One

506 59 36
                                    

အေဒီ၆၆၂ ၊ဂိိုဂူလျောပြည် ~

''အိမ်ရှေ့စံ အဲ့လိုမပြေးပါနဲ့ ၊ ခြေချော်လဲလို့တခုခုဖြစ်ရင်ကျွန်တော်မျိုးအပြစ်ခံရပါလိမ့်မယ်! ! မင်းသား ''

ခိုးခိုးခစ်ခစ်ရယ်သံနှင့်အတူ ဝတ်ရုံခပ်ကြီးကြီးကိုမ'ကာ​ဖြင့် နန်းတော်၏အဆောင်လမ်းကြားတွေမှာပြေးလွှားနေတဲ့ ဆယ်နှစ်အရွယ်ကလေးငယ်လေး ၏အပူအပင်မရှိ ကလေးတို့၏သဘာဝအတိုင်းဆော့ကစားနေခြင်းသည် အနောက်ကနေလိုက်နေသည့်အထိန်းတော်ကြီးအတွက်ကတော့ အတော်လေးစိုးရိမ်ပူပန်စရာပုံပေါ်ပါသည်။

''အာ့! ! ''

ခဲလုံးအသေးစားလေးသည်ထိုကလေးငယ်အတွက်အနှောက်အယှက်ဖြစ်ဟန်တူပါသည်။
ပြေးလွှားနေသည့်ကလေးကထိုခဲလုံးသေးသေး၏ကျီစားမှုကြောင့်မြေကြ်ီးပေါ်သို့မှောက်လျက်သားလေးပစ်လဲကျပြီးနဖူးနှင့်မြေကြီးခပ်မာမာသည်မိတ်ဆက်ပြီးသားဖြစ်သွားလေ၏။

''မင်းသားးး! ! ''

အပြေးအလွှားရောက်လာသောအထိန်းတော်သည်သူစိုးရိမ်နေသည့်ကိစ္စကအမှန်တကယ်ဖြစ်လာသည်ကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပုံပေါ်၏။ နဖူးမှချွေးစေးတို့ကိုခပ်ကြမ်းကြမ်းလက်ဖြင့်သုတ်ရင်း ကလေးငယ်ရှိရာဆီသို့အူးယားဖားယားဖြင့်ရောက်လာသည်။

''ဘယ်နားထိခိုက်သွားပါသေးလဲ မင်းသား။
မင်းသားအစားကျွန်တော်မျိုးပဲမှောက်လျက်လဲချင်မိပါတော့တယ်။တကယ်ပါပဲ၊ မပြေးပါနဲ့အန္တရာယ်သိပ်များပါတယ်ဆိုတာကိုဗျာ''

''အို့! မှောက်လျက်လဲတာ အဲ့ဒီလောက်မနာပါဘူး။ အထိန်းတော်ချွဲပြောတာမှပွစိပွစိနဲ့ ၊ နားထဲကနေသွေးစိမ်းရှင်ရှင်ထွက်ကျလုနီးနီး..''

အထိန်းတော်ကြီးက လက်ညိုးဖြင့်နှုတ်ခမ်းကိုပိတ်ကာ..

''ရှုးး! မင်းသား! အဲ့လိုမျိုး အတိတ်နမိတ်မကောင်းတာကိုဖော်ဆောင်တဲ့စကားတွေကိုမပြောပါနဲ့လို့ မင်းကြီးက မိန့်ထားတယ်လေ။ ''

အထိန်းတော်ဆီမှ စကား ကိုကြားတော့ မင်းသားငယ်၏ စိမ်းညို့ညို့မျက်ခုံးနှစ်သွယ်ကတွန့်ချိုးသွားကာ နှုတ်ခမ်းပါးပါးလေးကအရှေ့သို့အနည်းငယ်စူထွက်လာသည်မှာစိတ်အလိုမကျဖြစ်နေသည်မှန်းသိသာလွန်းပါ၏။

Mafia And His Crown Prince[Ongoing]Where stories live. Discover now