2

7.5K 694 101
                                    

အပိုင်း - ၂ -

လဝက်ခန့်အကြာမှာတော့ အပန်းဖြေစံအိမ်ကနေ ကြင်ယာတော်လန် ပြန်ရောက်လာတယ်၊ သူပြန်လာတဲ့အချိန်မှာ အရင်ကစည်ကားနေတတ်တဲ့မိန်ကွေ့အဆောင်မှာ ချိတ်ပိတ်ထားနှင့်ခဲ့ပြီ။

တိတ်ဆိတ်အေးစက်နေတဲ့နန်းကျဆောင်ထဲ ဝင်လာတဲ့ ကြင်ယာတော်လန်ကိုလဲတွေ့ရော ရှောင်းကျန့်မှာသွေးအန်တော့မတတ်ဖြစ်သွားပြီး ဒေါသတကြီးဆဲရေးတော့တယ်။

ရိုးသားချင်ယောင်ဆောင်ထားတဲ့မျက်နှာဖုံးနဲ့လူ၊ ကောင်းကင်ကကျလာတဲ့နတ်ဖုရားတစ်ပါးလို၊ သူတော်ကောင်းဟန်ဆောင်ထားတဲ့သူမှန်း အမှန်မမြင်နိုင်ပဲ ဘာကြောင့်များယုံကြည်ခဲ့မိတာလဲ။

ရှောင်းကျန့်အဖြစ်က မြွေပွေးကိုခါးပိုက်ထဲထည့်ထားခဲ့သလို ဖြစ်နေတာ၊ ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ နောက်ကျောဓားအထိုးခံခဲ့ရတာကို နာကြည်းလွန်းလို့ ဖြစ်နိုင်ရင် ဒီအပေါ်ယံမျက်နှာဖုံးတွေကိုခွာချပြီး လူကိုပါ တစ်စစီဆွဲဆုတ်ပစ်ချင်မိတယ်။

ကိုယ်ဖြစ်ရပ်အတွက်လဲ ရှောင်းကျန့်အတော်လေးအရှက်ရမိတယ်၊ သူ့ဘ၀တလျှောက်လုံး ဒီလိုအေးစက်ပြီးလူသူမရှိတဲ့ နန်းကျဆောင်ထဲမှာ တစ်ယောက်တည်းအိုပြီးသေတဲ့အချိန်ထိ ပိတ်ထားခံရတော့မယ်နဲ့တူတယ်။

သွားလေသူအဖိုးဖြစ်သူရဲ့ မိဖုရားဖြစ်စေချင်တဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တော့မယ် မထင်တော့ဘူး၊ ရှောင်းကျန့် တကယ့်ကိုမှလူပေါင်းမှားခဲ့တာ။

ကြင်ယာတော်လန်ကိုမြင်ရတော့ သူ့အရှေ့ကနေ ရက်ရက်စက်စက်ဆွဲထုတ်ပြီး ခေါင်းဖြတ်ဖို့ခေါ်သွားခံရတဲ့ ပေါင်ချွဲ့ကိုပါ ပြန်မြင်ယောင်သွားတယ်။

ဒါကြောင့် တချိန်ကမဟာမိတ်ဆိုပြီး လွဲမှားစွာမှတ်ယူခဲ့မိတဲ့မိစ္ဆာကောင်ကို မမြင်ချင်တော့တာကြောင့် ရောက်လာတဲ့လူကို ချက်ချင်းရန်လုပ်မိတော့တယ်။

"မြင့်မြတ်လှတဲ့ကြင်ယာတော်လန်က ဒီလိုမျိုးနိမ့်ကျတဲ့နေရာကို ဘာကိစ္စနဲ့ရောက်လာပြန်တာလဲ.. ငါ့ဆီကနေဘာတွေများ ထပ်လိုချင်သေးလို့လဲ?"

Royal Concubines [ 冰红茶 / 宫斗] • COMPLETED •Where stories live. Discover now