Donghae POV~~
"Hyuk! ဒီကောင်လေးက ဘယ်သူလဲ မင်းသူငယ်ချင်းထဲကလည်းမဟုတ်ဘူး "ကျွန်တော် မျက်မှန်နဲ့ကောင်လေးကို ကြည့်ကာ မေးလိုက်သည်။
"ဟို...သူနဲ့က ဒီနေ့မှသိတာ" hyukကျွန်တော့်ကို ပြန်ဖြေလိုက်သည်။
ထိုအချိန်Heechul hyunရောက်လာပြီး ကောင်တာ နားရပ်ကာ စကားပြောနေ သော ကျွန်တော့် နားရောက်လာပြီး "Donghae! ဒီမှာ ဘာလုပ်နေတာလဲ ထမင်းမစားသေး ဘူးလား"
"aww...! Hyun!! မစားရသေးဘူး hyunရော!"
"အခုလေးတင် ဟိုဂွစာနဲ့စားပြီးပြီ ညနေ ကျ ရင်လည်း သူနဲ့အတူအိမ်စာမလုပ်လို့ သန့်ရှင်းရေးလုပ်ရအုံးမယ် ဟူး!!!!......"
"Hyunတို့ကတော့ အမြဲတမ်းဒီလိုချည်း ပဲ "
"Haha.ဒါနဲ့ ဒီတစ်ယောက်က...!!......"
"Ah!! မိတ်ဆက်လက်စနဲ့ အားလုံးကို တစ်ခါ တည်းမိတ်ဆက်ပါရစေ... Annyolharsaeyeol...ကျွန်တော်နာမည်Kibumလို့ခေါ်ပါ တယ် ပန်းချီmajor အလတ်တန်းကပါ" kibumခေါင်းငုံ့ကာ မိတ်ဆက်လိုက်သည်။
"Kibum!!!! Hahaha...မင်းနာမည်က ငါ့အဖေနာမည်နဲ့ အတူတူပဲ" heenimရယ်ကာ ပြောလိုက်သည်။
"ဟို......အမှန်တော့ ကျွန်တော့်မှာkorea နာမည်မရှိဘူး ငယ်ငယ်ကတည်းက နိုင်ငံခြား မှာ ကြီးပြင်းခဲ့တာ ဒီမှာနေတာ သုံးနှစ်ပဲရှိသေး တယ် ကျွန်တော်က kimbaek(ထမင်းလိပ်) ကြိုက်လို့ ဒီကသူငယ်ချင်းတွေက စရင်းနဲ့ Kibumဆိုတဲ့koreaနာမည်ရသွားတာ"
"aww......ဒီလိုကိုး...ဒီလိုပါပဲ နာမည်တူတွေက အများ ကြီးပါပဲ......ကဲ!!Hyun အတန်းပြန် တော့မယ် Hae ah! hyunသွားပြီနော်"
"Nae hyun!"
@ခဏအကြာ
ကျွန်တော် တို့ ထမင်းစားဝိုင်းတွင်တော့ တိတ်ဆိတ်နေ သည်။ကျွန်တော့်ပုံစံက တော့ သိပ်မကြည် ...kibumဆိုသော ကောင်လေး ကို hyukအနားမှာမြင် ရတာ ကျွန်တော့်အတွက် စိတ်ထဲမှာ အသက်ရှုကျပ် နေသလိုပင်...... ကျွန်တော်က hyukကိုတစ်ချက်တစ်ချက် စောင်းကြည့်တိုင်း Kibum ဆိုသော ကောင်လေးက ကျွန်တော့်ကိုကြည့်နေ တဲ့အကြည့်တွေနဲ့ဆုံနေ သည်။ ဘာ့ကြောင့်လဲတော့ ကျွန်တော်မသိ။ ကျွန်တော့်ဘက်က Kibum ဆိုတဲ့ကောင်လေးကိုပြန်ကြည့်တဲ့ အကြည့် တွေကတော့ သိပ်မကြည်တဲ့ အကြည့်မျိုး တွေသာ......