UNICODE
"တက္ကသိုလ်ကျောင်းသားဘဝမရောက်သေးတာတောင် စာလုပ်ဖို့တိုက်ခန်းပေးထားတာလား။ မိုက်လိုက်တာ"
ကျောပိုးအိတ်ကိုတောင် မချနိုင်ဘဲနဲ့ ဆောင်းဟွန်းဟာတိုက်ခန်းပတ်ပတ်လည်ကို ငေးမောကြည်ရှုရင်း အားကျစကားဆိုသည်။ ဟီဆွန်းခေါင်းမှာပတ်တီးတွေရှိနေသေးတောင် ဆေးရုံကနေတော့ ဆင်းလို့ရတဲ့အနေအထားဖြစ်နေပါပြီ။
ဆေးရုံကဆင်းပြီးပြီးချင်းကို စာလုပ်ဖို့တာဆူနေတဲ့ဟီဆွန်းက ဆောင်းဟွန်းနဲ့တော့ ကွာခြားလှသည်။ ကျောင်းဆင်းပြီးတာနဲ့ တစ်နာရီခွဲတိတိစာအတူ လုပ်ကြဖို့မှာသူတို့နှစ်ယောက်ကြားထဲက သဘောတူညီချက်ဖြစ်သည်။
ဟီဆွန်းရဲ့တိုက်ခန်းက ကျောင်းနဲ့ဘယ်လောက်မှမဝေးပေ။ ဆောင်းဟွန်းကအိမ်ကိုသူငယ်ချင်းတွေနဲ့ စာအတူစုလုပ်မယ်လို့ အကြောင်းပြကာ ဟီဆွန်းနဲ့လိုက်လာမိသည်။ အိမ်မှာသူဘယ်ရောက်လို့ ဘယ်ပေါက်နေတယ်ဆိုတာကို စိတ်ဝင်စားတာက အမေတစ်ယောက်သာရှိသည်။
ကျန်တဲ့သူများက သူဘာဖြစ်ဖြစ်စိတ်ဝင်စားကြသည်မဟုတ်။ အဆင့်မကောင်းမှသာ ဆူဖော်ရသည့်အမျိုးဖြစ်သည်။
ဟီဆွန်းကတော့တစ်ခါတစ်ခါ သူ့တိုက်ခန်းမှာဘဲ အချိန်ကုန်သွားတတ်တာကြောင့် အိမ်မပြန်မိတာမျိုးလဲရှိသည်တဲ့။ ဘာလို့များ စာလုပ်ရတာကိုအဲ့လောက်ကြိုက်ရတာလဲ။ သူဘယ်လောက်ဘဲ အပြင်မှာနေနေ အဆင့်ကောင်းသည်မို့လို့ သူ့အိမ်ကလွှတ်ပေးထားတယ်တဲ့လေ။
ဟီဆွန်းနဲ့ဆောင်းဟွန်းရဲ့ ကြီးမားတဲ့ကွာခြားချက်တွေဆိုတာကို အိမ်ရဲ့ယုံကြည်မှု၊အလေးထားခံရမှုနဲ့ ချုပ်ချယ်မှုကင်းမကင်း စတာတွေကအများကြီးက ပုံဖော်ပေးလိုက်ခြင်းဖြစ်သည်။
ဟီဆွန်းကဆောင်းဟွန်းရဲ့ သဘောတကျချီးကျူးသံကြောင့် ကြည်လင်လင်ပြုံးတယ်။ ဆောင်းဟွန်းကိုထမင်းစားပွဲမှာထိုင်စေရင်း
"ငါသံပုရာရည်ဖျော်လိုက်ဦးမယ်။ ဗိုက်ဆာရင်လဲပြော။အိမ်မပြန်ဖြစ်တဲ့နေ့တွေဆို မှာစားနေကြဆိုင်တွေရှိတယ်။ စားချင်တာကိုသာပြော"