အပိုင်း ၂

1.2K 88 17
                                    


"ခိခိ!!...ခစ်ခစ်"

အောက်သွားနှစ်ချောင်း ပေါက်နေပြီ ဖြစ်တဲ့
အိမ်ရှေ့စံလေးဟာ..တခစ်ခစ်နှင့် မျက်လုံးလေး
တွေမှိတ်တဲ့အထိ ရီနေတာလည်း ဖြစ်သည် ။
ဝမ်အိမ်ရှေ့စံအနေနဲ့
ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားတဲ့ ခပ်ရှုပ်ရှုပ် လူတွေကြားမှာ
မျက်လုံးဝိုင်းလေးတွေ ပဲ မြင်ရတဲ့ စစ်သူကြီးပေါက်စလေးကို အထူးအဆန်း ဖြစ်ခဲ့တယ် ထင်ပါသည်။

မျက်နှာဖုံးလေးကို ဆွဲချွတ်လိုက်ပြီးနောက်..ထို မျက်နှာဖုံးလေးကို လက်ဖြူဖြူဖောင်းဖောင်းလေးတွေနှင့် ကျစ်နေအောင် ကိုင်ထားသေး သည်။

နန်းရင်ပြင်က လူတွေအားလုံးက အိမ်ရှေ့စံလေး၏
အပြူအမူကို အံ့သြနေကြပေမယ့် ဘာမှတော့ မပြောကြပေ။

"ဟို... ပေးနော်"

ရှောင်းကျန့်လေးက ထိုအိမ်ရှေ့စံလေးဆီက မျက်နှာဖုံးလေး ပြန်တောင်းသည်။

"ဘူး..!!ဘူး...!!ဘူး..."

တဘူး ဘူး ထအော်ပြီးနောက် အိမ်ရှေ့စံလေးက မျက်နှာဖုံးလေးကို ဆွဲထားသည်။

ရှောင်းကျန့် သံချပ်ဝတ်စုံအောက်မှ ခန္ဓာကိုယ်လေးသည်အနည်းငယ် ချွေးပြန်နေပြီ ဖြစ်သည် ။
မျက်နှာဖုံးက အရေးကြီးတယ် လို့ ပါပါးက ခဏခဏပြောတာ။
ကိုယ့် မျက်နှာကို သူများကို ပြလို့ မရဘူးလို့လည်း ပြောဖူးသည်။
အခု သူ့မျက်နှာကို အကုန်လုံးက မြင်သွားပြီ ဖြစ်သောကြောင့်... သူ့ပါပါး က ဆူလိမ့်မည်ဟု ထင်ကာ..

"မျက်နှာဖုံးလေး
ပြန်ပေးနော်.. မဟုတ်ရင် ပါပါးက ဆူလိမ့်မယ်။"

ရှောင်းကျန့်လေးက စကားပြောတော့ ဝမ်အိမ်ရှေ့စံက
စိုက်ကြည့်ကာ ဘာမှ အသံမှ မထွက်ပေ။

"ပြန်ပေးနော်...!"

မျက်နှာဖုံးလေးကို ရှောင်းကျန့် က မရဲတရဲနှင့် ပြန်ယူတော့
တစ်ဖတ်က အိမ်ရှေ့စံလေးကလည်း ပြန်ဆွဲထားသည်။

"မာ...မာမား ဒီမယ်!!"

ရှောင်းကျန့်က သူ့မယ်တော်ကို တိုင်တည်ကာ ခေါ်တော့...
ဝမ်အိမ်ရှေ့စံက..

"ဘူး..ဘူး...ဘူးး!!"

ထအော်သည်။

"မာမား..သားဟာကို မပေးဘူး...အီးဟီး!!"

စစ်သူကြီးအား တော်ကောက်ခြင်း حيث تعيش القصص. اكتشف الآن