Part 4

927 13 1
                                    

At Dar Dar's Home,

တင်းတောင်🔔
(ဟိုလူ့ဂွစာ ထမင်းချိုင့်လာယူတာနေမယ်)

🧔"မစုလဲ့နိုင်ရှိလား"
👱"ရှိတယ် ခန" အသံကိုချေသလိုလိုနဲ့လှမ်းထူးပြီး တံခါးဖွင့်လိုက်တယ်
🧔"ဟိုထမင်းချိုင့်လာယူတာပါ"
👱"အင်း ရော့ ဒီမှာထမင်းချိုင့်"
🧔"ဘာလို့အစောကြီးပြင်ထားတာလဲ လဲ့ရယ် စောင့်နေချင်သေးတာကို"
လူ့ဂွစာပေါက်ကရပြော‌ဖို့စကားစမှန်းသိတာမို့
👱"စောင့်စရာမလိုအောင်တမင်အမြန်လုပ်ထားတာ ရပြီလား သွားတော့ ဒါဒါလေးထမင်းစားနောက်ကျနေမယ်"
🧔"ပြန်ရတော့မှာလား အင်းပါ နှင်လွှတ်တော့လဲပြန်ရတော့မှာပေါ့ အထဲတောင်ဝင်မ‌ထိုင်ခိုင်းတော့ဘူးလား"
👱"မဝင်နဲ့တော့လေ ထမင်းချိုင့်လာယူတာမလား အဆင်သင့်ဖြစ်အောင်လုပ်ထားတယ်လေ ယူပြီးပြန်တော့ပေါ့ ဘာလို့ဝင်ထိုင်ဦးမှာလဲ"
🧔"ဪ... အဲ့တာဆိုလဲပြန်လိုက်ပါဦးမယ်နော် နောက်နေ့လဲ ဒါဒါအိပ်ရာထနောက်ကျပါစေ"
👱"နှာဘူး ကြွကြွ" မျက်စောင်းထိုးကာ တံခါးပိတ်လိုက်တော့သည်
အပြင်မှာတော့ ဦးမျိုးနိုင်တစ်ယောက် ရီကျန်ခဲ့တော့သည်

- - - - -

👸"ကျေးဇူးပဲနော် ဦးမျိုး တီစုနဲ့ကော ရန်ဖြစ်ခဲ့သေးလား ဟီး"
🧔"သွားတိုင်းရန်ဖြစ်ရအောင် ရန်သူမှမဟုတ်တာ ဒါပေမယ့် ဦးမျိုးစလိုက်လို့ သူစိတ်ဆိုးပြီး မျက်စောင်းကျွေးခံလိုက်ရသေးတယ် ဟားဟား"
👸"တီစုကိုဘယ်တော့ဖွင့်ပြောမှာလဲ ဦးမျိုး ခနခနတော့ရန်မဖြစ်ပါနဲ့ တော်ကြာအငြင်းခံနေရဦးမယ်"
🧔"ရန်ဖြစ်ပြီးမတည့်ရာကနေ တွဲဖြစ်ရင် ပိုချစ်တယ်တဲ့သမီးရဲ့"
👸"ဪ... အဲ့လိုလား ဟားဟား"
🧔"ဟားဟား.... ဦးမျိုးပြန်ဦးမယ် သမီးရေ..."
👸"ဟုတ်"
🌧️"ဦးမျိုးက တီစုကိုကြိုက်နေတာလား"
👸"ဟုတ်တယ်မိုးရေ ဟိုတစ်နေ့က အစ်လိုက်တာ ထွက်လာတာ ဦးမျိုးက drawingဆရာဆိုတော့ စိတ်ချရတယ်လေ"
🌧️"တီစုတို့ အသက်ကြီးမှ စန်းတွေပွင့်နေတာ အားကျတယ်ဗျာ"
👸"အားကျမနေနဲ့ crush မရှိရင် ဒါဒါဟိုတခေါက်တွေ့တဲ့ဆရာဝန်နဲ့ ချိတ်ပေးရမလား"
🌧️"မဆိုးဘူး ဒါပေမယ့် ခုတော့မဟုတ်သေးဘူး ဟားဟား"
👸"Okလေ တွေ့ချင်ပြောချိတ်ပေးမယ် agency ခ တော့ ပေးရမယ်နော်"
🌧️"မောင်လေးတစ်ယောက်လုံးရှိတယ်အလကားယူ"
👸"အမလေး မောင်စိတ်မဝင်စားပါဘူးနော် တို့ကကိုကိုပဲ"
🌧️"ဟုတ်လား နောက်မှ‌ မောင်လေးတွေအရမ်းကောင်းတယ်ဖြစ်နေမယ်နော်"
👸"လုံးဝပဲ"
🌧️"မှတ်ထားလိုက်မယ်နော် Dateလေးနဲ့ ဟားဟား"
ဒါဒါလဲတူတူလိုက်ရီလိုက်ပါတော့သည်

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now