နွေလရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ စနေနေ့မနက်ခင်းမှာ
တီ တီ တီ ဆိုတဲ့နှိုးစက်မြည်သံလေးထမြည်လာသည်။“သမီးရေ Camellia ရေထတော့ ကျူရှင်သွားရမှာ 6နာရီတောင်ခွဲနေပြီထတော့”
Camellia လဲ အိပ်ချင်မူးတူးနဲ့ထပြီး မျက်နှာသစ် ရေချိုးလေသည်။သူ့အတွေးထဲတွင်
“ဟွန်း နောက်အပါတ် စနေ တနင်္ဂနွေတိုင်းစောစောထနေရတော့မယ် တစ်ပါတ်လုံးအစောကြီးထရတော့မှာဘဲ ငါ့ဘဝကလဲ”
ထိုစဉ်တွင်အမေကအော်လေသည်
“သမီးရေမြန်မြန်လုပ် မေမေတို့ စောစောသွားရမှာ ပထမကျူရှင်စတတ်တဲ့နေ့ဆိုတော့”
“လာပါပြီရှင့် မေမေရဲ့ အချစ်တုံးကြီးလာပါပြီ”
“သွားစမ်းပါ မချစ်ပါဘူး ဘာမှသုံးစားလို့မရတာကို”
“ဟာအမေကလဲ သမီးကကျောင်းတတ်နေရတာ စာနဲ့ဆိုတော့ဘယ်ကူနိုင်ပါ့မလဲ နော်နော်”
“အပြောကြတော့ချိုနေတာဘဲ ဟွန်း”
ကျူရှင်လမ်းတစ်လျှောက် သားအမိနှစ်ယောက် စကားတွေပြောရင်း Camellia တစ်ယောက်
ကျူရှင်ရောက်သွားမှန်းတောင်မသိ။“တာတာ မေမေသွားပြီနော်”
“ဟုတ်မေမေတာတာ”
Camellia ကျူရှင်ခန်းထဲဝင်လိုက်ချိန်ဘယ်သူမှမရှိ။
“ကျူရှင်8နာရီမှစတာကို မေမေလဲအစောကြီးလုပ်ခိုင်းနေတာ ခုဘယ်သူမှလဲမရှိဘူး ပျင်းစရာကြီး”
ထိုစဉ် ကောင်မလေး2ယောက်ဝင်လာသည်။ Camellia ကလဲသူတို့ကိုကြည့် သူတို့2ယောက်ကလဲ Camelliaကိုကြည့်နေကြသည်။
သူတို့2ယောက်တွင်တစ်ယောက်ကပိန်ပိန်ချောချောလေးနဲ့ ချင်းမလေးဖြစ်ပြီးအရပ်ကလဲ Camellia ထက်အနည်းးငယ်သာရှည်သည် သူ့နာမည်ကSofia။
နောက်တစ်ယောက်နာမည်က Mabel အနည်းငယ်သာဝပြီးအချစ်ဖို့အလွန်ကောင်းသည် အသားရည်လေးကလဲဖြူဖွေးနေတာဘဲ ။
မိနစ်အနည်းငယ်လောက် စာသင်ခန်းရဲ့ပတ်ဝန်းကျင်က ငြိမ်သက်နေသည်။ နောက်ဆုံး Camellia လဲပျင်းလာ၍မိတ်ဆက်စကားစဆိုလိုက်ပြီး သူတို့နဲ့အတော်အသင့်လောက်ရင်းနှီးသလောက်ဖြစ်သွားသည်။
YOU ARE READING
Love In Secret
Teen Fictionတစ်ဖက်သတ်အချစ်ကပင်ပန်းလွန်းလှတယ်ဆိုတဲ့စာသားလေးအတိုင်း သူမရဲ့တစ်ဖက်သတ်အချစ်ကဘယ်လိုဆက်ဖြစ်မလဲ... ~~~~~~~~~~~~~ "မဖြစ်နိုင်ပါဘူး.....သူပြန်ကြိုက်မယ်ဆိုတာကြီးက။မဖြစ်နိုင်တာကို ဆက်မမျှော်လင့်တာဘဲကောင်းတယ် မဟုတ်ရင်ကိုယ်ဘဲခံစ...