ခလောက်သံ ညံစီစွာနှင့် နွားညီနောင်တို့ရဲ့လှည်းကလေး အိမ်ရှေ့စိုက်လေတော့ အမေဖြစ်သူဒေါ်ကျော့မှ ဖိနပ်တောင်မစီးအားပြေး၍ ကြိုရှာသည်။
ကိုယ်လုံးကိုယ်ပေါက်လှလှ ထောင်ထောင်မောင်း
မောင်းနှင့်ဒေါ်ကျော့သည် ခပ်ဖြူဖြူအသားအရည်ကိုမှ သနပ်ခါးတို့ကဖွေးနေအောင်လိမ်းထားသေးသည်။
ပါတိတ်ဝမ်းဆက်နှင့် ရင်ညွှတ်အထိ ကျနေသော လက်သန်းပြားလောက်ရွှေဆွဲကြိုးက လက်ပံပင်ရွာ၏သူဌေးမကြီးမှန်း အလိုလိုပုံဖော်ထားပြီးသားပင်ဖြစ်သည်။"ငါ့သား လူချောလေး...ပြန်လာပြီပဲ.. အမေ့သားလေး!!"
ခြံဝထိပ်၌ပင် ရပ်၍ ဖက်ကာ အလွမ်းသည်နေသော ကိုကိုနှင့် အမေ့အား ကြည့်ပြီး ကျော့ခင်တစ်ယောက်ချောင်းဟန့်သံပြုလိုက်ရသေးသည်။
"အမေ.. ဟောဒီမှာ အမေ့သမီး ကျော့ခင်တစ်ယောက်လုံး ရှိနေပါသေးတယ်နော်!!"
"ညည်းနှယ့်အေ.. ငါ့သားလေးနဲ့က မတွေ့ရတာ နှစ်ပေါက်နေပြီ ... ငါ့သမီးနဲ့က ဟိုရက်ကထိတွေ့တာလေ..မြို့တတ်တဲ့ ခဏလောက်လေးကို!!"
"အမလေး.. ဟုတ်ပါပြီအမေရယ်.. အခု ကိုကိုလည်းအိမ်ပြန်ရောက်နေပြီကို..အိမ်ထဲလေးတော့ဝင်ကြပေါ့!!"
"လာ...သားလေး..အမေတို့အိမ်ထဲဝင်ကြမယ်!!"
"ဟုတ်အမေ!!"
အမေဖြစ်သူ ဆွဲခေါ်ရာနောက် ဆော့ဂျင်တကောက်ကောက်ပါလာရသည်။
ထိုအခါ နှမဖြစ်သူမယ်ခင်ကမကြားတကြားပြောသေးသည်။"အမေချစ်သားနဲ့.သားချစ်အမေတွေ တွေ့ပြီပဲ!!"
ခြံထဲရှိ အလုပ်သမားတစ်ချို့က နွားလှည်းပေါ်ရှိ အထုတ်တချို့ကို ချလို့ပေးကြသည်။
ထို့ကြောင့် ကျော့ခင်လည်း အမေနှင့် ကိုကို တို့နောက်သာလိုက်ခဲ့တော့သည်။သားဖြစ်သူအားကြည့်မဝဖြစ်နေသော အမေကြောင့် ကိုကို နားပါစေဟုသာ ကျော့ခင်ဝင်ပြောမှ အမေယက္ကန်းရုံဘက်ထွက်လို့သွားတော့သည်။
ငဲ့စောင်းကြည့်နေသော အမေထွက်သွားတော့မှ ဆော့ဂျင်သူ့အခန်းလေးရှိရာသို့ဝင်ခဲ့သည်။ သစ်သားကုတင်ပေါ်ဖျာလေးခင်းထားသည်မို့အဝတ်အစားပင်မလဲနိုင်သေးပါပဲ ကျောခဏဆန့်လိုက်ရသည်။

YOU ARE READING
ဝင်္ကဘာအပြေးသမား ❣ maze runner
Fanfictionမင်းမရှိရင် ထွက်ပေါက်မတွေ့သလိုမျိုး တစ်နေရာထဲမှာ လည်ပတ်နေမယ့်ကိုယ်ပါ maze runner