Ringtone 🔔
Ringtone 🔔
Ringtone 🔔
ဒါဒါရေချိုးနေတုန်း ဖုန်းလာတာ၃ခါရှိပြီမို့ bathrobe ဝတ်ပြီး အမြန်ထွက်ကြည့်တော့ သူမရဲ့ ချစ်လှစွာသော စိုင်း..
ဒါဒါလဲ ဖုန်းပြောရင် ကြာမှာစိုးလို့ ဖုန်းမကိုင်သေးဘဲ အသံပိတ်ကာ ရေပြန်ချိုးနေလိုက်သည်။ ရေချိုးပြီး အဝါဖျော့ရောင် ညဝတ်အင်္ကျီလေး အမြန်ဝတ်ပြီး ဖုန်းပြန်ဆက်ဖို့ကြည့်လိုက်တော့ ဒါဒါတစ်ယောက် မျက်လုံးပြူးသွားရပါတော့သည်။ အကြောင်းမှာ...
Dar Dar's mind (ဘုရား ဘုရား.. missed call 50)
ဘယ်သူလဲဝင်ကြည့်တော့ သူမပိုပြီးမှင်သက်သွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ မကြာသေးခင်က သူ့ကိုဖွင့်ပြောထားတဲ့ စိုင်းဖြစ်နေတာကြောင့်ပင်။ ဒါဒါပြန်ခေါ်ဖို့အလုပ် သူ့ဆီကဖုန်းဝင်လာတာနဲ့ ကိုင်လိုက်တော့ သူကပဲစပြီး
🤴"Hello မမ ဘာလုပ်နေတာလဲဗျာ တခုခုဖြစ်လို့လား စိတ်ပူလိုက်ရတာ ခုကော ဘာလုပ်နေလဲ blah blah...."
စိုင်းရဲ့ မဆက်မပြတ် မေးခွန်းများကြောင့် ဒါဒါ့မှာ ဘာပြန်ဖြေရမှန်းတောင်မသိတော့လောက်အောင်ပင်
👸"နေပါဦး စိုင်းရယ် ဖြည်းဖြည်းပြောပါ ဒါဒါခုနက ရေချိုးနေတာ ပြီးတော့ ဖုန်းသံပိတ်ထားမိလို့ မကြားလို့ ခုမှဖုန်းကိုင်တော့ တွေ့လို့ပြန်ဆက်မယ်လုပ်နေတာ စိုင်းဆက်လာတာနဲ့တိုးလို့ ဘာမှလဲမဖြစ်ဘူး အပိုတွေပြောမနေနဲ့"
🤴" 'မ'ကလဲ ကျွန်တော်အပိုပြောနေတာမဟုတ်ပါဘူးဗျာ.. တကယ်စိတ်ပူသွားတာ 'မ'က ဒါတွေဘယ်သိမလဲ ကျွန်တော်ကချစ်နေရသူဆိုတော့ ဒီလိုခံစားချက်မျိုးတွေ ဖြစ်တယ်ဗျ"ဒါဒါက ရှင်းပြပြီးဒီတိုင်းလေးပြောလိုက်တာကိုတောင် သူကရအောင်ချွဲလိုက်သေးသည်။
Dar Dar's mind (စိုင်းရေ... ဒါဒါဆိုတဲ့ ဒီအပျိုကြီးကို ဒီလောက်ပဲ ချွဲပါရှင်... ဒီကလဲ ချစ်မိနေတဲ့သူမို့ ကြာရင် အဖြေပေးမိတော့မယ် တကယ်ပဲ)
ဒါဒါလဲ စိုင်းရဲ့ပြောစကားများကို နှာခေါင်းရှုံ့ကာ မျက်စောင်းလေးထိုးပြီး စိတ်ထဲကနေပြောနေလိုက်သည်။ ဒါကိုတော့ သူသိမည်မထင်။
YOU ARE READING
မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံ
Romanceအရမ်းချစ်အရမ်းချွဲပြီး ကိုကြီးတွေလို ဂရုစိုက်ပေးတတ်တဲ့ ၂၃နှစ်အရွယ် CEO မောင်🤴 အသက်သိပ်မကွာပေမယ့် မမလိုအရမ်းရင့်ကျက် ပြပြီး အမြဲဆုံးမတတ်တဲ့ ၂၅နှစ်အရွယ် Tutor မမ👸 မ 🤍 မောင် ဇာတ်လမ်းလေးတွေကြိုက်တဲ့သူများဝင်ဖတ်ကြည့်ပါနော်😚 ပထမဆုံးficကောင်းမကောင်းကတေ...