Chapter-3

40 8 0
                                    

"ဟင်းးး..."

တိတ်ဆိတ်မှုတွေကြီးစိုးနေတဲ့အခန်းထဲမှာ ဖုန်းမှန်ပြင်ကိုခေါက်နေတဲ့ အသံကတတောက်တောက်နဲ့ ပေါ်ထွက်နေတယ်။ ဖုန်းကိုကြာရှည်စွာကိုင်ထားပြီး သက်ပြင်းချသံအဆုံးမှာ

"ဟား...စာလည်းမပြန်ဘူးကွာ"

ဖုန်းကိုတစ်ချက်ပြန်စိုက်ကြည့်နေလိုက်ပြီး အိပ်ယာပေါ် ပြစ်တင်လိုက်ကာ ထထိုင်လိုက်တယ်။

"တော်ပြီ ရေချိုး‌တော့မယ်"

အပေါ်ဝတ်တွေချွတ်လိုက်ပြီးတော့ အိပ်ယာနားတစ်ခါပြန်လာကာ ဖုန်းကိုကောက်ကိုင်ကြည့်သည်။ ခဏလောက်ငြိမ်သက်နေပြီး သက်ပြင်းသဲ့သဲ့ချကာ ရေချိုးခန်းထဲအဝင်မှာ

"ကတောင်"

ရေချိုးခန်းပေါက်မှာရောက်နေတဲ့ ခြေထောက်တွေက တစ်မဟုတ်ချင်းပဲ အိပ်ယာနား‌လေးရောက်သွားသည်။ ဖုန်းscreenပေါ်က notiကိုကြည့်ပြီး မျက်ဝန်းညိုဖျော့ဖျော့တို့မှာ ရွှင်မြူးရိပ်တို့ပေါ်ထွက်လာတယ်။

(ကိုယ်ကဘယ်လိုနေနေပါ အဆင်ပြေတယ် ခြူးမြင့်ကိုပဲမေးကြည့်လိုက်ပါလား ညီမလေး)

ရွှင်မြူးရိပ်တို့ ပျောက်ပျယ်သွားပြီး မျက်ခုံးတွေတွန့်ချိုးလာကာ အလိုမကျဟန်ကနှုတ်ခမ်းမှာသိသိသာသာပင် စုလုံးလုံးလေးထွက်လာတယ်။ မမမိုးက ဒီစကားတွေပဲထပ်နေဝာာ မသိလေသလား။

"မမမိုးကကွာ..."

စောဖူးရည်နော် ကိုယ့်ဘာသာရေရွတ်ရင်း စိတ်ရှုပ်လာရသည်။ သူဘယ်လိုဘယ်ပုံနဲ့ မမမိုးနားကပ်ရမလဲဆိုတာ တကယ်မသိတော့ပါ။

(မခြူးနဒီမြင့်က အစောကိုacceptမလုပ်ရသေးဘူး)

"....."

ကလေးမရဲ့ replyကိုကြည့်ပြီး မိုးမျက်ခုံးပင့်မိသည်။
ဒီကောင်မလေး အခုငါ့ကိုရစ်နေတာလား? သူစိတ်မရှည်ဝောာ့သလို ကလေးမလေးကိုလည်းခေါင်းခေါက်ချင်လာသည်။ လက်ထဲကကိုင်လက်စ စာအုပ်ကိုချပြီး နဂိုကတည်းကမှ typing ရတာပျင်းတဲ့သူမို့ voice message ဖွင့်ကာ

"အွန်း...ကိုယ်ပြောလိုက်မယ်"

အစောရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးပြူးဝိုင်းလာပြီး ဖုန်းကိုင်ထားတဲ့လက်ကနေ အသံလိုင်းလေးကလျှပ်စီးတွေစီးဝင်လာသလို ရင်တွေတလှပ်လှပ်ဖြင့် တုန်လာတယ်။ သူသိသည် မမမိုးရဲ့ ငြီးငွေ့နေတဲ့ဟန်နဲ့ လေသံခပ်တိုးတိုးလေးကို ကြားတာနဲ့တင်မျက်နှာအမူအရာတွေက ဘယ်လိုဖြစ်နေမယ်ဆိုတာကို။ လွန်ခဲ့တဲ့အချိန်တွေတုန်းကလည်း ဒီလိုပဲသူ့ကိုစိတ်မရှည်စွာနဲ့ အသံတိုးဖွဖွပြုပြီး ပြောခဲ့တဲ့စကားတိုတိုတုတ်တုတ်လေးတွေကို သူသိသည်။ အဲ့ဒီလေသံတိုးညှင်းညှင်းလေးတွေက သူ့ရင်ဘတ်ထဲကို ယားယံစေတယ်။

သူမှအစပြု၍/သူမွအစျပဳ၍Where stories live. Discover now