အဆင်ပြေရဲ့လား ကလေးငယ် .........
အရာရာ ပြိုလဲချင်စရာကောင်းတဲ့ နေ့ရက်တွေကို ကလေးငယ်ရဲ့ အပြုံးနဲ့ အားတင်းထားပေမဲ့
ဒီနေ့တော့ ကလေးငယ်မပါတဲ့ MV ကြောင့်
စိတ်က ပိုပြီးပြိုလဲချင်မိနေတယ်။Fan တွေ စိတ်မကောင်းဖြစ်မှာ သိနေတဲ့ အလား selfie ပုံ လာတင်ပေးသွားတဲ့ ကလေးငယ်ဟာ ကိုယ်တိုင်ကော အဆင်ပြေပါရဲ့လား ။
ကလေးငယ်ကို ချစ်သလို ကလေးငယ်ရဲ့ အစ်ကိုတွေ ညီတွေကိုလည်း ချစ်တာမလို့ MV လေးကို ကြည့်ဖြစ်ပါတယ် ကလေးငယ် ။
ဒီအတွက် ကလေးငယ်က နားလည်ခြင်းအပြည့်နဲ့
ပြုံးနေမယ်ဆိုတာလည်း သေချာသိပါတယ် ။ကိုယ်တိုင်အဆင်ပြေမနေပေမဲ့
ကလေးငယ်ကိုတော့ဖြင့် ပျော်နေတာပဲ
မြင်မိချင်တာက ကလေးငယ်နဲ့ ပတ်သက်လာရင် တားမရတဲ့ ကိုယ်ရဲ့လောဘတစ်ခုပါပဲ ။အမြဲအားအင်လေးဖြစ်ပေးတဲ့ ကလေးငယ်အတွက် ဒီလိုအချိန်မှာ ပြန်ပြီးခွန်အားလေး ဖြစ်ချင်မိပါတယ် ။ ကလေးငယ် မသိပေမဲ့ အဝေးတစ်နေရာက တစ်စုံတစ်ယောက်ဟာ ကိုယ်တိုင်အတွက်တောင် မေ့ထားတဲ့ ဆုတောင်းတွေကို ကလေးငယ်ရဲ့ ပျော်ရွှင်မှုအတွက် စိတ်ရင်းအမှန်နဲ့ နက်နက်နဲနဲ
တောင်းဆုပြုပေးနေတာပါ ။ပျော်ရွှင်မှုတွေဟာ ကလေးငယ်ဆီပဲ ဆိုက်ရောက်ပါစေ ......... ✨
🧿🧿🧿
20221025
I will never forget this day Belift 🙂
YOU ARE READING
For My little world 🌍
RandomSunoo လေးအတွက်နဲ့ တခြားသီးသန့် ခံစားချက်လေးတွေပဲ ရေးတာမလို့ မဖတ်ပဲ ကျော်သွားလို့လည်း ဖြစ်ပါတယ် 😔