Unicode
သာယာလှပတဲ့မနက်ခင်းတစ်ခုရဲ့နေရောင်ခြည်အလန်းတန်းတစ်ချို့ဟာကုတင်ထက်၌အိပ်ပျော်နေသောကောင်လေးတစ်ယောက်ရဲ့မျက်နှာချောချောလေးပေါ်မှာဖြတ်ပြေးနေတယ်
မျက်နှာထက်၌ဖြတ်ပြေးနေတဲ့အလင်းတန်းတစ်ချို့ကြောင့်စိတ်အလိုမကျမှုများစွာနဲ့နိုးလာခဲ့တယ် သူ့လိုလူမျိုးကမည်သူတစ်ဦးတစ်ယောက်ဆီကမှ လွမ်းမိုးတာမခံသလို အခုမျက်နှာပေါ်ကျရောက်နေတဲ့အလင်းတန်းတွေကလည်းသူ့အားလွှမ်းမိုးချင်နေသယောင်
အိပ်ယာထက်မှလျင်မြန်စွာထကာ အခန်းထဲသို့ထိုးဖောက်ဝင်ရောက်နေသောအလင်းတန်းများကိုတားဆီးရန်ပြတင်းပေါက်အား "ဝုန်း"ကနဲပိတ်ချလိုက်သည်
ထို့နောက်အိပ်ယာထက်၌ပြန်လည်အိပ်စက်သော်လည်းအိပ်မပျော်၍ရေချိုးရန်ရေချိုးခန်းထဲသာဝင်လိုက်တယ်
ရေချိုးအဝတ်စားလဲပြီးအောက်ထပ်ဆင်းလာတော့ထမင်းဝိုင်း၌လူစုံနေပြီးသူ့အားအံဩသလိုကြည့်လာကြသည်
"သားJungkookလေးဒီနေ့အစောကြီးပါလားဘာလို့လဲသားCompanyမှာအလုပ်ရှိလို့လား"
သူ့အမေရဲ့အမေးကိုတော့Jungkookကခေါင်းတစ်ချက်သာခါပြလိုက်သည်
"ကိုတော်ချောရယ်အမြဲတမ်းမျက်နှာကဆူပုတ်ပုတ်နဲ့ဘာတွေအလိုမကျဖြစ်နေရတာလဲတစ်ခါတစ်လေမိသားစုနဲ့ပျော်ရွှင်ရွှင်လေးမနက်စာစားပါအုံးလား"
သူ့ရဲ့နေ့တိုင်းလိုလိုကိုဖြစ် နေတဲ့မရယ်မပြုံးခပ်တည်တည်မျက်နှာအနေအထားကြောင့်အကိုကြီးဖြစ်သူKim Seok Jinမှစကားဆိုလိုက်ခြင်း

YOU ARE READING
Be With You💛
FanficUnicode JK-ကိုယ့်ဘဝရဲ့အချစ်ဆိုတာTaeနဲ့မှစတင်သလို Taeနဲ့ပဲအဆုံးသတ်တယ် Taeကသာကိုယ့်အ တွက်အရာရာမို့နေ့ရက်တိုင်းကိုယ်နဲ့အတူ တူအမြဲရှိနေပေးပါ Tae-Taeကိုအမြဲပျော်ရွှင်မှုတွေ၊နွေးထွေးမှုတွေ ပေးတဲ့JeonကသာTaeအတွက်တစ်ဦး တည်းသောချစ်ရတဲ့ကောင်လေးပါ Zawgyi JK-က...