ကားမောင်းလာသော တစ်လျှောက်လုံး ဆယ်ဟွန်းက ကားမှန်ဘေးကိုသာ ကြည့်ပြီး တိတ်ဆိတ်စွာလိုက်လာတယ်။
သူ့ကားလေး သူတို့ခြံထဲဝင်ရပ်လိုက်မှ ထိုကောင်လေးက အံ့ဩစွာနဲ့ သူ့အိမ်ကိုငေးကြည့်နေတယ်။
"အိမ်ထဲဝင်ရအောင် ဆယ်ဟွန်း"
သူ့အသံကြားမှ ထိုကောင်လေးက သတိဝင်ပြီး သူ့ဆီလှည့်ကြည့်လာတယ်။
"ကျွန်တော်လိုက်လာတာ ခင်ဗျားမိဘတွေကြိုက်ပါ့မလား..."
အိုး ကိုယ်ကသူ့ကို အိမ်ထိတောင်ခေါ်လာပြီပဲ သူကဘာတွေ စိုးရိမ်နေတာလဲ။
"စိတ်မပူပါနဲ့ ဆယ်ဟွန်း
Hyung အိုမားက အလုပ်ကိစ္စနဲ့ နိုင်ငံခြားခရီးသွားနေတယ်...
အာပါးကတော့ Hyungငယ်ငယ်ကပဲဆုံးသွားတယ်..."အာပါးဆုံးသွားကြောင်းပြောလိုက်တော့ အားနာသောမျက်ဝန်းတွေနဲ့ လှည့်ကြည့်လာတယ်။
ကိုယ်ကနေသားကျနေပြီဖြစ်ကြောင်းပြောပြကာ အိမ်ထဲဝင်လာခိုင်းလိုက်တယ်။
"စီနီယာ့အိမ်က အကြီးကြီးပဲနော်
စီနီယာတို့က ချမ်းသာတာပဲ""အင်း
Hyung အာပါးထားခဲ့တဲ့အမွေတွေလေ...
ပြီးတော့ Hyung အိုမားကလည်း စီးပွားရှာတတ်တယ်""အော်"
အော် ဟုပြောကာ သူ့အိမ်အတွင်းပိုင်းတွေကို ပတ်ကြည့်နေတဲ့ ဆယ်ဟွန်းကို သူတိတ်ဆိတ်စွာကြည့်နေမိတယ်။
ကိုယ့်ကိစ္စကလွဲရင် ဘယ်သူ့အကြောင်းမှ စိတ်မဝင်စားတတ်တဲ့ဂျွန်မြောင်က ဒီကောင်လေးအကြောင်းတွေကိုတော့ သိချင်နေပြန်တယ်။
ဆယ်ဟွန်းရဲ့ ဂျစ်ကန်ကန် ပုံစံက သူမေးလျှင်ပြန်ဖြေမည့်ပုံ မပေါ်မှန်းသိေသာ်လည်းမေးကြည့်ချင်မိတယ်။
ရေတစ်ခွက် ရေဘူးထဲက ငှဲ့ပြီး ဆယ်ဟွန်းထိုင်နေတဲ့ ဆိုဖာဆီ လျှောက်လာလိုက်တယ် ။
သူကမ်းပေးတဲ့ရေကို ယူပြီး ဆယ်ဟွန်းက အနည်းငယ်သောက်ပြီး စားပွဲပေါ်ပြန်တင်ထားတယ်။
"ဆယ်ဟွန်း
မင်းမိဘတွေကရော ဘယ်လိုပုံစံမျိုးလဲ"တိတ်ဆိတ်မှုကို သူကပဲဖြိုခွင်းကာ မေးလိုက်တော့ မျက်ခုံးထူထူတို့က တွန့်ကျုံ့သွားသည်။