာ ကောင်မလေးကို ပြူးပြဲကြည့်နေကြသည်။

"ဆောရီး ညီမ မိုးက မသိတဲ့သူပေးတဲ့ဟာ မယူတတ်လို့" ဆိုကာ မိုးမြတ်မင်းနွယ်လည်း ကန်တင်းဘက်လှည့်ထွက်လာခဲ့လိုက်သည်။

သူ့ကိုယ်သူ မိုးလို့ သုံးနှုန်းတတ်တဲ့ မိုးမြတ်မင်းနွယ်ဟာ ရုပ်ရည်က‌ချောပေ့လှပေ့‌ ဆိုရလောက်တဲ့အလှ‌တော့မဟုတ်ပေမယ့် မြင်‌တွေ့ရန်ရှားပါးလှသော ကျက်သရေရှိအလှတရား။ မျက်ဆံနက်နက်ကို မျက်ဝန်းအဖျားချွန်ပြီး မျက်တောင်‌မွှေးထူထူမဲမဲက‌ ကော့မနေပဲဖျာစင်း‌နေတယ်။ မျက်ခုံးမွှေးမထူမပါးနဲ့ ပုံဖော်စရာမလိုလောက်အောက် အရင်းဖြောင့်ပြီး အဖျားကရှူးသွယ်နေတယ်။ နှာတံမြင့်မြင့်စင်းစင်းနဲ့ နှုတ်ခမ်းသားတွေက အနားသတ်လှလှပပနဲ့ သေသပ်နေပြီးတော့ အောက်နှုတ်ခမ်းလေးက အိတွဲကျနေတာမျိုး။ ခန္ဓာကိုယ်က တောင့်တောင့်ဖြောင့်ဖြောင့်၊ အရပ်ခပ်မြင့်မြင့်နဲ့ကိုမှ ဆံသားတွေက ခါးလယ်ထိ ဝဲအိကျနေတတ်ပေမယ့် မိုးကအမြဲ ponytail(ပိုနီတေး)ကိုခပ်မြင့်မြင့် မြှောက်စီးထားတတ်သည်။

ဒါ့အပြင် အမြဲတည်တံ့နေတတ်ပြီးမှင်‌‌သေသေနဲ့ သူမမျက်နှာက ပို၍ထပ်ဆင့် တစ်မူထူးခြားသွားစေသည်။ ကြည့်လိုက်တာနဲ့ မေ့ဖျောက်ဖို့ခက်တဲ့ ရုပ်အဆင်းအဂ်ါရှိပြီး ဂု‌ဏ်ရှိန်ဂုဏ်ဝါတစ်မျိုး သူမအနားမှာဝဲနေသလိုမျိုးပင် ထည်ဝါ‌နေသည်။ မိုးမြတ်မင်းနွယ်ဆို ကျောင်းမှာမသိသူ၊မမြင်ဖူးသူမရှိ သူမ,ရှိရာအရပ်မှာဆို ချောင်းပေါက်မတတ် လာလာချောင်းတတ်ကြသည်။ အမျိုးသားတွေပါမက အမျိုးသမီးတွေကပါ မိုးရဲ့ကိုယ်နေဟန်ထားကို ကြွေနေကြတာမို့လို့ ဒီလိုမျိုးစာတွေလာပေးကြတာဟာ အထူးအဆန်းတော့ မဟုတ်လှပါ ပွင့်လင်းရာသီပဲလေ။ ဒီလိုတွေကြောင့် မိုးကပို၍ပေါ်ပြူလာဖြစ်လာသည်။

သူမှအစပြု၍/သူမွအစျပဳ၍Where stories live. Discover now