ပျောက်ဆုံးနေသောမောလဒန်မြို့တော်ကြီး part2

7 1 0
                                    

ဆမ်ဒီနေ့သူငယ်ချင်းတွေအတူတူ စူးစမ်းရှာဖွေဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ကြတယ်။  ဆမ် "နင်တို့ဘာတွေလိုအပ် လဲ ဝယ်ထားကြ တဘက်ခါကျမှ အဲငါဟိုဟာမေ့တယ်ဒီဟာမေ့တယ်လာမပြောကြနဲ့" မင်းမြတ် "အေးပါကွာ မင်းကလဲစိတ်ကြီးဘဲ "
ဆမ် တို့လေးယောက်တဆိုင်ဝင်တဆိုင်ထွက်လိုအပ်တာတွေလိုက်ဝယ်နေကြရင်း ဆမ်တယောက် ရင်းနှီးတဲ့အငွေ့အသက်ကိုခံစားမိတာကြောင့်
အနောက်ကိုလှည့်ကြည့်လိုက်မိသည်။
သို့သော် ဘယ်သူမှသူ့အနောက်မှာမရှိပေ။
နွယ်က"ဆမ်ဘာလုပ်နေတာလဲသွားမယ်လေ"
ဆမ်စိတ်ထဲမှာဇဝေဇဝါနဲ့ဘဲနွယ့်နောက်ကို
လိုက်သွားတော့သည်။
ဆမ်မသိတာက ဆမ်အနောက်ကို လိုက်နေသောအဖြူရောင်ဝတ်ရုံနဲ့လူတယောက်
မင်းမြတ်"ဆမ် ဟျောင့် မင်းဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လားမင်းကို ကြည့်ရတာခနကအကောင်းကြီးပါအခုဘယ်လိုဖြစ်ရတာလဲ"မင်းမြတ်ကမေးတော့နွယ်ကဆမ်နဖူးကိုစမ်းကြည့်ပြီး"ကိုယ်လဲမပူပါဘူး နင်ဘာဖြစ်နေတာလဲဟင် ငါတိူ့သိလို့ရမလား"
နွယ်ကအဲလို​ပြောလိုက်တော့ကျန်နှစ်ယောက်ပါခေါင်းငြိမ့်ပြပြီး
ဆမ်ပြောပြမှာဂရုတစိုက် နားထောင်နေကြသည်။
ဆမ်"ငါနင် တို့နဲ့ ခနကဆိုင်ထဲလိုက်ဝင်ခဲ့တယ်လေ အေးအဲမှာငါ့အနောက်ဘက်မှာရင်းနှီးတဲ့အငွေ့သက်ကိုခံစားနေရလို့   နောက်လှည့်ကြည့်လိုက်တာ
ငါဘယ်သူမှမတွေ့ခဲ့ဘူး " မိချစ်က "နင်စိတ်ထင်လို့နေမှာပါ" ဆမ်" မဟုတ်ဘူးမိချစ်
ငါစိတ်ထင်တာမဟုတ်ဘူး ကျစ်  ဘယ်လိုပြောပြရမလဲကွာ     ငါစိတ်ကရှိနေတယ်လို့ကိုပြောနေတာကွာ ငါစိတ်ထဲမှာ ခံစားနေရတာ ဒါပေမယ့်ငါအဲလိုစိတ်ထဲ
ခံစားနေရတာတမျိုးကြီးဘဲ" နွယ်"ဘယ်လိုမျိုးတမျိုးကြီးလဲ ငါတိူ့ပြောပြဆမ်"
ဆမ်" ငါစိတ်တွေအလိုလိုနေရင်ပူဆွေးသောက
ရောက်နေသလိုခံစားရတယ် ဘာကိုပူဆွေးနေမှန်းလဲ
ငါမသိဘူးနွယ်"
မင်းမြတ် "မင်းကိုတစုံတခုလိုက်နှောင့်ယှက်နေတာလား"
ဆမ်"ငါမသိတော့ဘူးကွာ"ဆမ်ကိုကြည့်ရတာတစုံတခုက လိုက်နှောက်ယှက်နေတဲ့ပုံစံမျိုး မင်းမြတ်တို့
သုံးယောက် သူ့တို့သူငယ်ချင်းအခုလိုတခါမှမဖြစ်ဖူးဘူး သူတို့သူံးယောက်ခေါင်းချင်းဆိုင်ပြီးနောက်
မိချစ်" ဆမ်နင် အခုလိုဖြစ်နေတာမကောင်းဘူး
ငါတို့တွေနတ်ဆရာမနဲ့ပြသင့်တယ် "
ကျန်နှစ်ယောက်ကလဲတိုက်တွန်းနေတာကြောင့်
ဆမ်လဲမငြင်းတော့ဘဲသူတိူ့နဲ့အတူတူ နတ်ဆရာမဆီကို လိုက်သွားတော့သည်။
နတ်ဆရာမအိမ်က တော်တော်ဝေးတယ် မြို့ပြင်အထိ  ဆမ်တို့ကားမောင်းလာခဲ့ရတယ်
မြို့ပြင်က အိမ်အိုကြီးနားရောက်တော့
မိချစ်က "ဒီအိမ်ဘဲဆမ် လာဆင်းကြမယ်" မင်းမြတ်က "မိချစ်ဒီအိမ်ကြီးကိုကြည့်ရတာစိတ်ထဲတမျိုးဘဲ ဘယ်လိုကြီးလဲဟကြောက်စရာကြီး ပြောရင်နဲ့ကြက်သိမ်းတောင်ထတယ် အမယ်လေး"နွယ်"ကဲပါမင်းမြတ်ရဲ့ ကြောက်နေတာခနမေ့ထား ဆမ်အတွက်ငါတို့ လာတာကို နင်ကယောကျာ်းမဟုတ်တဲ့အတိုင်း
ကြောက်နေတာ"မင်းမြတ်"နင်ကလဲ ယောကျာ်းလဲမကြောက်ရဘူးလို့ဘယ်အစိုးရကပြော
ထားလို့လဲ"နွယ်ကဘာမှမပြောဘဲခေါင်းခါနေလိုက်သည်။

ပျောက်ဆုံးနေသောမောလဒန်မြို့တော်ကြီးWhere stories live. Discover now