ပျောက်ဆုံးနေသောမောလဒန်မြို့တော်ကြီး part3

9 2 0
                                    

အားးးး!!!!!!အော်သံတခုကိုနွယ်တိူ့ရောစူးစမ်းတဲ့
အဖွဲ့ပါကြားတာကြောင့် အကုန်လုံးလက်နက်တွေကိုယ်စီနဲ့
ထိုအသံကြားရာစီထွက်လာခဲ့ကြသည်။

ထိုနေရာနားရောက်တော့ ဟင် ဟာ
အကုန်လုံးအံ့သြ သွားရသည်။
အကြောင်းမှာဆမ်တယောက်
အမည်မသိထူးဆန်းသောသတ္တဝါအား
လေပေါ်တွင် ဝှေ့ယမ်နေသည်။ ဆမ်မျက်လုံးများမှာလဲနီရဲဒေါသထွက်နေတဲ့အမူအရာပင်

နွယ်တို့သုံးယောက်
ဆမ်အနားကိုသွားပြီး "ဆမ် ဆမ် ဆမ်" ပုခုံးပုတ်ပြီး လှုပ်လိုက်မှ ဆမ်တယောက်သတိဝင်လာပြီး ထိုသတ္တဝါလဲကြောက်အားလန့်အားနဲ့တောထဲဝင်ပြေးသွားတော့သည်

ဆမ်က"ငါဘာဖြစ်သွားတာလဲ" အကုန်လုံး
ဆမ့်အားအံ့သြသောအမူအရာဖြင့်ကြည့်
နေကြသည်။

ပါးပါးက "ဆမ် ဘယ်လိုဖြစ်တာလဲ
ပါးပါးတိူ့ကိုရှင်းပြပါအုန်း"
ဆမ်
"ဆမ်စခန်းဘက်ပြန်လှည့်လိုက်တော့ သစ်ပင်
ကြီးတပင်ပေါ်ကနေ ဆမ်ကိုနီရဲစူးရှတဲ့မျက်လုံး
တွေနဲ့ကြည့်နေတဲ့သတ္တဝါ တကောင်
ဆမ်လဲသူ့ကိုကြည့်ပြန်လိုက်တယ်
ခနအကြာတော့ အဲဒီသတ္တဝါပျောက်သွား
ပြီး ဆမ်သေချာကြည့်နေရင်း ရုတ်တရက်
ဆမ့်အရှေ့မှာ ပေါ်လာပြီး လက်သည်းချွန်
နဲ့ဆမ့်ရင်ဝကိုထိုးဖိူ့လက်ကိုမြောက်လိုက်တဲ့အချိန်
မှာအားးးဆိုတဲ့ အသံ ဘဲကြားရပြီး
​ကျန်တာဘာမှမသိတော့ဘူး ပါးပါး"

ပါးပါးဟင်ကနဲ သက်မ ချပြီး "ဆမ်ဘာမှမဖြစ်တာ
တော်သေးတယ် ဒီနေရာမှာသိပ်ကြာကြာနေလို့မကောင်းတော့ဘူး
ငါတို့ခရီးဆက်ကြရအောင် အားလုံးဘဲ ဒီကနေထွက်ခွာ ဖို့ပြင်ဆင်ကြ"

အားလုံးထိုနေရာထွက်ခွာရန်ပြင်ဆင်နေကြသည်။

ဆမ် ကားပေါ်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကို
တွေးနေမိတယ်/သူငါ့ကိုကယ်ခဲ့တာလား
အခုငါစိတ်ထဲမှာသူအငွေ့အသက်တွေမခံစားရဘူးဖြစ်နေတယ် သူဘယ်ပျောက်သွားတာလဲ/

ဆမ်တို့အဖွဲ့နှစ်ညအိပ်သုံးရက်ခရီးဖြင့် ထွက်လာခဲ့ရာ

နောက်ဆုံးမရဏတောစပ်ကိုရောက်လာခဲ့ပြီး
ပါးပါးက "ကဲအားလုံးဘဲအရှေ့မှာမြင်နေရတဲ့
တောက အရမ်းအန္တရာယ်များတယ်
သတိဝီရိယ ရှိရှိနဲ့ဂရုစိုက်ကြ
ဆမ် မင်းတို့အဖွဲ့ကပါးပါးတို့အဖွဲ့နဲ့ဘဲ
အတူတူသွားရမယ်
ကဲအားလုံးဘဲလိုအပ်တဲ့ပစ္စည်းတွေကိုသယ်လာခဲ့ကြ
သွားကြမယ် "

ပျောက်ဆုံးနေသောမောလဒန်မြို့တော်ကြီးWhere stories live. Discover now