#3

262 43 4
                                    

မိုးရေ မျက်နှာဖုံး

𖥻 ִ ۫ ּ ִ ۫ ˑ ֗ ִ ˑ ּ 𖥔 𓄼 ࣪⠀ ִ ۫ ּ ֗ ִ ۪ ⊹ ˑ

" ဟီဆွန်းက အရင်အတိုင်းပဲနော်"

လက်တစ်ဖက်မှာ ပေကြိုးကို ကိုင်ထားရင်း တစ်ဖက်က မှတ်စုစာအုပ်ပေါ်မှာ မှတ်နေတဲ့ အမျိုးသမီးက နွေးနွေးထွေးထွေး ပြောလာတော့ ဟီဆွန်း လှည့်ကြည့်မိတယ်။ သူဘာကို ပြောချင်တာလဲဆိုတဲ့ နားမလည်နိုင်တဲ့ အကြည့်မျိုးနဲ့။

" ခင်ဗျာ? "

ပေကြိုးကို ပြန်ယူလိုက်ပြီး ပုခုံးအစကနေ စမှတ်ကိုဖိရင်း တစ်ဖက်ပုခုံးအဆုံးကို တိုင်းတာနေတဲ့ အမျိုးသမီးဟာ ခပ်ဖွဖွရယ်လာတယ်။ ငွေလင်ပန်းကို သယ်ဆောင်လာတဲ့ ခပ်ငယ်ငယ် အမျိုးသမီးဟာ ယင်နဲ့ယန်လို ဆန့်ကျင်ဘက် ဆန်တဲ့ အဖြူနဲ့ အနက်ရောင် အိမ်တော်ထိန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံချည်တစ်မျှင်မျှ မကျအောင် ဆံထုံးကို သေချာထုံးဖွဲ့လို့ထားတယ်။ ထို အမျိုးသမီးက သူတို့အနားဆီကို ခပ်ဖွဖွ လျှောက်လာပြီး ကနုတ်ပုံစံထွင်းထားတဲ့ ကြွေကရားကို ငွေလင်ပန်းထဲကနေ ချလိုက်တယ်။

" ကိုယ်တိုင်းပြောပါတယ် ၊ ဟီဆွန်းကတော့ အရင်အတိုင်းပဲ မပြောင်းဘူးလို့ ၊ ဂျောင်ဝန်းကတော့ တော်တော်လေး ပိန်ကျသွားလို့ ကိုယ်တိုင်း ပြန်တိုင်းတုန်းက အတော်လေးစိတ်ဒုက္ခရောက်ခဲ့တာလေ "

ဟီဆွန်းက အပြုံးမမည်တဲ့ အို့တို့အန်းတန်း အပြုံးမျိုး ပြုံးရင်း လက်စ ကိုတိုင်းဖို့ လက်ကို ခပ်ဖွဖွ ချပေးလိုက်တယ်။ အမျိုးသမီးဖြစ်သူက ပုခုံးရင်းမှာ ပေကြိုးကို ဖိထားလိုက်ပြီး လက်ကောက်ဝတ်နားက အရိုးဖုလေးထိ ပေကြိုးကို ဖြည်ချပြီးတာနဲ့ ကိုယ်ကိုကိုင်းလို့ တိုင်းတာလိုက်တယ်။ အဲ့နောက်မှာတော့ သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ ထပ်မံရေးမှတ်လိုက်ပြန်တယ်။

" သူ့အဖေတစ်ခွန်းကို မလွန်ဆန်ဖူးတဲ့သူက လက်မထပ်ချင်ပါဘူးဆိုပြီး အစာငတ်ခံ ဆန္ဒပြရှာတယ်လေ။ သူ့အဖေက ဘူးဆို ဖရုံမသီးတာ သိသားနဲ့ ၊ နောက်တော့လည်း သူပဲအလျှော့ပေးလိုက်ရတာပါပဲ "

ဟီဆွန်းဟာ အသက်ကို ခပ်မျှင်းမျှင်း ရှူသွင်းလိုက်ပြီးနောက်မှာ အသက်အောင့်ထားမိလိုက်တယ်။ အရာရာဟာ ခပ်တင်းကျပ်ကျပ်။ မွန်းကြပ်မှုဟာ ချည်သားရေစည်း ခြေအိတ်ဖြူကြောင့်များလား ၊ လျော့ရဲရဲမပတ်ထားတဲ့ သားရေခါးပတ် ကြောင့်များလား ၊ လက်ကောက်ဝတ်မှာ အတိဖြစ်နေအောင် ပတ်ထားတဲ့ ကျောက်တန်းစီ နာရီကြောင့်များလား ၊ ဒါမှမဟုတ် အထင်လွဲအပြစ်တင်မိတဲ့ အားနာစိတ်ကြောင့်များလား။ နိုင်ငံ့သမ္မတသားဆိုတဲ့ ဂုဏ်ပုဒ်တွေ ကြားမှာ နှောင်အထပ်ထပ်နဲ့ စည်းနှောင် ခံထားရပြီး ရုန်းမရ ပြုမရ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးလို ဘဝမျိုးဆိုတဲ့ ခံစားချက်က သူ့ရဲ့ အဆုတ်ကိုများ ရိုက်ခတ်စေသလား။ စက္ကန့်ပိုင်းအတွင်းမှာ ခံစားချက်တွေဟာ ပွေလို့လီလို့။ ခေတ္တမျှ အသက်ရှုတန့်ရပ်ခြင်းဟာ သူ့ နှာတွင်းတစ်နေရာနဲ့ အတူ ရင်ဝကို အောင့်မျက်လို့လာစေတယ်။ သူသက်ပြင်းကို ခပ်ပြင်းပြင်း ချလိုက်တဲ့အခါ လက်ကောက်ဝတ်ရဲ့ ထိပ်ဝ အကျယ်ထိ တိုင်းတာလို့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်တယ်။ ဂျောင်ဝန်းရဲ့ အမေဖြစ်သူ ဒီဇိုင်နာ အမျိုးသမီး ဂင်မ်က သူ့ သက်ပြင်းသံတွေကို ဖမ်းမိလိုက်တဲ့အလား မျက်စိလှန်ကြည့်လာတယ်။ အဲ့နောက်မှာတော့ ခပ်ဖွဖွ လေး ပြုံးလို့ သူ့ရဲ့ ပေကြိုးနဲ့ မှတ်စုစာအုပ်ကို စားပွဲထပ်မှာ သေသပ်သပ် ထပ်လိုက်ပြီ ဖြစ်တယ်။

You've reached the end of published parts.

⏰ Last updated: Jul 08 ⏰

Add this story to your Library to get notified about new parts!

Documentary [ heewon ]Where stories live. Discover now