Present ❤

4 2 0
                                    

Unicode

အဝါရောင်တွေကိုသိပ်မုန်းပါသည်။

အဝါရောင်ကပျော်ရွှင်မှုကိုကိုယ်စားပြုတယ်တဲ့....
ဘဝမှာပျော်ရွှင်မှုဆိုတာဘယ်ဟာမှန်းတောင်မသိရတဲ့ကျွန်မကအဝါရောင်တွေကိုသိပ်မုန်းပါတယ်။

အဝါရောင်တွေနဲ့အတူနွေရာသီတစ်ခုမှာသူမသာ
ကျွန်မရဲ့အနားကိုရောက်မလာခဲ့ရင်ဖြင့်
အရင်ကအတိုင်းကျွန်မအဝါရောင်တွေကိုဆက်မုန်းမိနေပါအုံးမည်။

ကျွန်မကိုအဝါရောင်တွေနှစ်သက်လာအောင်လုပ်ဆောင်နိုင်ခဲ့တဲ့သူမနာမည်လေးကနွေအရိပ်တဲ့လေ။
အေးချမ်းပြီးလှပတယ်။နွေးထွေးပြီးမြတ်နိုးဖွယ်ကောင်းတယ်။

နွေရာသီကိုသဘောကျတဲ့သူမအဝါရောင်တွေကိုနှစ်သက်တဲ့သူမကအုံ့မှိုင်းအေးစက်ကြမ်းတမ်းတဲ့မိုးရာသီကိုသဘောကျတဲ့ကျွန်မ မိုးမခ ရဲ့
ဟိုး..နှလုံးသားအနက်ရှိုင်းဆုံးနေရာအထိနေရာယူခဲ့နိုင်တယ်။

တစ်ချိန်ထဲမှာဘဲသဘောကျတဲ့ခံစားချက်ရောမုန်းတဲ့ခံစားချက်ရောဒွန်တွဲနေခဲ့ပေမယ့်ကျွန်မ မိုးမခ ကမျက်စိမှိတ်ပြီး နွေအရိပ် ကိုဘဲရွေးချယ်ခဲ့တယ်။
သူမသာဘေးနားရှိနေမယ်ဆိုအဝါရောင်နဲ့နွေရာသီဆိုတာကျွန်မအတွက်အကြိုက်ဆုံးအရာဘဲ။
အဲ့လိုကိုရူးမိုက်စွာနဲ့ကျွန်မမိုးမခကနွေအရိပ်ဆိုတဲ့ကောင်မလေးတစ်ယောက်အပေါ်ကိုနက်နက်ရှိုင်းရှိုင်းနစ်ဝင်မိခဲ့ပါရဲ့....

နွေအရိပ်ဆိုတာကျွန်မလုံးဝမုန်းပါတယ်ဆိုတဲ့အဝါရောင်နဲ့နွေရာသီကိုတောင်သဘောကျလာအောင်လုပ်ဆောင်နိုင်သောစွမ်းရည်ရှိတဲ့တစ်ဦးတည်းသော
သက်ရှိနတ်ဘုရားမလေး။မိုးမခအတွက်နွေအရိပ်ဆိုတာပျော်ရွှင်မှုလေးလှပတဲ့နွေရာသီလေး...

"မ"

နွေအရိပ်ရဲ့ 'မ' ဆိုတဲ့ခေါ်သံအောက်မှာ မိုးမခ ရေးနေတဲ့ဒဏ္ဍာရီစာအုပ်လေးဟာအဆက်ပြတ်လို့

"အရိပ်လေး ဘာပြောစရာရှိလို့လဲ"

"မ စာရေးနေတာလား
အရိပ်နှောင့်ယှက်မိပြီထင်တယ်"

"အရိပ်လေးကလွဲရင်ကျန်တာတွေ မ အတွက်အရေးမကြီးပါဘူး"

"အရိပ်တို့ shopping ထွက်ရအောင်"

Summer and Happiness Where stories live. Discover now