တစ်ပိုင်းတစ်စ

7 0 0
                                    

တစ်နေ့ role call ထိုးတော့ သူ့နာမည်လေးရှာကြည့်မိသည် ဖူးစာလို့ပြောရလေမလား သူနဲ့ကိုယ့်ကြား တစ်ယောက်ပဲခြားသည် သူလက်မှတ်ထိုးရမဲ့နေရာလေးကို ခဲ့တံဖြင့် အသဲပုံလေးခတ်နှိပ်လိုက်သည် စိတ်ကျေနပ်သွားတော့ ပြန်ဖျက်လိုက်သည် ကိုယ်အဲ့လောက်မရဲ

ကိုယ်သူ့ကို messenger မှာစကားသွားပြောဖြစ်သည်
သူစကားပြောတာချစ်ဖို့ကောင်းသည် ကျွန်တော်ကျွန်တော်နှင့် စကားဆုံးတိုင်းဗျလေးခံသည်
ယောက်ျားလေးတိုင်းအဲ့လိုပဲ‌ပြောလေသလားတော့မသိ
သူပြောမှပိုချစ်ဖို့ကောင်းသေချာသည် ကိုယ်တောင်အကျင့်ဖြစ်ခဲ့သေးသည် သူတဗျဗျသုံးတာလေးကို

သို့သော် crush တို့ထုံးစံအတိုင်း သူအရမ်းချေပါသည်
ကိုယ်ကဘသူလဲဆိုတာပြောပြပြီးသည့်အချိန်ကစလို့ပေါ့ အတန်းထဲမှာတော့စကားပြောမည့်အခွင့်အရေးမရှိ
သူကလည်းလူအေးလေးလေ မိန်းကလေးတွေနဲ့သိပ်မရော စာကြိုးစားသည် ကိုယ်သဘောကျရတဲ့အကြောင်းအရင်းတစ်ခုပေါ့

ချေတယ်ဆိုသည်ကား seen ပြပြီး စာမပြန်တာတို့
ကိုယ်နဲ့စကားပြောနေရင်း ကိုယ့်စာကို seen တော်တော်နဲ့မပြဘဲ class gp  ထဲကျစကားတွေသွားပြောတဲ့ သူအဆိုးလေးပေါ့ ကိုယ့်မှာ depression အကြီးကြီးဝင်ခဲ့ရတာပေါ့

စကားပြောသည်ဆိုတော့ အထင်မကြီးကြပါနဲ့ဦး ကိုယ်ကပဲ သိပြီးသားစာတွေကို ပိန်းဉလုပ်ပြီး စာသွားသွားမေးရတာပေါ့ သူမှတ်ထားတဲ့စာလေးတွေရိုက်ပို့တော့
ပုံထဲ သူ့လက်ကလေးပါလာသည် ယောက်ျားလေးလက်လို့ မထင်ရအောင် ရှည်ရှည်သွယ်သွယ်လေး

သူကအသားညိုသည် ကိုယ်နဲ့ယှဉ်ကြည့်မယ်ဆို size ကွာလောက်ပေမဲ့ အခန်းထဲကယောက်ျားလေး‌တွေထဲ
သူအသေးဆုံး မျက်ခုံးထင်းထင်း နှာတံစင်းစင်း သွားထက်ကလေးများနှင့် ဘယ်နှာခေါင်းထိပ်မှာ မြတ်နိုးစရာ မှဲ့ကလေးရှိသည် နှုတ်ခမ်း‌‌မွှေး‌ ရေးရေးလေးများရှိသည် ကိုယ်သဘောအကျဆုံးက အဲ့နှုတ်ခမ်းမွှေးရေးရေးလေးတွေပေါ့ နှုတ်ခမ်းလေးဖူးသယောင်ယောင်လေး သူ့အသံကိုတော့ မကြားဖူးသေးပါ ကြားတော့ကြားဖူးဦးမှာပေါ့
ပြီးတော့ အတန်းထဲ အလွန်ဆော့သည်ဆိုပဲ ကိုယ်မသိပါ သူနဲ့နီးတဲ့ ကိုယ့်အကြောင်းသိတဲ့သူများက တဆင့်ပြောပြခြင်း ဒီအချက်ကိုယ်နဲ့တူသည်

အခန်းထဲရှိသမျှ မိန်းကလေးတော်တော်များများသိပါသည် ကိုယ်သူ့ကိုသဘောကျနေတယ်ဆိုတာကိုပေါ့
ကိုယ်ကလိုက်အာချောင်ခြင်းပင် ငါ့crushလေဆိုပြီး
ဒါမှ ကိုယ်တစ်ယောက်တည်းအပိုင်လို့ ခံစားရတာပေါ့

ကိုယ်ကတော့ သူ့ကို တစ်ရက်ထက်တစ်ရက်
ပိုပိုသဘောကျလာလေသည် နေမြင့်လေအရူးရင့်လေဆိုသလို ပိုသ‌‌ဘောကျလာသည်နှင့်အမျှ နာကြင်ရတာလေးတွေလည်း ရှိလာလေသည်....

~~~~~~~~~~~~~~~~~~~~~

အမှတ်တရလေး‌ တွေမမေ့ပျောက်ခင်တရက်တပိုင်းလောက် ရေးဖို့ စိတ်ကူးကလေး ရှိပါသည် ~

ရူးသွပ်ခဲ့သော အချိန်များ  /သို့/  မေ့မရသော အခိုက်အတန့်များ ( My Youth )Where stories live. Discover now