"ဆယ်ဟွန်း
ဟိုမှာ စီနီယာကင်ဂျွန်မြောင်လာနေပြီ"ဂျုံးအင်ရဲ့ အသိပေးသံကြောင့် ခုံတန်းပေါ် လှဲအိပ်နေရာမှ ရုတ်တရက်ထထိုင်လိုက်မိသည်။
ဂျုံးအင်ညွှန်ပြရာကို ကြည့်လိုက်တော့ တကယ်ပဲ ဖြူဖြူနုနုနဲ့ ဒီတက္ကသိုလ်မှာ စာအတော်ဆုံးဟု နာမည်ကြီးသော စီနီယာကင်ဂျွန်မြောင်ပင်။
ကြည့်နေရင်းနှင့်ပင် ခပ်လှမ်းလှမ်းရောက်သွားသောကြောင့် ဆယ်ဟွန်းလဲ ထိုစီနီရာရှိရာသို့ ပြေးလာမိသည်။
"စီနီယာ ကင်ဂျွန်မြောင်
ခနလေးပါ"သူအသံကြားသောကြောင့် နောက်ပြန်လှည့်လာသော စီနီယာနဲ့ သူ့သူငယ်ချင်း တစ်ယောက်...
"ဘာကိစ္စရှိလို့လဲ ဂျူနီယာလေး"
ချိုမြမြ အသံလေးကြောင့် ဆယ်ဟွန်းခန ကြောင်နေမိသည်။
"အာ ဟို...
ကျွန်တော် မနေ့က ကိစ္စအတွက်တောင်းပန်ချင်လို့ပါ....
ကျွန်တော်တကယ်ေတာင်းပန်ပါတယ်""အာ အဲ့တာလား
ရပါတယ် မင်းလည်းမသိလို့လုပ်မိတာပဲ
ဒါပေမဲ့ နောက်တစ်ခါတော့ ဘယ်သူ့စာအုပ်ကိုမှအဲ့လိုမလုပ်စေချင်ဘူး
ဆေးကျောင်းသားတစ်ယောက်အတွက်
အရေးကြီးဆုံးက သူ့ရဲ့ noteစာအုပ် ဆုိတာ
မင်းလည်းဆေးကျောင်းသားတစ်ယောက်ဖြစ်လို့
သိမယ်ထင်တယ်""ဟုတ်ကဲ့
ကျွန်တော်နောက်မလုပ်မိအောင်သတိထားပါ့မယ်""ဟုတ်ပါပြီ
ဒါဆို စီနီယာတို့သွားတော့မယ်နော်
အတန်းရှိလို့"ဆယ်ဟွန်းခေါင်းသာ ငြိမ့်ပြပြီး ထိုနေရာတွင်သာ ရပ်နေမိသည်။
လူ့အပေအတေ၊လူဆိုးလူမိုက်ဟု နာမည်ကြီးသော အိုဆယ်ဟွန်းက ဒီစီနီယာ့ရှေ့ရောက်မှ ဘာလို့ရိုကျိုးမိသွားမှန်းကိုမသိတော့ဘူး။
မနေ့က ကန်တင်းမှာ ရန်လာစသောကောင်တစ်ကောင်ကြောင့် စိတ်တိုပြီး နီးရာစာအုပ်ကို ရေကန်ထဲပစ်ချပြီး စာပွဲပေါ်ကရှိသမျှ စာအုပ်တွေမှောက်ချပစ်လိုက်မိသည် ။
ရန်လာစသော ကောင်ကို ဆွဲထိုးပစ်ချင်ပေမဲ့ 'နောက်တစ်ခါရန်ထပ်ဖြစ်ရင် မိဘခေါ်ပြီး ခံဝန်လက်မှတ်ထိုးခိုင်းမည်' ဟူသော ပါမောက္ခစကားကြောင့် နီးရာစာအုပ်တွေကိုသာ ထိုကဲ့သို့လုပ်ခဲ့မိခြင်းဖြစ်သည်။