"ကျနော် ပြောမယ် ၊
...*^#&....အဲ့အတိုင်းလုပ်။""ဗျာ...!!!!"
အိမ်ရှေ့စံ၏ ခပ်တိုးတိုး တိုင်ပင်မှုအပြီး
ကိုယ်ရံတော် အုပ်စု၏ အာမေဋိတ်သံများက
ခပ်ကျယ်ကျယ်ပင် ထွက်လာကြသည်။"အဲ့...အဲ့လိုကြီးက!!
မဖြစ်ဘူးထင်တယ် အိမ်ရှေ့စံ။"မျက်နှာတွေရှုံ့မဲ့ကာ
ခေါင်းတခါခါနှင့် ငြင်းပေမယ့်..."ကျနော် က လုပ်ဆို လုပ်၊
သူတို့ ဆိုင်ထဲကနေ ထွက်တာနဲ့ စမယ်။
ပြီးတော့ ဒီမျက်နှာဖုံးပါ ယူသွား "အိမ်ရှေ့စံ ရဲ့ အမိန့်ကို ကြားအပြီး
အကုန်လုံး သက်ပြင်းတွေချကာ
ခေါင်းညိမ့်ပြလိုက်ရတော့သည်။"ဒါနဲ့အိမ်ရှေ့စံ တခုတော့ သတိပေးပါရစေ၊
အိမ်ရှေ့စံရဲ့ စစ်သူကြီး ကောင်လေးက အိမ်ရှေ့စံကို သတိမထားမိသေးဘူး၊
အဲ့တော့ စကားပြောရင် နည်းနည်းလောက်စိတ်ရှည်ပါ၊
မဟုတ်ရင် အိမ်ရှေ့စံ မှန်း ချက်ချင်း ရိပ်မိသွားမှာ""ဟုတ်ပါတယ် အိမ်ရှေ့စံ
ပြီးတော့ ခဏခဏ စိုက်မကြည့်ပါနဲ့
အိမ်ရှေ့စံ အကြည့်မှာတင် ဘယ်သူလဲ ဆိုတာ
တခါထဲ တန်းပေါ်သွားပါလိမ့်မယ်""ကျနော် သိတယ်!"
"သြော်..ဟုတ်ကဲ့ပါ ဒါဆို
ကိစ္စပြီးရင် လျှို့ဝှက်လမ်းကနေ ပြန်ဆုံပါ့မယ်"စေတနာနှင့် သတိပေးပေမယ့် ထုံးစံအတိုင်း
သူတို့ အိမ်ရှေ့စံက
ကျနော် သိတယ် ချည်းပဲ ပြောနေတော့ ကိုယ်ရံတော် တစ်သိုက် နှာခေါင်းရှုံ့ကာ အရိုအသေပေးပြီး ထွက်ခဲ့တော့သည်။*..ဒါနဲ့ မဆီမဆိုင် သူတို့အုပ်စု
ကိုယ်ရံတော်ကနေ ခါးပိုက်နှိုက် လုပ်ရဦးမယ် *ရှောင်းကျန့် တို့ ဆိုင်ထဲက ထွက်လာတော့ သူတို့ သုံးယောက် နှင့် အနည်းငယ်
ခပ်လှမ်းလှမ်းတွင် ရှိသည့် အိမ်ရှေ့စံ ဝမ်ရိပေါ်က ဒင်္ဂါးအိတ်ကို ရှေ့တည့်တည့်ကနေ ဘေးဘက်ကို နေရာပြောင်းထားလိုက်သည်။ခဏအကြာ...
"ခါးပိုက်နှိုက်..ခါးပိုက်နှိုက်!!
ဒီမှာ...ဒင်္ဂါးအိတ်ကို လုနေတယ်၊"
YOU ARE READING
စစ်သူကြီးအား တော်ကောက်ခြင်း
Romance"ဖခမည်းတော် ဘုရား!! သားတော် ရှောင်စစ်သူကြီး ကို လိုချင်ပါတယ် " " ရှောင်စစ်သူကြီး ကို ဘာလို့ သားတော်က လိုချင်ရတာလဲ" " ယုန်သွားလေးတွေ ရှိနေလို့ပါ ဖခမည်းတော် " "ဟေ..!!"