ဂျွန်မြောင် အိုဆယ်ဟွန်းဆိုတဲ့ လူဆိုးကောင်ကို သွားမတွေ့ဖြစ်အောင် ကြိုးစားနေသည်မှာ တစ်ပတ်ပင်ကျော်နေပြီဖြစ်သည်။
စိတ်ကတော့ အမြဲတမ်းထိုကောင်လေး အဆင်မှပြေရဲ့လားဆိုပြီး တွေးပူနေတတ်ပေမဲ့ လူကိုတော့ ဘယ်တော့မှ သွားတွေ့မည်မဟုတ်။
ထိုလူဆိုးကောင်က သူ့ကို ဒဏ်ရာတွေကောင်းကောင်းပေးတတ်သည်။
ဒီကြားထဲရက်တွေမှာ ကန်တင်းမှာ တခါတလေ တွေ့ဖြစ်သော်လည်း သူကသာလိုက်ကြည့်မိနေတာ အိုဆယ်ဟွန်းက သူ့ကို တစ်ချက်တောင်လှည့်မကြည့်။
အိုဆယ်ဟွန်းက သူ့ကိုသဘောမကျလို့များလားဟု တွေးမိတော့လည်း ဝမ်းနည်းရပြန်သည်။
ကိုယ်ကတော့ သူ့အကြောင်းတွေနားထောင်ပြီး သူ့ကိုနှစ်သိမ့်ပေးချင်သည်။သူ့အနားမှာရှိပေးချင်မိသည်။
တစ်ပတ်လုံး အိုဆယ်ဟွန်းအကြောင်းတွေးမိနေတာနဲ့ စာလဲကောင်းကောင်းမလုပ်နိုင်။ယနေ့ဖြေသော စာမေးပွဲကိုလဲ သူသိပ်ကောင်းကောင်းမဖြေနိုင်ပါ။
အမှတ်စာရင်းထွက်ရင် ပါမောက္ခမင် ကနားပူအောင်ဆူတော့မှာမြင်ယောင်သေး။
ကျောင်းဆင်းတော့ ခါတိုင်းလိုကားဖြင့်ပြန်ရအောင်လဲ သူ့ကားကပျက်နေလို့ ပြင်ဆိုင်ပို့ထားရသောကြောင့် ဘတ်စ်ကားစီးပြီးသာပြန်ရမည်ဖြစ်သည်။
ကျောင်းပြင်သို့ လမ်းလျှောက်လာတော့ ကျောင်းပြင်တောင်မရောက်ခင်မှာ မနက်ကလွဲစီးမိလာသော ဖိနပ်အဟောင်းလေးက ကြိုးပျက်သွားလေသည်။
ဂျွန်မြောင်ကံတရားကိုသာ အပြစ်တင်လိုက်သည်။
"အဆင်ပြေတာ တစ်ခုမှကိုမရှိပါလား..."
ကိုယ့်ဘာသာကို စိတ်ပျက်စွာငြီးငြူမိတော့သည်။
ဖိနပ်ပျက်ကိုကိုင်ကာ လမ်းလျှောက်ရန်ပြင်လိုက်တော့ သူ့ရှေ့သို့အုပ်မိုးစွာရပ်လာသော လူတစ်ယောက်...
မော့ကြည့်မိတော့...
ဟိုလူဆိုးကောင် အိုဆယ်ဟွန်း...
သူသိပ်တွေ့ချင်၊မြင်ချင်နေသော အိုဆယ်ဟွန်း...
"ဖိနပ်ပျက်သွားတာလား