ဟိုးး ရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည် ရှိခဲ့ဖူးတယ်။
သိပ်လှပတဲ့ တိုင်းပြည်ပေါ့။မှိုင်းညို့နေတဲ့ တောင်တန်းတွေ ဝန်းရံနေသော တိုင်းပြည် ၊
ပင်မ မြစ်နှင့် အခြား မြစ်လက်တက်များ အသွယ်သွယ် စီးဆင်းနေသော တိုင်းပြည် ၊
ရတနာ ကျောက်မြတ်ထွက်သော တိုင်းပြည်၊၁၂ ရာသီ မပျက်
ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာလျက် ရှိသော တိုင်းပြည် ၊
ရှားပါးတိရစ္ဆာန်နှင့်
ကုန်းနေ ရေနေ သတ္တဝါများ ပေါများသော တိုင်းပြည် ၊
ထို သို့ သယံဇာတ ပေါများသော ပြည်၊
တိုင်းပြည် အပေါင်း၏ အားကျ အာရုံစိုက်ခြင်းကို ခံရသော တိုင်းပြည် ။ထို ပြည်ဟာ ယွမ်မင်းဆက်တို့ အုပ်စိုးသော
ယွမ်ပြည်ထောင် ဖြစ်သည်။
ယွမ်ပြည်ထောင်ဟာ အင်အားကြီး နိုင်ငံ
မဟုတ်သလို သေးငယ်တဲ့ နိုင်ငံလည်း မဟုတ်ပေ။တိုင်းပြည် အတွင်းရှိ လူများသည်
မဟုတ်မမှန် မပြော၊
သူတစ်ပါးကို မကောင်းကြံခြင်း မရှိ၊
အပုပ်ချခြင်းမရှိ၊
ပကတိ စိတ်ထားကောင်းမွန်သည်မှာ
အောက်ခြေပြည်သူပြည်သား ကအစ
ဘုရင် မှူးမတ် အဆုံး ဖြစ်သည် ။
ထို့ကြောင့် ထိုတိုင်းပြည်တွင် မတရားမှု မရှိ ၊
ထောင်ရှိသော်ငြား အကျဥ်းသား မရှိ ပေ။ထိုတိုင်းပြည်တွင် နာမည်ကြီးသည်ကား မျက်နှာဖုံးအုပ် စစ်သူကြီး မျိုးရိုးများပင် ဖြစ်သည် ။
ဟုတ်သည်..၊ ဒီတိုင်းပြည်က စစ်သူကြီး မှန်သမျှ မျက်နှာဖုံး တပ်ကြသည်။
မျက်လုံးအောက်မှ စ၍ လည်ပင်းထိ ကိုယ့်အမှတ်အသား ကိုယ်စားပြုအရောင်များဖြင့် အုပ်ထားရခြင်း ဖြစ်သည် ။
မျက်နှာဖုံးအုပ် စစ်သူကြီး များ ဟု
နာမည်ကြီးကြသည်။
လက်ဝဲ စစ်သူကြီး ၊ လက်ယာစစ်သူကြီး နှင့်
နယ်ခြားစောင့် စစ်သူကြီး အမျိုးမျိုး ရှိကြသည်။
ထူးချွန်ထက်မြတ်မှုနှင့် ရဲစွမ်းသတ္တိ
ပြည့်စုံကြသောကြောင့် အိမ်နီးချင်းတိုင်းပြည်များအထိ ဂုဏ်သတင်းထင်ရှားကျော်ဇောသည်။ယခု ယွမ်ပြည်ထောင်တွင်
ဝမ်မင်းဆက် အုပ်စိုးနေခိုက် ဝမ်မင်းကြီး ၏ သူငယ်ချင်း ဖြစ်သူ စစ်သူကြီးသည်
နယ်စပ်ဒေသအား စောင့်ကြည့် စေလွှတ်ရန်
အမိန့်ကျလာသည်။
စစ်သူကြီး၏ ဇနီးသည်လည်း အမျိုးသမီး စစ်သူကြီးပင် ဖြစ်ပြီး ကိုယ်ဝန်အရင့်အမာနှင့်
ဖြစ်သောကြောင့် အတူတကွ ရွေ့ပြောင်းရန်
စီစဥ်ပြီး
နယ်စပ်ကို မသွားခင် ဝမ်မင်းကြီး ထံ လာနှုတ်ဆက်ကြခြင်း ဖြစ်သည်။
YOU ARE READING
စစ်သူကြီးအား တော်ကောက်ခြင်း
Romance"ဖခမည်းတော် ဘုရား!! သားတော် ရှောင်စစ်သူကြီး ကို လိုချင်ပါတယ် " " ရှောင်စစ်သူကြီး ကို ဘာလို့ သားတော်က လိုချင်ရတာလဲ" " ယုန်သွားလေးတွေ ရှိနေလို့ပါ ဖခမည်းတော် " "ဟေ..!!"