I'm Trap { CH - 13 }

533 46 0
                                    

Hae's POV>>>>

သူအဖြူရောင်လမ်းမပေါ်ရောက်နေပြန်သည်။ သူhyukကိုပဲ အော်ခေါ်နေမိသည်။ တစ်နေရာတွင် သူ့အားကျော ပေးရပ်နေသော ကောင်လေးတစ် ယောက် ထိုသူပုံစံက ဆံပင်အဝါရောင် ဂုတ်နားထိ ရှိသည် အရပ်ကလည်း သူနှင့် အတူတူပင် ထိုသူပုခုံးကိုကိုင်လိုက်သော် ထိုသူကသူ့ ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာပြီ်း..................

"ဟင်!! မင်း.........မင်း..."

"ဘယ်လိုလဲ လန့်သွားပြီလား"

" မင်း......မင်းဘယ်သူလဲ ဘာလို့ ငါ့မျက် နှာ အတိုင်းတစ်ပုံစံတည်း ဖြစ်နေတာလဲ"

"hahahahaတူမှာပေါ့ ငါကမင်း ကိုယ်ပွားပဲလေ"

"ဘာ!!!!"

"ငါတစ်ယောက်တည်း မဟုတ်ဘူး မင်းနောက်ကိုလှည့်ကြည့်လိုက်"

haeလှည့်ကြည့်လိုက်သော်...............

"ဟင်! "

သူနဲ့ပုံစံတူနောက်တစ်ယောက်ကိုတွေ့တော့ သူအံ့သြနေခဲ့မိသည်။ဒါပေမယ့် သူ့နောက်မှ သူနဲ့ဆင်တူသောသူက သူ့ရှေ့က သူနဲ့တူတဲ့သူလို ခပ်ပြုံးပြုံး ခပ်မာမာ မဟုတ် သူ့ပုံစံက............တစ်ခုခုကို ဝမ်းနည်းနေသည်။

ထိုစဉ်သူ့ရှေ့မှ တစ်ယောက်က

"hahahahahahahahahahahahaha"

"မင်းဘာလို့ရယ်တာလဲ"

"သေချာကြည့်မနေနဲ့ သူ့က မင်းပဲ"

"ဒါဆိုမင်းက??"

"ငါက မင်းမဟုတ်ဘူး မင်းလိုမပျော့ညံ့ ဘူး ကိုယ်လိုချင်တာကို လက်လွတ်မခံတဲ့သူ ဘယ်နည်းနဲ့မဆို ရအောင်ယူတတ်တဲ့သူ မင်းလိုအရူးတစ်ယောက်လို လွတ်ပေးလိုက်ပြီး အရူးလို လိုက်ရှာနေတဲ့အကောင် မဟုတ်ဘူး
မင်းနောက်ကလူကိုကြည့်လိုက်စမ်းပါ ပျော့ညံ့လိုက်တာ မင်းလိုပဲhahahahahahahahahahahah.

haeနားကိုပိတ်လိုက်ကာ

"မရယ်နဲ့ ငါ့ကိုမလှောင်နဲ့ ငါအဲ့လိုလူစားမျိုး မဟုတ်ဘူး ငါ့ကိုသူနဲ့မနှိုင်းနဲ့"

"ဒါဆိုမင်းရဲ့စိတ်က မင်းနောက်ကလူလား ငါလား??"

"ငါ့စိတ်ကသေချာပေါက်မင်းပဲပေါ့ မင်းလိုမျိုးငါက ဘာမဆို ရအောင်ယူပြီး မစာနာတတ်တဲ့သူ နောက်ကလူလို မှိုင်တွေပြီး မပျော့ညံ့ဘူး"

I'm Trap{ Eunhae }Where stories live. Discover now