#1

539 73 9
                                    

မြေစာပင်

𖥻 ִ ۫ ּ ִ ۫ ˑ ֗ ִ ˑ ּ 𖥔 𓄼 ࣪⠀ ִ ۫ ּ ֗ ִ ۪ ⊹ ˑ

" ဂျောင်ဝန်းရယ် မင်းပြောပေးရင် သမ္မတကြီးက လက်ခံတယ်လေကွာ.. နော် "

တိတ်ဆိတ်နေတဲ့ အခန်းကျယ်ကျယ်တစ်ခုမှာ ကျယ်လောင်စွာ ထွက်ပေါ်နေတာဆိုလို့ ဟီဆွန်းရဲ့ အသံတစ်ခုသာရှိတယ်။ စိတ်ရှုပ်မှုတွေ အတိပြီးနေတဲ့ အသံနဲ့အတူ ရင်ဘတ်ထိဆွဲချထားတဲ့ နက်ကတိုင်နဲ့ ဖြုတ်ထားတဲ့အပေါ်ဆုံး ကြယ်သီးအရ ဘယ်လောက်တောင်မှ စိတ်ဖိစီး ခံပြင်းနေလဲ ဆိုတာ သိသာစေနိုင်တဲ့အထိပဲ။ သူက ငါးပေခန့်ရှည်တဲ့ ကြွေသားမျက်နှာပြင်စားပွဲပေါ်မှာ သူ့ရဲ့လက်တွေကို ထောက်ထားပြီး ရှေ့က ငြိမ်သက်နေတဲ့လူဆီ သူ့ရဲ့ တောင်းဆိုချက်တွေကို လက်ခံပေးဖို့ တိုက်တွန်းနေရှာတယ်။

" ကူညီပါကွာ ၊ မင်းလည်း ကိုယ့်လိုခံစားရမှာပဲ ဟုတ်တယ်မလား "

" စဉ်းစားကြည့်ပါအုံး ၊ အမြဲ ညီအစ်ကိုလိုနေလာခဲ့ကြတာကို ဘယ်လိုလို့ ကိုယ်က မင်းကို လက်ထပ်နိုင်မှာလဲ "

ဂျောင်ဝန်းက စားပွဲဖြူဖြူပေါ်က တစ်ချက်လေးတောင် ထိထားပုံမပေါ်တဲ့ အမဲသားကင် ပန်းကန်ကို ငေးစိုက်ကြည့်နေတယ်။ ပန်းကန်ပြားရဲ့ တစ်ဖက်တစ်ချက်မှာ ချထားတဲ့ ဓားနဲ့ ခက်ရင်းက ငွေရောင်ပြောင်လက်နေပြီး ကြည်တောက်နေမှုက မတ်တပ်ရပ်နေတဲ့ ဟီဆွန်းရဲ့ အရိပ်ကိုတောင်မှ မြင်နိုင်တယ်။ ဂျောင်ဝန်းက ဓားမှာအရိပ်ထင်နေတဲ့ ဟီဆွန်းရဲ့ ဇောက်ထိုးပုံရိပ် သေးသေးလေးထဲ အသေအချာကြည့်နေရင်းကမှ အသက်ကို ဖြည်းဖြည်းချင်းရှူနေတယ်။ တကယ်ကိုမှ မလှုပ်မရှက်နဲ့ အသေကောင် တစ်ကောင်လိုမျိုး။

" ဒီလက်ထပ်ပွဲကို ဘာနေနေ ငြင်းကြရအောင်ကွာ... နော် "

အစောပိုင်းမှာ စားပွဲအဖြူရဲ့ တစ်ဖက်ဆီကို လက်ထောက်ထားခဲ့တဲ့ ဟီဆွန်းက အခု ဂျောင်ဝန်းရဲ့ ဘေးမှာ ခါးကိုင်းထားပြီးတော့ သူ့ရဲ့လက်တွေကိုတော့ မမှိတ်မသုန်ရှိနေတဲ့ ဂျောင်ဝန်းရဲ့ ပုခုံးတွေဆီ ဆုပ်ကိုင်ထားတယ်။ ဂျောင်ဝန်းကလည်း တကယ်ကိုမှ အားမလိုအားမရနိုင်ဖွယ် တစ်ဖက်သားက ခါးခါးသီးသီး ဖြစ်နေတာတောင်မှ သူက ငြိမ်သက်နေဆဲ။

Documentary [ heewon ]Where stories live. Discover now