Chapter1 [Unicode]

220 11 3
                                    

December 2, 2022

နှင်းတွေတူထပ်စွာကျနေတဲ့လမ်းမထက်မှာ ပုံမှန်အရှိန်ဖြင့်မောင်းနှင်လာတဲ့ကားတစ်စီး...။

"ကျွီ~~~~~"

"ဗုန်းးးးးးးးးးး"

ကားရှေ့မှရုတ်တရက်ပေါ်လာသောအရာတစ်ခုကြောင့် ဘရိတ်အုပ်လိုက်ရလေသည်။
ကားရှေ့မှာ လူတစ်ယောက်လဲကျသွားတာတွေ့၍ ကားပေါ်မှပြေးဆင်းလာလေသည်။

"ဒီမှာ...ဘာဖြစ်သွားသေးလဲမသိဘူး အဆင်ပြေရဲ့လား"

လန့်သွားသူမှာ ကားပေါ်ကဆင်းလာသူအား တစ်ချက်ပြန်ကြည့်၍ သတိမေ့သွားလေသည်။ ကားနဲ့မတိုက်မိပေမဲ့လို့ ရုတ်တရက်လန့်ပြီး သတိမေ့သွားပုံပေါ်တာကြောင့် အိမ်ကိုသာခေါ်ခဲ့လိုက်တော့သည်...။

အိမ်တံခါးဖွင့်ပြီးမေ့လဲသွားသူအား ဧည့်ခန်းရှိဆိုဖာပေါ်တွင် ချထားလိုက်ပြီး ထမင်းစားဆောင်ထဲသို့ဝင်လာလိုက်လေသည်...။ ထို့နောက်ရေတစ်ခွက်ယူလာ၍ သတိမေ့နေသူဆီသို့သွားလိုက်သည်။

ဂျယ်ယွန်းတစ်ယောက် ဆိုဖာပေါ်တွင် သတိမရသေးသောကောင်လေးအား သေချာလေ့လာနေတော့သည်။

အသားရည်မှာ နို့နှစ်ရောင်ကဲ့သို့ဖြူဖွေးလှပြီး နှာတံပေါ်ရှိ မှဲ့လေးနဲ့ဆွဲဆောင်မှုရှိနေသည်မို့ ဂျယ်ယွန်းတစ်ယောက်သဘောကျစွာပြုံးမိလိုက်လေသည်။

မျက်ခွံလေးမှာလှုပ်စပြုလာပြီဖြစ်၍ ဂျယ်ယွန်းအရှေ့ကဆိုဖာပေါ်တွင်ထိုင်လိုက်သည်။

မျက်လုံးအသာလေးဖွင့်လိုက်ကာ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေတဲ့ ကောင်လေးကအလွန်ပင်ချစ်စရာကောင်းလှလေသည်။

ဂျယ်ယွန်းကိုတွေ့သွား၍မျက်တောင်လေးခတ်ကအငြိမ်မနေကြောင်ကြည့်နေလေသည်။

"အာ...မင်းငါ့ကားနဲ့တိုက်မလိုဖြစ်ပြီး သတိမေ့သွားလို့ ဘယ်ခေါ်ရမလဲမသိတာနဲ့ ငါ့အိမ်ခေါ်လာလိုက်တာ"

"...."

"ဂျယ်ယွန်း...ငါ့နာမည်က ရှင်းမ်ဂျယ်ယွန်းပါ"

"....."

များကြီးလန့်သွားလို့ထင်တယ် ဘာမှပြန်မပြောဘဲ မျက်တောင်ပဲခတ်ပြီးကြည့်နေလေသည်။ဗိုက်ထဲမှ ဆူညံသံတွေထွက်လာတာကြောင့် ဂျယ်ယွန်းတစ်ယောက်ရယ်လေသည်။ ဗိုက်ဆာနေတာလား ခဏစောင့်နော် ရာမြောင်လုပ်ပေးမယ်ဟု ပြောကာ ထလိုက်စဉ် ...

If only I had the right to own it Where stories live. Discover now