3 Zawgyi

1 0 0
                                    

ညနေ ၄ နာရီ ဖြစ်သည်။ သာမန်နေ့ရက်များတွင် နေ၏ အလင်းရောင်ကောင်းကောင်းရှိနေသေအချိန်ဖြစ်သဖြင့် ကျွန်တော် စာအုပ်တစ်အုပ်အုပ်ကို ဖတ်နေကြ အချိန်ပင်။  ယခုမူ ကောင်းကင်ယံတွင် တိမ်ညို တိမ်မည်းများ ဖုံးလွှမ်းနေသဖြင့် နေရောင်ပင်မရှိတော့။ စာဖတ်ရန် စာကြည့်စားပွဲရှေ့ထိုင်နေသော ကျွန်တော်ပင် စာမဖတ်နိုင်ဘဲ တရိတ်ရိတ် တတ်လာသော တိမ်ညိုများကိုကြည့်ကာ ကြောက်သလိုလို စိုးရိမ်သလိုလို စိတ်အလိုမကျ စိတ်ဂနာမငြိမ်ဖြစ်နေမိသည်။ ပြတင်းပေါက်မှတဆင့်ကောင်းကင် ကို အာရုံစိုက်စွာကြည့်နေရင်း ရုတ်တရက် လျှပ်စီး က 'ဝင်း' ခနဲ့ လင်းသွားသည်။ ကျွန်တော်လည်း ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချကြာ လက်နှစ်ဖက်က နားများကိုအုပ်လျှက် ခေါင်းကို ငုံ့ ကာ မျက်စိစုံမှိတ် ၍
'မိုးချိန်းတော့မယ် ချိန်းတော့မယ်'
နှုတ်မှတုန်ရီစွာရေရွတ်နေမိသည်။
ကျွန်တော်ဟာ လျှပ်စီး မိုးကြိုး တွေ့နဲ့ သူတို့ရဲ့အသံ ကို သေမလောက်ကြောက်တတ်ပါတယ်။ မွေးရာပါအကြောက်တရား ဖြစ်သည်မို့ ပြုပြင်လို့လည်းမရ။
ထို့ကြောင့်ပင် အဆောင်နေစဉ်က အပေါင်းအသင်းများရဲ့ စ နောက်ချင်းကို အမြဲခံရသည်။ ကျွန်တော်ဤသို့ကြောက်တတ်သည်ကို နားလည်ပေးသည့်သူမှာ များများစားစားမရှိ။ ဖေဖေရယ် မေမေ ရယ် နောက်ပြီးတော့ ...........သူပေါ့

' မိုးတွေက လည်းမတိတ်သေးဘူးလား'
သူ ကျွန်တော့်ကိုကြည့်ပြီး ပြုံးသည်။
'ဟဲ့ ဇွဲ နင်တစ်ယောက်တည်း အသက်ပါတာမဟုတ်ဘူးနော် ငါတို့ရော ပြီးတော့ ဆရာမရော ရှိတာဘဲ ကြောက်မနေပါနဲ့'
ကျွန်တော်နှင့်မျက်နှာချင်းဆိုင်မှာ ထိုင်နေနဲ့ ပန်းအိမှ ခပ်စွာစွာ ပြန်ပြောသည်။
ကျူရှင်ဆင်းချိန်မရောက်သေးသော်လည်း အရမ်းရွာနေသောမိုးသံကြောင့် စာဆက်သင်လို့ မရ။ မီးပါပျက်နေသောသောကြောင့် လျှပ်စီး အရောင်များက တဝင်းဝင်းဖြစ်နေသည်။ ဆရာမ အိမ်လေးဟာ ထရံ အကာဖြစ်သဖြင့် မိုသံများက ပို၍ကျယ်လောက်နေသလိုပင်။ ကျွန်တော်နှင့်မျက်နှာချင်းဆိုင်တွင်မိန်းခလေးနှစ်ယောက်ရှိပြီး ကျွန်တော့်ဘေးတစ်ဖက်က ကျော်ကြီးရှိပြီး ကျန်တစ်ဖက်တွင် စားပွဲခုံအောက်က ကျွန်တော့်လက့်ကိုဆုတ်ကိုင်ထားသော သူရှိနေသည်။ ကျွန်တော့် စိတ်ရဲ့ မတည်ငြိမ်မှုများဟာ သူ့ရဲ့လက်ဖဝါးနွေးနွေးလေးကြောင့် ငြိမ်သက်နေသလိုပင်။ ပြုံးပြီးကြည့်နေတဲ့ သူ က ကျွန်တော့်စိတ်တွေကိုအပိုင်သိမ်းသွင်းယူထားတာကြောင့် မိုးချိန်း သံတစ်ချို့ပင်အာရုံမစိုက်မိပေ။

