Lullabies

1K 124 15
                                    

တစ်လနဲ့ နှစ်ပတ်ဟာ အချိန်နှေးနှေးလား ၊ အချိန်မြန်သလား အီသန်မသိ ။
ဒါပေမဲ့ တစ်လနဲ့နှစ်ပတ်သော အချိန်အတွင်းမှာ အီသန်နဲ့ ဝီလီယမ်၏ ရင်းနှီးမှုဟာ အတော်လေး အရှိန်ပြင်းပြင်း တောက်လောင်နေသည့်မီးတောက်ကလေးလို စိတ်အားထက်သန်ပြီး ပျော်ရွှင်စရာ ကောင်းကြလှတာကိုတော့ အီသန်သိသည် ။

ပိုဖြတ်မိလိုက်တဲ့ ရုပ်ရှင်လက်မှတ်တွေကနေ အတူတူကြည့်ချင်လို့ ဂီတပြပွဲလက်မှတ်နှစ်စောင် ဖြတ်လာမိကြောင်း တည့်တည့်ပြောလာတာမျိုး ၊
ထမင်းအတူတူစားကြမလားလို့ ချိန်းဆိုမှုတွေကနေ
ရုံးဆင်းချိန်ဆို ကုမ္ပဏီရှေ့ ရောက်နှင့်နေတာမျိုးအထိ တရင်းတနှီးနေသားတကျ ဖြစ်လာ၏ ။

သူငယ်ချင်းလုပ်ကြရအောင်ဆိုသည့် သဘောတူညီမှုမရှိ ၊ သူငယ်ချင်းလို့ ဖြစ်မနေပါသည့် ဆက်ဆံရေးလေးမှာ အီသန်က ဝီလီယမ့်ကို သဘောတကျဖြစ်နေပြီး ဝီလီယမ့်၏ လိမ်ညာ၍မရနိုင်သော မျက်၀န်းတွေထဲမှာလည်း အချစ်ကို ရှာတွေ့နိုင်သည် ။

ဆောင်းရာသီကို တိုး၀င်လာသလောက် မြောက်ပြန်လေဟာ ခပ်အေးအေး ။
အီသန်က နှစ်ထပ်၀တ်ထားသည့် ကုတ်အင်္ကျီကို တစ်ကိုယ်လုံးလုံအောင်ပြင်ဝတ်ရင်စ ခန္ဓာကိုယ်ကို ကျုံ့ထားမိသည် ။

" အီသန့် ! "

အသံချိုချိုကလေးက နားထဲ၀င်လာသည်မို့ စက္ကန့်မခြားစွာ လှည့်ကြည့်မိရတော့ တစ်ကိုယ်လုံး အလုံထုတ်ထားသည့် ဝီလီယမ်ဟာ ကောက်ညှင်းထုပ်ကလေးလို အီသန့်ရှေ့ကို ရောက်လာသည် ။

Puddingအညိုရောင် အကြီးကြီးထဲ မြုပ်နေသည့် ကိုယ်သေးသေး ၊ ဆံပင်လိမ္မော်ရောင်တွေကို မမြင်ရအောင်အထိ ဆောင်းထားသည့် beanie အညိုရောင်ပေါ်ကို အင်္ကျီကခေါင်းစွပ်ပါ ပြန်စွပ်ထားလေတော့ အညိုလုံးကလေး ဖြစ်လို့နေပြီ ။
ဒါတောင် လက်အိတ်ကလေးက အနက်ကလေး ဖြစ်နေလို့ ၊ မဟုတ်ရင် အညိုရောင်တွေချည်းရှိတဲ့ ကော်ဖီဆိုင်ရှေ့ အီသန်က ဝီလီယမ့်ကို အရုပ်လေးလို ချထားခဲ့ချင်စရာ ။

" အီသန် ဘာတွေ တွေးနေတာတုန်း "

စိတ်မရှည်တဲ့ လေသံလေးနဲ့ ဝီလီယမ်က အီသန့်နှလုံးသားအတွက်တော့ ချိန်ကိုက်ဗုံးကလေး ။

𝑩𝒍𝒐𝒐𝒎𝒊𝒏𝒈 𝑳𝒖𝒍𝒍𝒂𝒃𝒊𝒆𝒔 // 𝑯𝒆𝒆𝑺𝒖𝒏Where stories live. Discover now