နောက်တစ်နေ့ ကျောင်းစတတ်ရမယ့်နေ့သို့ရောက်လာသည်။ အတန်းကလဲ အရင်တုန်းကအခန်းမဟုတ်တော့ ဘယ်အခန်းကြမှန်းလဲမသိ။
Camellia မှာ သူဘယ်အခန်းကြလဲတောင်လိုက်မရှာနိုင် သူ့အပူနဲ့သူမိနေရှာသည်။အခန်းတွေခွဲတော့ကံကြမ္မာကရက်စက် Camellia က Austinနဲ့ အခန်းချင်းကပ်ရပ်ဖြစ်နေသည်။ Austin က Eခန်းမှာဆို Camellia က Fမှာဖြစ်နေသည်။ Camellia အတွေးထဲတွင်
"ရက်စက်တယ်ဟာ သူနဲ့အခန်းတူမကြဘူး Fခန်းမှာသွားကြတယ်။ ကံကြမ္မာရယ်အရမ်းရက်စက်တယ်"
Camellia အခန်းထဲဝင်လိုက်ချိန်မှာ အတန်းကထဲမှာရှိတဲ့ ကျောင်းသား ကျောင်းသူလေးတွေကဝိုင်းကြည့်နေကြသည်။
"ငါ့ကိုရုပ်ချောလို့ကြည့်နေတာမဟုတ်တာသေချာတယ်။ ဒီအစ်မကဘယ်ကပါလိမ့် တွေးနေကြတာဘဲနေမယ်"
အတန်းထဲနေရာလဲချပြီးရော Camellia နဲ့အရင်ကအခန်းတူသူငယ်ချင်းရယ် အသစ်ခင်လာတဲ့သူငယ်ချင်းရယ် ရှေ့ဆင့်နောက်ဆင့်ထိုင်ကြသည်။စာတစ်ချိန်သင်ပြီးရော Camellia မိတ်ဆက်စကားလိုက်ဆိုလိုက်တာ အခန်းထဲက ညီမလေးတွေနဲ့ နည်းနည်းရင်းနှီးမှုရရှိသွားသည်။
စာသင်ချိန်ဟိုဘက်ခန်းမှာရှိတဲ့ Austinအငြိမ်မနေ လမ်းသလားလိုက် toilet သွားလိုက်နဲ့လေလွင့်နေသည်။ထမင်းစားချိန်ကြ Austin က Camellia ကိုတွေ့ပြီးလက်ပြနှုတ်ဆက်သွားတယ်။Camelliaရင်ထဲတွက်စူးခနဲလိုလိုနဲ့ ဘယ်လိုခံစားချက်မျိုးမှန်းမသိရသွားသည်။
ညနေကျောင်းဆင်းအိမ်ပြန်ရောက်တော့ ချက်ချင်းနားပြီးဖုန်းကောက်ကိုင်ကာ Iris နဲ့Fredကို သွားပြောပြတယ်
"ဟိတ်ရောင်တွေ လိုင်းပေါ်ရှိလား။ ငါဘုရင်မင်းမြတ်ပြောစရာရှိတယ်"
Fred"လာပါပြီဘုရား"လို့ပြန်ဖြေသည်
"ပြောစေ ဘုရား"ဆိုပြီး စကားစလိုက်သည်
"ကဲကဲ ဘုရင်မင်းမြတ်လုပ်တာတော်ပြီ ငါပြောတော်မူမယ်။ ဒီလိုကွာ ဒီနေ့ ဟိုအကောင်လေ"
"ဘယ်အကောင်လဲ"လို့2ယောက်သားက
"ဪအဲ့အကောင်လေဟာ"
"ဟင် ဘယ်သူကြီးတုန်းအဲ့အကောင်က"2ကောင်သားက
"ဪ 2007 bornလေးဟေး"
YOU ARE READING
Love In Secret
Teen Fictionတစ်ဖက်သတ်အချစ်ကပင်ပန်းလွန်းလှတယ်ဆိုတဲ့စာသားလေးအတိုင်း သူမရဲ့တစ်ဖက်သတ်အချစ်ကဘယ်လိုဆက်ဖြစ်မလဲ... ~~~~~~~~~~~~~ "မဖြစ်နိုင်ပါဘူး.....သူပြန်ကြိုက်မယ်ဆိုတာကြီးက။မဖြစ်နိုင်တာကို ဆက်မမျှော်လင့်တာဘဲကောင်းတယ် မဟုတ်ရင်ကိုယ်ဘဲခံစ...