အပိုင်း 1

293 56 45
                                    

လက်ရှိကာလ...

ကတောက် ကတက်..အသံများက Luggage အိတ်ကိုမြေနီလမ်းပေါ်ချဆွဲရာမှ ထွက်ပေါ်လို့လာလေသည်။

လေအေးလေးက တဟုန်ဟုန်တိုက်နေပါသော်လည်း နေအပူကလည်းရဲကနဲပင်။ ခနော်ခနဲ့လျှောက်နေသူနှစ်ဦးမှာလည်း မမြင်ရသေးသောရှေ့ကိုလည်မျှော်မျှော် တခေါ်ခေါ်နှင့်သာ။

"ယွန်ဂျွန်း.. မင်းဟာက ဟုတ်ပါတယ်နော်!!"

"ဆူဘင်းရယ်.. ကိုယ့်ကိုယုံကြည်ပါ ရှေ့နားဆိုရောက်ပါပြီ!!"

"မင်း အဲ့ရှေ့နားဆိုပြီးခေါ်လာတာ နေတောင်မွန်းလွဲနေပြီ!!"

"ဒီတစ်ခါ တကယ်ပါကွာ.. ဒီလမ်းတွေရေးရေးလေးမှတ်မိလာပါပြီ!!"

"နေပါဦး.. အခုထိတောင် ရေးရေးလေးဆိုတော့ မင်းဘယ်အရွယ်ကနောက်ဆုံးလာတာလဲ!!"

"ရှစ်နှစ်... ဟီးး!!"

"ယွန်ဂျွန်း... ငါလှည့်ပြန်မိတော့မယ်နော်!!"

"အချစ်ရယ် စိတ်လျော့ပါကွာ... ငါ့ဘကြီးပြောထားတာ ရွာထိပ်မှာ လက်ပံပင်ကြီးရှိတယ်တဲ့!!"

"နေမဝင်ခင် မင်းရွာကိုတွေ့ရင်တွေ့ မတွေ့လို့ကတော့မင်းနဲ့ငါအပြတ်ပဲ!!"

ဆူဆူစောင့်စောင့် ပြောလာသော လောလောလတ်လတ် ခိုးယူလာသည့် အချစ်ကလေးအား စိတ်မဆိုးစေရန် သူ့အိတ်လေးကိုပါ ယွန်ဂျွန်း ဆွဲယူပေးလိုက်ရသည်။

မိနစ်နှစ်ဆယ်ခန့်ထပ်မံလျောက်လှမ်းလာပြီးသည့်နောက်တွင် ထည်ထည်ဝါဝါနှင့်ရှိနေသော လက်ပံပင်ကြီးကအခန့်သားနှင့်ပင်။

"ယွန်ဂျွန်း... ဟိုမှာ..ဟိုမှာ လက်ပံပင်!!"

"နောက်ဆုံးတော့ရောက်လာပြီ.. ဒါနဲ့ ရွာဆိုင်းဘုတ်က ပျက်နေတယ်..ဟုတ်မဟုတ် ဘယ်လိုလုပ်ရမလဲ!!"

"အဟင်း... လူတစ်ယောက်လောက်တွေ့ရင်ကောင်းသားကွာ!!"

ကောင်လေးနှစ်ယောက် ခေါင်းငိုက်စိုက်ချလျက် ရွာထိပ်တွင်သောင်တင်နေလေသည်။
ထိုစဥ် တစ်ချက်တစ်ချက် တိုက်ခတ်လာသောလေအဝှေ့တွင် သီချင်းသံ သဲ့သဲ့ကို ကြားလိုက်ရသည်။

"ယွန်ဂျွန်း.. သီချင်းသံကြားလိုက်လား!!"

"ဟင်!!"

ဝင်္ကဘာအပြေးသမား ❣ maze runnerWhere stories live. Discover now