' ဂျိန်း..' (မိုးကြိုးပစ်သံ)
'အမလေး' ' ဘုရား' ထိုင်နေတဲ့ လူတွေအကုန် နားပိတ်ကာ စားပွဲပေါ်သို့မှောက်လိုက်သည်။
ကျွန်တော်လည်း အရမ်းကြောက်နေပြီး နားကိုပိတ်ကာ ခေါင်းကိုအောက်ဆိုက်လိုက်သည်။ ကျွန်တော့်၏ နှဖူးသည်အရှေ့က စားပွဲနှင့် မိတ်ဆက်ရမည်ဖြစ်သော်လည်း သူ၏ လျှင်မြန်စွာဝင်ကာပေးထားသော လက်နွေးနွေးလေးကြောင့် ကျွန်တော့နှာဖူးပြင်ဟာ အာလူးထ ရန်အခြေအနေမှဝေးကွာခဲ့ရသည်။ ထိုအပြင် ကျွန်တော်အပေါ်မှ အုပ်မိုးကာကာပေးထားသဖြင့် သူ့၏ရင်ခွင်အတွင်းသို့ လုံးလုံးရောက်သွားသည်။ နွေးထွေးသည်။ ကျွန်တော်အရမ်းကြိုက်သည့် သူ၏ ကိုယ်သင်းနံ့လေး။ နောက်ပြီးတော့ ကျွန်တော့်လည်ပင်းသားကိုထိနေတယ့် သူ့ရဲ့ဆံပင်လေး။ အရာအားလုံးကို ကျွန်တော်နှစ်သက်သည်။
'ဇ မကြောက်နဲ့နော် ..ငါရှိတယ်'
ကျွန်တော်ဘာမျှမပြောနိုင် အားလုံးပုံမန်ထိုင်လျက်ပြန်ဖြစ်မှ
'ကျေးဇူးဘဲ နောင်'

———————DELICATE——————-

'သား ...ဘယ်လိုကြီးနေနေတာတုန်း  ထထ
ဘယ်နှယ့် စာကြည့်စားပွဲအောက်ကြီးမှာ'
ကျွန်တော် မျရည်စများ တွဲခိုနေသော မျက်ဝန်းများဖြင့် မေမေ့ကိုကြည့်ကာ

'မေမေ သား မှဘာလို့ဒီအကြောက်တရားကြီးကရှိနေရတာလည်းဗျာ သားလည်းသူများတွေလိုမကြောက်ဘဲ နေချင်တာပေါ့ ဒါပေမယ့် ဒီကြောက်စိန်ကြီးက ဘယ်လိုမှ ထိန်းခုပ်လို့မရဘူး'
ကျွန်တော်ဝမ်းနည်း စွာ မေမေ့ပေါင်ပေါ်မှာငိုချမိလိုက်သည်။

'သား လူတိုင်း မှာအကြောက်တရား ကိုယ်စီရှိတာမို့ ကိုယ့်ကိုယ်ကို သိမ်ငယ်မနေပါနဲ့ကွယ် ။ ပြုပြင်မရတဲ့အရာကို အရှိတိုင်း လက်ခံရမယ်နော်သား ထထ မေမေခေါက်ဆွဲပြုတ်ထားတယ် သွားစားရအောင်'
ကျွန်တော်မျက်ရည်များကို သုတ်ကာမေမေနောက်မှခပ်သွက်သွက်လိုက်သွားလိုက်သည်။
မေမေကတစ်ခုခုကို သတိရသွားဟန်ဖြင့်
'အော် ဒါနဲ့ မေမေပြောဖို့တစ်ခုကျန်သေးတယ် ။ မနက်ဖြန်  သားသူငယ်ချင်း တစ်ယောက် အိမ်လာမယ်တဲ့ သားဖုန်းက ဆက်မရလို့တဲ့'
'ဟီးဟုတ်တယ် သားဖုန်းစက်ပိတ်ထားတာ မိုးရွာနေလို့
သားသူငယ်ချင်းတွေကများကြီးဘဲရှိတာလေမေမေရဲ့  သူကဘယ်သူတဲ့တုန်း'
မေမေ အနည်းငယ်စဉ်းစားပြီးမှ
'ဘာတဲ့ အောင် ဘယ်သူဆိုလားဘဲ'
'ဗျာ  သူက စစ်ကိုင်းထိလာလည်မယ်ဟုတ်လားမေမေ နောက်ပြီး သူက အောင်ဘယ်သူ မဟုတ်ဘူး တစ်လုံးတည်း 'အောင်' ဘဲဖြစ်မှာမေမေ'
သေခြာသည်က ခဏနေစားရတော့မည့် ခေါက်ဆွဲပြုတ်ဟာ အရသာမသိဘဲ ကျွန်တော့်ဗိုက်ထဲရောက်တော့မည်ဖြစ်သည်။
'အောင်'လာမည့် ကိစ္စက ကျွန်တော့်ကို တစ်ညလုံး အဖြေရှာမရသောပုဒ်စာအလားပင်ဖြစ်နေတော့မည်သာဖြစ်သည်။

ဆက်ရန်

DELICATE (သိမ်မွေ့သော)Where stories live. Discover now