အတိတ်ဖြစ်ကျန်ခဲ့သောအမှတ်တရများ

686 38 0
                                    


အရာအားလုံးကပြောင်းလည်းနေသည်။တနေ့ပီးတနေ့ တရက်ပီးတရက် အချိန်တွေက အကုန်မြန်လာခဲ့သည်။ ဘာလိုလို အချိန်ခဏလေးအတွင်း ငါးတန်းဆိုသော စာသင်နှစ်ကြီး ပြီးဆုံးတော့မည် ။

စကားတွေများကြတယ် ။ စကြနောက်ကြရီရမောရရင်းနောက်တနှစ်ထက်ကြီးပြင်းလာကြပီဖြစ်သည် ။ စာသင်ချိန်တွေဆို အိပ်ငိုက်တတ်တဲ့မင်းခတ်ရိုင်းက တီချယ်နုချိန်ဆို ခေါင်းနဲ့ခုံနဲ့မကြာမဏမိတ်ဆက်တတ်သလို တီချယ်နုကလည်း တွေရာနဲ့ကောက်ပေါက်ရမြဲ ။ စာဘယ်လောက်ရရ စာမေးခံရမှာကြောက်သော ထွန်းတောက်နိုင်သည် ယောကျာ်းကြီးတန်မဲ့ စာမေးခံနီးဆို ဖိနပ်ကလေးမှောက်ထားတတ်သည်။ ဘုရားတရား ပါးစပ်ကမချအောင်ရွတ်ပီး တကယ်တန်းစာမေးရင် နတ်ပူးသလို ဒွန့်ပီးဖြေနိုင်တဲ့ကောင် ။ စာမေးလည်း ခပ်တည်တည် မျက်နှာဘေးနဲ့ စိုးမိုးလွန်းနဲ့ မင်းခေတ်ရိုင်း ကတော့တကယ်တန်းစာမေးရင် နွားကြီးမြက်ဝါးသလို အားအားနဲ့တတ်မလာတော့။

လွန်းမေငယ်ရဲ့ဆံပင်ကောက်ကောက်လေးတွေရှည်လာတုန်းက နိုင်သွေးစစ်တယောက် အလုပ်များခဲ့ရသေးသည်။ ဘီး တွေမှန်တွေ ခေါင်းစည်းကွင်းလေးတွေ သယ်လာရတာနဲ့ ။ ဆရာမလစ်တာနဲ့ ဆံပင်ကို အလွတ်မပေး တမျိုးပီးတမျိုးကလိတော့သည်။ လွန်းမေငယ်က ဘာမှမဆို ငြိမ်ခံပေးသော်လည်း စိုးမိုးလွန်းနဲ့မကြာခဏပြသာနာတတ်ရသည် ။

( နင်အဲ့လောက်စည်းရင်နာကုန်မှပေါ့ )

( နင်ငြိမ်ငြိမ်နေပါလား ဘာလို့လိုက်ကလိနေတာလည်း )

( နင်ဆံပင်နင်လုပ်ပါလား )

( ဟာ ဟာ တအားတင်းတင်းမစည်းနဲ့လေ )

ထိုပြသာနာသည် လွန်းမေငယ်၏အမေ ဆံပင်သွားပြန်ညှပ်ပေးလိုက်မှ ငြိမ်းချမ်းသွားရသည် ။ ထိုအစား နိုင်သွေးစစ်က လွယ်အိတ်ထဲပါလာသော ဘီးတွေကလစ်တွေအလကား မဖြစ်ရအောင်ဆိုပီး သူ့ကိုပြန်ပြင်ပေးခိုင်းသည် ။ နိုင်သွေးစစ်သည် တကယ်ကိုချောတဲ့ကောင်မလေးပင် ။
မျက်ခုံးနက်နက်လေးရယ် နှာတန်းစင်းစင်းနဲ့ နှုတ်ခမ်းပါးပါးလေးက တကယ်ကိုဆွဲဆောင်မှုရှိသည့် အစိတ်အပိုင်းပင် ။ မပြင်မဆင်နဲ့နေတတ်သော ကောင်မလေးက ဆံပင်လေးတွေ သိမ်းစည်းလိုက်တဲ့ခါ မျက်နှာရှင်းရှင်းလေးထွက်ပေါ်လာသည် ။

ချစ်ခြင်းမေတ္တာအားဤအရပ်တွင် တွေ့ရှိနိုင်သည်Where stories live. Discover now