အရုပ်ကြိုးပျက်လဲကျသွားသောကျွန်တော်ရဲ့ခန္ဓာကိုယ်။ကျွန်တော်အသိရှိနေခဲ့ပါသေးသည်။မောင်ပြန်လာမလားဟူ၍ မျှော်လင့်ချက်သေးသေးလေးဖြင့်ဆက်၍သာ ထိုနေရာတွင် လဲလျှက်စောင့်နေမိသည်။ကျွန်တော်လောကကြီးနှင့်အဆက်အသွယ်ပျက်သွားသည်အထိ မောင်ဟာရောက်မလာခဲ့ပါ။~°~°~°~°~°
" မောင် "
ကျွန်တော့်ရဲ့မျက်လုံးအစုံကိုအားယူကာဖွင့်သည်။လူကနည်းနည်းမျှပင်အားမရှိတော့ တစ်ကိုယ်လုံး ကိုင်ပေါက်ခံထားရသကဲ့သို့ နာကျင်နေသည်။ဘေးနားကအသံတစ်ချို့ကိုတော့ ကျွန်တော်ကြားနေမိသည်။
" သောယံ "
" မောင်.. မောင်လားဟင် "
" သောယံသတိထားပါဦး ငါလေ ဒါဒါ "
" မောင်... မောင် ငါ့ကိုမထားခဲ့ပါနဲ့ "
" သောယံ ... သတိထားပါဦး သူငယ်ချင်း "
' တီ တီ တီ '
ရုတ်တရပ်ကျဆင်းသွားတဲ့နှလုံးခုန်နှုန်း
" ဘေးဖယ်ပေးကြပါ။အပြင်ထွက်ပေးကြပါ "
" ဒေါက်တာ ကျွန်မသူငယ်ချင်းကို ကယ်ပေးပါနော် "
" အခုအပြင်ထွက်ပေးပါ။ ကျွန်တော်တို့အစွမ်းကုန် ကြိုးစားပေးပါ့မယ် "
ဒါဒါ မျက်ရည်တွေဝဲလာသည်။ငယ်ငယ်ကတည်းကပေါင်းလာသည့်သူငယ်ချင်းမို့ပိုလို့ပင်စိုးရိမ်နေမိသည်။
အခုလိုအခြေအနေမျိုးမှာပင်ပေါ်မလာသည့် သောယံ၏ မောင်ဆိုသောသူကိုသိပ်ကိုအသည်းပေါက်မိသည်။အခန်းရှေ့ဝယ် ခေါက်ပြန်လျှောက်ရင်း ရသမျှဘုရားကိုရွတ်ဆို နေမိတော့သည်။
" လူနာပုံမှန်ပြန်ဖြစ်သွားပါပြီ "
" ရှင်... ကျေးဇူးတင်လိုက်တာဒေါက်တာရယ် ဒါဆို ကျွန်မ... ဝင်ကြည့်လို့ရပြီလားမသိဘူး "
" လူနာရှင်နဲ့ကျွန်တော်စကားပြောချင်ပါတယ်။ရုံးခန်းထဲလိုက်ခဲ့ပေးလို့ရမလား "
" ဟုတ်ကဲ့ပါဒေါက်တာ "
ဒါနရီထက် ဒေါက်တာ့နောက်သို့လိုက်သွားလိုက်သည်။ပြောမည့်စကားများကသီတင်းကောင်းသာဖြစ်ပါစေဟုသူဆုတောင်းရင်းပေါ့
YOU ARE READING
နောင်တရမယ့်အရာတွေရှိလာခဲ့မယ်ဆိုရင်မောင်ငါ့တန်ဖိုးကိုသိလာပါလိမ့်မယ် [One Short]